ပြန်လည်ပြင်ဆင်ချက်

 

စဉ် သဘောထားမှတ်ချက် ပြန်လည်ဖြည့်စွက်ထည့်သွင်းချက်အကျဉ်း မှတ်ချက်
(၁) အကျဉ်းချုပ်အစီရင်ခံစာ
အထူးသဘောထားမှတ်ချက်ပေးရန် မရှိပါ။
(၂) စီမံကိန်းအကြောင်းအရာဖော်ပြချက်
စီမံကိန်းအကြောင်းအရာဖော်ပြချက်တွင် အောက်ပါအချက်များအား ထပ်မံဖြည့်စွက်ဖော်ပြရန်-
လုပ်ကွက်နှင့်ထိစပ်နယ်နမိတ်များ၊ လုပ်ကွက်အနီးတွင် တည်ရှိသောထင်ရှားသည့် မြစ်ချောင်း အင်းအိုင်များ/ စေတီပုထိုးများ/ သမိုင်းဝင်နေရာများ(ရှိပါက)နှင့် အနီး ဆုံးကျေးရွာများ၏ အမည်နှင့် အကွာအဝေးတို့အား ထည့်သွင်းဖော်ပြရန်၊
သုံးစွဲသည့် ဓာတုကုန်ကြမ်းပစ္စည်းများတွင် ယမ်းနှင့် ဆက်စပ်ပစ္စည်းများသာမက အခြားအသုံးပြုသည့် ဓာတုပစ္စည်းများ (ဥပမာ-ပြဒါး၊ အင်ဂျင်ဝိုင်စသည့်) ရှိပါကအသုံးပြုသည့် ပမာဏနှင့်တကွ်ထည့်သွင်းဖော်ပြရန်၊
စီမံကိန်းလုပ်ကွက်အတွင်း၌ ရေဦးရေထွက် ပေါက်များ၊ စိမ့်စမ်းများနှင့် မြစ်ချောင်း/အင်းအိုင်များ ရှိပါကထည့် သွင်းဖော်ပြရန်၊
လောင်စာဆီများအား သိုလှောင်ထားရှိသည့် စနစ်ကို ဖောြ်ပရန်။
လုပ်ကွက်အနီးတွင် ဧရာဝတီမြစ်ဟောင်းသည် မြစ်ကျိုးအင်းအဖြစ် တည်ရှိနေကြောင်း တွေ့ရှိရပြီး အရှေ့ဘက်မာလဲတောင်ခြေတွင် ဆည် မြောင်းဦးစီးဌာနမှ တည်ဆောက်ထားသော မာလဲနတ်တောင် ရေထိန်း ဆည်တည်ရှိပါသည်။စီမံကိန်းလုပ်ကွက်နှင့် အနီးဆုံးတွင် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သော ကျောက်အိုးချောင်းသည် လုပ်ကွက်နှင့် (၃)မိုင်ခန့်၊ ရွာသစ်ချောင်းသည် (၅)မိုင်ခန့်၊ နတ်တောင်ဆည်သည် (၁၀)မိုင်ခန့်ကွာ ဝေးပါသည်။ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများမရှိပါ။ စီမံကိန်း ဧရိယာသည် ကန်တောင်ရွာနှင့် (၁)မိုင်ခန့်၊ ကျည်တောက်ပေါက်၊ ငါးပြား ပေးရွာနှင့် (၃)မိုင်ခန့်၊ ရှောက်ပင်ရိုးရွာနှင့် (၇)မိုင် ခန့်ကွာဝေးပါသည်။
ထွက်ရှိလာမည့် ရွှေပါဖြုန်းများအား ရွှေသတ္တုသန့်စင်ထုတ်လုပ်ခြင်းကို အောင်ထွန်းလင်းရှိန်ဝင်း ကုမ္ပဏီ၊ SGU(208) ရွှေသတ္တုသန့်စင်စက်ရုံ တွင်ဆောင်ရွက်မည်ဖြစ်သဖြင့် ဓာတုပစ္စည်းသုံးစွဲရန်မရှိပါ၊ ပြဒါးသုံးစွဲခြင်း လည်းမရှိပါ။ အင်ဂျင်ဝိုင်လိုအပ်ချက်မှာ (၅၀)ဂါလန်ခန့်သာရှိသဖြင့် ကျည်တောက်ပေါက်ရွာတွင်းမှ ၀ယ်ယူသုံးစွဲပါမည်။
စီမံကိန်းလုပ်ကွက်အတွင်း၌ ရေဦးရေထွက်ပေါက်များ စိမ့်စမ်းများနှင့် မြစ်ချောင်း/အင်းအိုင်များ မရှိပါ။လောင်စာဆီများအား ပမာဏများစွာ သီးခြားသိုလှောင်ထားခြင်း မပြုပါ။
ကျည်တောက်ပေါက်ရွာတွင်ရှိသော ဆီပန့်ဆိုင်များမှ လိုအပ်သလို ၀ယ်ယူ အသုံးပြုနိုင်ပါသည်။
(၃) မြေပုံနှင့် ကားချပ်များ
အထူးသဘောထားမှတ်ချက်ပေးရန် မရှိပါ။
(၄) ကတိကဝတ်
ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေး ဆောင်ရွက် မည့် လုပ်ငန်းများဆိုင်ရာ ကတိကဝတ် အကျဉ်းချုပ် တွင်“ထိခိုက်နိုင်မှုများနှင့် လျော့ပါးစေရေးဆောင်ရွက် မည့်အစီအစဉ်များ” ခေါင်းစဉ်၌ ထပ်မံဖြည့်စွက်ရန် အတွက် သုံးသပ်အကြံပြုထားသည့် ထပ်တိုးအချက် များကို ဖြည့်စွက်ဖော်ပြရန်။ ထပ်မံဖြည့်စွက်ရန်အတွက် သုံးသပ်အကြံပြုထားသည့် ထပ်တိုးအချက် များကို ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးဆောင်ရွက်မည့် လုပ်ငန်း များဆိုင်ရာ ကတိကဝတ် အကျဉ်းချုပ်တွင် ထပ်မံဖြည့်စွက် ဖော်ပြသွား ပါမည်။
(၅) မူဝါဒ၊ ဥပဒေနှင့်မူဘောင်များ
အစီရင်ခံစာတွင် အောက်ပါဥပဒေများကို ပြင်ဆင်ဖော် ပြရန်
– သစ်တောဥပဒေ (၂၀၁၈)
– အနည်းဆုံးအခကြေးငွေဥပဒေ (၂၀၁၈)
အကျဉ်းချုပ်အစီရင်ခံစာ အပိုဒ်(၇)နှင့် အခန်း(၅)မူဝါဒဥပဒေနှင့် မူဝါဒ ခေါင်းစဉ်အောက်တွင် ဖြည့်စွက်ထားပြီးဖြစ်ပါသည်။
(၆) လက်ရှိ ပတ်ဝန်းကျင်အခြေအနေ
  လက်ရှိပတ်ဝန်းကျင်အခြေအနေအား ဖော်ပြရခြင်း၏  ရည်ရွယ်ချက်သည် စီမံကိန်းဆောင်ရွက်ခြင်းကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်များ အပေါ် သက်ရောက် မှုများကိုနှိုင်းယှဉ် လေ့လာနိုင်ရန်အတွက် အခြေပြု အချက်အလက်များ (Baseline Data)ကို စနစ်တကျ စစ်တမ်းကောက်ယူဖော်ပြခြင်းဖြစ်ပါသဖြင့် အောက်ပါ အချက်များကို ထပ်မံထည့်သွင်းဖော်ပြရန်-
မြေဆီလွှာအနေအထားကို ဖော်ပြရာတွင် လုပ်ကွက် အ တွင်းရှိ အပေါ်ယံမြေ (Top Soil)အား နမူနာကောက် ယူတိုင်းတာပြီး ရလဒ်အား ဓာတ်ခွဲခန်း အဖြေမိတ္တူနှင့် ပူးတွဲဖော်ပြရန်၊
ဆူညံသံနှင့် တုန်ခါမှုအားဖော်ပြရာတွင် ယမ်းဖောက်ခွဲ ခြင်း၊ စက်ယန္တရားများ အသုံးပြု၍လုပ်ငန်းဆောင်ရွက် ခြင်းတို့ကြောင့်ထွက်ရှိလာမည့် ဆူညံသံများကို စနစ် တကျတိုင်းတာဖော်ပြရန်နှင့် တိုင်းတာသည့် နည်းစနစ် အား ထည့်သွင်းဖော်ပြရန်၊
လေအရည်အသွေးအား ဖော်ပြရာတွင် အမှုန်အမွှား များ(PM 10နှင့် PM 2.5) ထွက်ရှိမှုနှင့် အနံ့ထွက်ရှိမှု တို့ အား တိုင်းတာဖော်ပြရန်နှင့်
တိုင်းတာသည့် နည်းစနစ် ကို ထည့်သွင်း ဖော်ပြရန်၊
မြေအောက်မိုင်းတွင်းများမှ စုပ်တင်သည့် စွန့်ပစ်ရေနှင့် အရည်အသွေးနိမ့်စွန့်ပစ် ဗြုန်းကျောက်များ၏ အရည် အသွေးအား နမူနာကောက်ယူ တိုင်းတာ၍ ဓာတ်ခွဲခန်း အဖြေမိတ္တူနှင့်တကွ ဖော်ပြရန်၊
ဆူညံသံ၊ မြေပေါ်/အောက် ရေအရည်အသွေး၊ မြေအ ရည်အသွေး၊ လေထုအရည်အသွေး၊ စွန့်ပစ်ရေတို့ကို တိုင်းတာသည့်နေရာ (လတ္တီတွဒ်၊ လောင်ဂျီကျူ အမှတ် များဖြင့်ဖော်ပြရန်)၊ ကာလ၊ အကြိမ်အရေအတွက်၊ အဆိုပါနေရာများ၌ တိုင်းတာရန် ရွေးချယ်ရသည့် အကြောင်းပြချက်များနှင့် နမူနာပစ္စည်းများ အားမည်သို့စီမံ ကောက်ယူ၍ ဓာတ်ခွဲခန်းသို့ ပေးပို့ သည် တို့ကိုထပ်မံ ဖြည့်စွက်ဖော်ပြရန်၊
ဂေဟစနစ်ဆိုင်ရာ အခြေပြု အချက်အလက်များအား ဖော်ပြရာတွင် မည်သည့်စနစ်ဖြင့် ကောက်ယူဖော်ပြ သည်ကို ထည့်သွင်း ဖော်ပြရန်။
Base Line Data များကို စနစ်တကျ စစ်တမ်းကောက်ယူ၍ အောက်ဖော်ပြ ပါအချက်အလက်များ ထပ်မံဖြည့်စွက် တင်ပြထားပါသည်-
အပေါ်ယံမြေ (Top Soil) အား ဓာတ်ခွဲစမ်းသပ်ထားသည့် အဖြေဖော်ပြ ထားပါသည်။
ဆူညံသံနှင့် တုန်ခါမှုများတိုင်းတာဖော်ပြထားပါသည်။
လေထုအရည်အသွေးအား အမှုန်အမွှားများ (PM 10 နှင့် PM 2.5)ထွက်ရှိ မှုနှင့် အန့ံထွက်ရှိမှုတို့အား တိုင်းတာဖော်ပြထားပါသည်။
မြေအောက်မိုင်းတွင်းမှ စုပ်တင်သည့် စွန့်ပစ်ရေနှင့် အရည်အသွေးနိမ့် စွန့် ပစ်ရေတို့အား နမူနာကောက်ယူတိုင်းတာ၍ ဓာတ်ခွဲခန်းအဖြေ မိတ္တူများ ဖော်ပြထားပါသည်။ဆူညံသံ၊ ရေ အရည်အသွေး၊ မြေအရည်အသွေး၊ လေထုအရည်အသွေး၊ စွန့်ပစ်ရေတို့ကို တိုင်းတာသည့် နေရာ( လတ္တီတွဒ်၊ လောင်ဂျီကျု)အမှတ် များအား ဖော်ပြထားပါသည်။
ဂေဟစနစ်ဆိုင်ရာ အခြေပြု အချက်အလက်များအားဖော်ပြရာတွင် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီး ဌာနရုံးချုပ်မှ လည်းကောင်း၊ ဦးဟုတ်လင်း (ညွှန်ကြားရေးမှူး-ငြိမ်း) သစ်တောဦးစီးဌာန၏ မြန်မာ့ငှက်များ၏ အလေ့အထများနှင့် ထူးခြားသည့် လက္ခဏာများစာအုပ်အား မှီငြမ်းကိုးကားထားပါသည်။
 (၇) ထိခိုက်နိုင်မှုများနှင့် လျော့ပါးစေရေးဆောင်ရွက်မည့် အစီအစဉ်များ
  ထိခိုက်နိုင်မှုများနှင့် လျော့ပါးစေရေးဆောင်ရွက်မည့် အစီအစဉ်များကို ဖောြ်ပရာတွင် အောက်ပါအချက်များ ကို ထည့်သွင်းဖော်ပြရန်-
မြေအောက်သတ္တုတူးဖော်ခြင်း ဖြစ်သောကြောင့် ယမ်း ဖောက်ခွဲခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေအောက် စိမ့်ထွက်ရေများကြောင့် မြေပြိုခြင်း (တွင်းဟောင်း/ တွင်းသစ်များတွင်)၊ မြေ အောက်ရေ အရည်အသွေးများ ပြောင်းလဲသွားပြီး ညစ်ညမ်းလာနိုင်ခြင်း၊ အင်းများမှ မြေအောက်ရေများ အားစုပ်ယူစွန့်ပစ်ခြင်းကြောင့် တိုက်စားခြင်း၊ နှုန်းအနည် ကျခြင်း၊ မြေပေါ်ရေအရည်အသွေး ထိခိုက်ပျက်စီးခြင်း များ ဖြစ်ပေါ်နိုင်ခြင်း၊ အရည်အသွေးနိမ့် ဗြုန်းများအား စုပုံစွန့်ပစ်ခြင်းကြောင့် ပြိုကျခြင်း၊ (ရေ၊ လေတို့နှင့် ထိတွေ့ဓာတ်ပြုခြင်းကြောင့်) ARD ဖြစ်ပေါ်ပြီး ပတ်ဝန်း ကျင်ရှိ မြေထု၊ ရေထု၊ လေထုအပေါ်ထိ ထိခိုက်နိုင်ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နိုင်သည့်အတွက် ၎င်းအခြေအနေများကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်မှု များကို လျော့ကျစေရန် စနစ်တကျ ဆောင်ရွက်ထားရှိ သည့် လုပ်ငန်းစဉ်များ၊ နည်းစနစ်များကို ဖော်ပြရန် (ဓာတ်ပုံများနှင့်တကွ)၊
စာမျက်နှာ(၆၆-၇၀)ထိတွင် ဇယားရေးဆွဲ ဖော်ပြထား သော ထိခိုက်နိုင်မှုများကို ဆန်းစစ်ခြင်း အကျဉ်းချုပ်၌ ပါရှိသည့် ဆန်းစစ်ခြင်း ရလဒ်များအား မည့်သည့်နည်း စနစ်ကို အသုံးပြု၍တွက်ချက် ဆန်းစစ်ထားသည်ကို ဖော်ပြရန်၊
စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသံနှင့် တုန်ခါမှုများ၊ အငွေ့နှင့် အမှုန်အမွှားများ၊ အနံ့၊ မြေပါ်/မြေအောက် ရေအရည် အသွေးများ၊ စွန့်ပစ်ရေ များ (အင်းများမှ စုပ်ယူစွန့်ပစ်သည့်) စသည်တို့၏ ထွက်ရှိသည့် ပမာဏကို ဖော်ပြရန်နှင့် စီမံကိန်းဆောင် ရွက်ခြင်းကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှု များအား လျှော့ချရန်အတွက် အမျိုးသား ပတ်ဝန်းကျင် ဆိုင်ရာအရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက် များ၊ အခြားလိုက်နာရမည့် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့် အညီလိုက်နာ၍ တိုင်းတာဆောင်ရွက်ပြီး မလျော့ချမီနှင့် လျော့ချပြီးအခြေအနေတို့အား စနစ် တကျ ဆန်းစစ်ဖော်ပြရန်။
မြေအောက်လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမ်းဖောက်ခွဲမှုများကို ထိန်းသိမ်းဆောင်ရွက်မည့် အစီအစဉ် မြေအောက် ရေ အရည်အသွေးစစ်ဆေးထိန်းချုပ်ခြင်း အစီအစဉ်များ၊ တိုက်စားခြင်းနှင့် အနည်ကျခြင်းနည်းပါးစေရေးအစီအစဉ်မျာကို လျော့ပါးစေရေး အစီအစဉ် ဇယားများတွင် ထည့်သွင်းဖော်ပြထားပါသည်။အရည်အသွေးနိမ့်ဖြုန်းများ ပါ၀င်ခြင်း ရှိ/မရှိကို ထုတ်လုပ်ခြင်း အဆင့်ရောက်ရှိချိန်တွင် ဓာတ်ခွဲစမ်း သပ်စစ်ဆေးပါမည်။ကျောက်ရိုင်းဖြုန်းများ စုပုံစွန့်ပစ်ခြင်းကို လုပ်ငန်းခွင် အတွင်းကျင်းဟောင်းများပြန်လည်ပိတ်ဆို့ခြင်းတွင် အသုံးပြုမည်ဖြစ်ပြီး ပိုလျှံ၍မြေပြင်ပေါ်၌ စုပုံခြင်းအား ဘေးအန္တရာယ်မရှိစေရန် စွန့်ပစ်ကျောက် စာပုံအား ဘေးအန္တရာယ်မရှိစေရန် စွန့်ပစ်ကျောက်စာပုံအား ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ပါမည်။ဒီဇိုင်းနမူနာအား ဖြည့်စွက်တင်ပြပါမည်။
ARD ဖြစ်ပွားခြင်းရှိ/မရှိသိရှိနိုင်ရန် ကျောက်ရိုင်းဖြုန်းပမာဏများလာသည့် အချိန်တွင် ဓာတ်ခွဲစမ်းသပ်၍ အက်စစ်ဓါတ်ပြုမှု မရှိပါက အခြေခံ အဆောက်အုံများတွင် အသုံးပြုခြင်း၊ ဓာတ်ပြုမှုအလားအလာ ရှိပါက ဖုံးအုပ်ထားခြင်း စသည်တို့ ဆောင်ရွက်ပါမည်။  ထိခိုက်နိုင်မှုများကို ဆန်းစစ်ခြင်းရလာဒ်များကို အဆင့်အတန်း သတ်မှတ် ချက်အား စာပိုဒ် (၇.၁၁)တွင်ရှင်းလင်းချက်နှင့် အတူဖော်ပြထားပါသည်။ နည်းစနစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၇.၁၁.၂၀၁၆) ရက်စွဲပါ စာအမှတ်၊ အီးအိုင်အေ-၂/၉(၉၃၇/၂၀၁၆)ဖြင့် ထုတ်ပြန်ထား သော သတ္တုကဏ္ဍဆိုင်ရာ စီမံကိန်းများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ပါ အချက်အလက်များအတိုင်း မှီငြမ်း အသုံးပြုရေးသားထားပါ သည်။
စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆူညံသံနှင့် တုန်ခါမှုများ လေအရည် အသွေး၊ ရေအရည်အသွေး၊ အနံ့တို့အား စီမံကိန်းပတ်လည်ဆောင်ရွက် ချိန်တွင် ထပ်မံတိုင်းတာ၍ နှိုင်းယှဉ်ဆန်းစစ်သွားပါမည်။ လက်ရှိလုပ်ငန်း ရပ်နားထားသော အခြေအနေတွင် Base Line Data များအားတိုင်းတာ ၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ နှင့် နှိုင်းယှဉ်၍ ဆန်းစစ်တင်ပြထားပါသည်။
(၈) ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ် (Emergency Response Plan)
  ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်တွင် အောက် ပါအချက်များကို ထပ်မံ ထည့်သွင်း ဖော်ပြရန်-
လုပ်သား/၀န်ထမ်းများအား ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု ရှိစေရေး တို့အတွက် လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်များနှင့် အရေးပေါ် ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် သင်တန်းများပေး မည့် အစီအစဉ်များကို ဖော်ပြရန်၊
မီးဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်အား စနစ်တကျ ပြင်ဆင်ရေးဆွဲ ဖော်ပြရန်နှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများအား ဆောင်ရွက်မည့် အစီအစဉ်များကို ဖော်ပြရန်၊
လုပ်ငန်းခွင်အတွင်းအရေးပေါ် အန္တရာယ်များကျရောက် လာပါက ဆောင်ရွက်ရန်အတွက် အရေးပေါ်အခြေ အနေ စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးအဖွဲ့အား ဖွဲ့စည်း ပြီးထိုသူတို့၏တာဝန်များကို ထည့်သွင်းဖော်ပြရန်နှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်မည့် အစီအစဉ်များကို ဖော်ပြရန်။
လုပ်သား/၀န်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးအတွက် မြေအောက်လုပ်ငန်းခွင် နေရာများ၊ အရေး ကြီးတာဝန်များမပေးအပ်မှီ စမ်းသပ်အကူကာလ(၁)လမှ (၃)လအထိ ကျွမ်းကျင်လုပ်သားများနှင့် မြေပေါ်တွင်တွဲဖက်တာဝန် ပေးအပ်လေ့ကျင့် ပေးပါသည်။ လုပ်ငန်းခွင် ရက်တိုသင်တန်းများကိုလည်းကောင်း၊ နေ့စဉ် ကြီးကြပ်ရေးမှူးများ၏ ပညာပေးသင်တန်းများကို လည်းကောင်းဆောင် ရွက်ပါသည်။ ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် သင်တန်းများပေးမည့် အစီအစဉ်များဆောင်ရွက်ပါသည်။
မြို့နယ်/ကျေးရွာ မီးသတ်တပ်ဖွဲ့ဝင်များအား ဖိတ်ခေါ်၍ ကုမ္ပဏီဝန်ထမ်း များအားမီးဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများ နှင့် ဇာတ်တိုက် လေ့ကျင့်မှု အစီအစဉ်များ ဆောင်ရွက်ပါမည်။ မီးဘေးလုံခြုံရေး စီမံချက် ကိုလည်းရေးဆွဲ ထားရှိပါမည်။
လုပ်ငန်းခွင်အတွင်း အရေးပေါ်အခြေအနေများ အရေးပေါ်အခြေအနေ များ ကျရောက်လာပါက ဆောင်ရွက်ရန် အရေးပေါ်အခြေအနေစီမံ ခန့်ခွဲ ရေး၊ကယ်ဆယ်ရေးနှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုအစီအစဉ်များ ထည့်သွင်းဖော်ပြထားပါသည်။
(၉) အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းအစီအစဉ်
  အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းအား ဆောင် ရွက်ရာတွင် ပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာခေါင်း ဆောင်နှင့် ရွာသားများသာ မကဘဲဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မီဒီယာများပါ ဖိတ်ကြား ဆောင်ရွက်ပြီး ထိုပုဂ္ဂိုလ်/အဖွဲ့ အစည်းများ၏ အကြံပြုချက်၊ လိုလားတောင်းဆိုချက် များအား ဖော်ပြရန်နှင့် အဆိုပါအကြံပြုချက်၊ လိုလား တောင်းဆိုချက်များကို မည်ကဲ့သို့ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ဖော်ပြရန်(မှတ်တမ်း၊ ဓာတ်ပုံများ နှင့် တကွ)
စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများနှင့် ထိုသို့ထိခိုက်မှုများကို လျော့ချမည့် နည်းလမ်းများအား အများပြည်သူ သိစေနိုင်ရန်အတွက် အဆိုပြု စီမံကိန်းအတွက် ရေးဆွဲထားသည့် ပတ်ဝန်း
ကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP)နှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းဆိုင်ရာ အချက်အလက်များအား ကုမ္ပဏီပိုင် Website (သို့) Online Media များတွင် အသိပေးတင်ပြ ထားရန်နှင့် တင်ပြထားသည့် Website (သို့) Online Media များ၏ လိပ်စာအပြည့် အစုံအား ထည့်သွင်းဖော်ပြရန်၊
အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းကို လုပ်ငန်း အကောင်အထည် မဖော်မီနှင့် အကောင်အထည်ဖော် ဆောင်ရွက်စဉ် ကာလများအတွင်း စဉ်ဆက်မပြတ်တဆောင်ရွက်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် ကျင်းပမည့် အကြိမ် အရေအတွက်နှင့် ဒေသခံပြည်သူတို့၏ လိုအပ် ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိကဝတ်အား ထည့်သွင်းဖော်ပြရန်။
အများပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းအား ပတ်ဝန်းကျင်ရှိ ဒေသခံ ကျေးရွာခေါင်းဆောင်များ၊ ရွာသားများနှင့်ဆောင်ရွက်သကဲ့သို့၊ စဉ့်ကူး မြို့နယ်ရှိ ဌာနဆိုင်ရာအဖွံ့အစည်းများနှင့်လည်း စဉ့်ကူးမြို့နယ်အုပ်ချုပ် ရေးမှူးရုံးတွင် လစဉ်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လေ့ရှိပါသည်။
တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများ ရွှေသတ္တုလုပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးချိန်များတွင်လည်း မီဒီယာ အဖွဲ့များ၊ CSO များပါ၀င်ပြီး ၎င်းတို့၏ အကြံပြုချက်များ၊ လိုလားတောင်း ဆိုချက်များကို မှတ်တမ်းတင်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP)နှင့် အများပြည်သူနှင့် တိုင်ပင် ဆွေးနွေးခြင်းဆိုင်ရာ အချက်အလက်များအား ကုမ္ပဏီပိုင် Website (သို့) Online Media များတွင် အသိပေးတင်ပြ ထားရန်နှင့် တင်ပြ ထားသည့် Website (သို့) Online Media များ၏ လိပ်စာအပြည့် အစုံအား ထည့်သွင်းဖော်ပြထားပါသည်။
အများပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းကို လုပ်ငန်းအကောင်အထည် မဖော်မီနှင့် အကောင်အထည်ဖော်ဆောင်ရွက်စဉ်ကာလ များအတွင်း စဉ် ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ပုံမှန်အားဖြင့် (၃)လ တစ်ကြိမ်လျာထား ဆောင်ရွက်မည်ဖြစ်ပြီး ဒေသလိုအပ်ချက်များ၊ ထူးခြား ဖြစ်စဉ်များ၊ အရေးပေါ်ကိစ္စများရှိပါက ကြားဖြတ်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ပါမည်။
(၁၀) စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားချက်
  စောင့်ကြပ်ကြည့်ရှုခြင်းအား ပတ်ဝန်းကျင် အပေါ် ထိခိုက်မှုလျော့ချမည့် လုပ်ငန်းစဉ်များနှင့် ထွက်ရှိလာ မည့်စွန့်ပစ်ပစ္စည်းများအပေါ် စောင့်ကြပ်ကြည့်ရှုမှု အစီ အစဉ်၊ အကြိမ်အရေအတွက်(မည်သည့်ကာလတွင် အကြိမ် မည်မျှပြုလုပ်မည်)၊ နေရာ၊ စောင့်ကြပ်ကြည့်ရှု မည့် Parameter များဖြင့် ဖော်ပြရန်၊
စောင့်ကြပ်ကြည့်ရှုမည့် Parameters များကိုဖော်ပြ ရာတွင် သတ္တုရိုင်းနှင့် တွင်းထွက်ပစ္စည်းများ ထုတ်လုပ် ခြင်းလုပ်ငန်းနှင့် သက်ဆိုင်သော အမျိုးသားပတ်ဝန်း ကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန် ချက်များနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများပါ သတ်မှတ် ချက်များဖြင့် နှိုင်းယှဉ်ဖော်ပြရန်၊
 အဆိုပါ စောင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်းစဉ်များအား လက်တွေ့အကောင်အထည်ဖော်၍ လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိကဝတ်အား ဖော်ပြရန
စာင့်ကြပ်ကြည့်ရှုခြင်း အတွက်စီမံကိန်းလုပ်ငန်းအဆင့်လိုက်တွင် ဆောင်ရွက်မည့် ဆောင်ရွက်မည့်အစီအစဉ်၊ အကြိမ်အရေအတွက်၊ နေရာ၊ စောင့်ကြပ်ကြည့်ရှုမည့် အမျိုးအစားနယ်ပယ် (Parameter)၊ ကြီးကြပ်ဆောင်ရွက်မည့်သူစသည်ဖြင့် စာပိုဒ် (၁၀.၀) ဇယားတွင် ဖော်ပြ ထားပါသည်။
စာင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် Parameters အလိုက် တိုင်းတာရရှိသည့် ရလာဒ်များအား သတ္တုရိုင်းတွင်းထွက် ပစ္စည်း များ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သော အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (EQEG)နှင့် နှိုင်းယှဉ် ဖော်ပြသွားပါမည်။စောင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်းစဉ်များအား ကတိကဝတ်ဇယားတွင် ထပ်မံဖြည့်စွက် ဖော်ပြသွားပါမည်။
(၁၁) အဖွဲ့အစည်းနှင့် ရန်ပုံငွေလျာထားချက်
  အဖွဲ့အစည်းနှင့် ရန်ပုံငွေလျာထားချက်တွင် အောက်ပါ အချက်အလက်များအား ထပ်မံထည့်သွင်းဖော်ပြရန်-
“အဖွဲ့အစည်းနှင့် ရန်ပုံငွေ လျာထားချက်” ခေါင်းစဉ်ဖြင့် အောက်ပါအချက်အလက်များအား ဖော်ပြရန်၊
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား အကောင်အ ထည်ဖော် ဆောင်ရွက်မည့်အဖွဲ့အစည်းနှင့် အဆိုပါ အဖွဲ့ အစည်းသည် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှု လျော့နည်းစေရေး စီမံခန့်ခွဲမှု အစီအစဉ်၊ စောင့်ကြပ်စစ်ဆေးမည့် အစီအစဉ်များနှင့် ထပ်မံကြံုတွေ့ရမည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များကို ထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ရန် တာဝန်ယူမည် ဖြစ်ကြောင်းဖော်ပြရန်၊
သုံးစွဲမည့် ခန့်မှန်းရန်ပုံငွေလျာထားချက်ကို ထည့်သွင်း ဖော်ပြရန်
အဆိုပါဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်အား ဖော်ပြရန်။
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား အကောင်အထည်ဖော် ဆောင် ရွက်မည့်အဖွဲ့အစည်းနှင့် အဆိုပါ အဖွဲ့အစည်းသည် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှု လျော့နည်းစေရေး စီမံခန့်ခွဲမှု အစီအစဉ်၊ စောင့်ကြပ်စစ်ဆေးမည့် အစီအစဉ်များနှင့် ထပ်မံကြံုတွေ့ရ မည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ရန် တာဝန်ယူမည် ဖြစ်ပါသည်။
စာပိုဒ် (၁၂.၄.၂) တွင်ဖော်ပြထားပါသည်။
ကတိကဝတ်ဇယားတွင် ထပ်မံဖြည့်စွက် ဖော်ပြပါမည်။
(၁၂) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအပေါ် ဖွ့ံဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်
  အထူးသဘောထားမှတ်ချက်ပေးရန် မရှိပါ။
(၁၃) မိုင်းပိတ်သိမ်းခြင်း အစီရင်ခံစာ
  မိုင်းပိတ်သိမ်းခြင်းအား အကောင်အထည်ဖော်ရန်နှင့် မိုင်းပိတ်သိမ်းပြီး နောက်တွင် ဆက်လက်စောင့်ကြည့် စစ်ဆေးရန်တို့ကို တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အ စည်း(သို့)ပုဂ္ဂိုလ်များအား ဖော်ပြရန်၊
လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှစ၍ အပေါ်ယံမြေဆီ လွှာအား သီးသန့် စုပုံထားရှိမှု အစီအစဉ်၊
Underground Mining Method ကို အသုံးပြုဆောင် ရွက်ခြင်းဖြစ်သဖြင့် တူးဖော်ပြီးနောက် ကျန်ရစ်သည့် မိုင်းတွင်းများ၊ လှိုဏ်များအား မိုင်းပိတ်သိမ်းခြင်း အဆင့် နှင့် မိုင်းပိတ်သိမ်းပြီးနောက် အဆင့်များတွင် စီမံ ဆောင်ရွက်ထားရှိမည့် အစီအစဉ်များ၊အဆိုပြုလုပ်ငန်း လည်ပတ်ဆောင်ရွက်နေစဉ် ကာလ တွင်လုပ်ဆောင်မည့် မိုင်းပိတ်သိမ်းခြင်း အကြိုလုပ်ငန်း အဆင့်များ၊
မိုင်းပိတ်သိမ်းပြီးနောက် စီမံဆောင်ရွက်ရန် ထားရှိသည့် သစ်ပင်စိုက်ပျိုးသည်. အစီအစဉ်မိုင်းပိတ်သိမ်းပြီးနောက် စွန့်ပစ်အရည်နှင့် စွန့်ပစ်အစိုင် အခဲများကြောင့် လုပ်ငန်းလုပ်ကွက်အတွင်းရှိ မြေဆီ လွှာ၊ စီမံကိန်းလုပ်ကွက်အတွင်းရှိ မြေပေါ်/ မြေအောက် ရေ အရည်အသွေးနှင့် လုပ်ကွက်အနီးဝန်းကျင်ရှိ မြစ် ချောင်းအင်းအိုင်များ၏ ရေအရည်အသွေးတို့အား ညစ် ညမ်းမှု ရှိ/မရှိကို ပြန်လည်စစ်ဆေးရန် စီမံထားရှိသည့် အစီအစဉ်နှင့် ညစ်ညမ်းမှုဖြစ်ပွားပါက ပြန်လည်ကုစား မည့် အစီအစဉ်၊
မိုင်းပိတ်သိမ်းပြီးနောက် အချိန်ကာလ တစ်ခုအတွင်း၌ စီမံကိန်းလုပ်ကွက် ပတ်ဝန်းကျင်ရှိ အဆောက်အဦး များ၊ စွန့်ပစ်ပစ္စည်း စုပုံထားရှိမှုများ (Waste DumP) ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး (physically stability) ဖြစ်စေရန်နှင့် ဓာတုစွန့်ပစ်ပစ္စည်းများ၏ ဓာတုပြောင်းလဲမှု ဖြစ်စဉ်များမဖြစ်ပေါ်စေရေး (chemically stability) ဖြစ်စေရေးအတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံ များနှင့် ဖြစ်ပေါ်ပါက ပြန်လည်ကုစားမည့် အစီအစဉ်၊
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ အပိုဒ်(၁၀၂)အရ အဆိုပြု စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊
အဆိုပြုစီမံကိန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင် ဆန်း စစ်ခြင်းအစီရင်ခံစာကို စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ် ဆိုဒ်(သို့မဟုတ်) Online Media များတွင်လွှင့်တင် သွားရန်နှင့် လွှင့်တင်ပြီးပါက အဆိုပါ၀က်ဘ်ဆိုဒ်သို့ ၀င်ရောက်ကြည့်ရှုနိုင်သည့် Link အား တင်ပြရန်။
အစီရင်ခံစာပါ အခန်းအလိုက် ပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးစေရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အကျဉ်းချုပ်၍ ကတိကဝတ်ဇယားအဖြစ် ဖော်ပြရန်၊
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ အပိုဒ်(၇၇)အရ အစီရင်ခံစာတင်ပြသည့်အခါ အစီရင်ခံစာနှင့်အတူအဆိုပါအစီရင်ခံစာ၏ Soft copy အား ပူးတွဲပေးပို့ တင်ပြရန်။
အစီရင်ခံစာအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၏(၇.၁၁.၂၀၁၆) ရက်စွဲပါစာအမှတ်၊ အီးအိုင်အေ-၂/၉ (၉၃၇/၂၀၁၆)ဖြင့် ထုတ်ပြန်ထားသော သတ္တုကဏ္ဍ ဆိုင်ရာ စီမံကိန်းများအတွက် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှု အစီအစဉ်ပါ အချက်အလက်များအတိုင်းရေးသား ဖော်ပြရန်၊
မိုင်းပိတ်သိမ်းခြင်းနှင့် စောင့်ကြပ်စစ်ဆေးမည့် အဖွဲ့အား စီမံကိန်း အထွေ ထွေမန်နေဂျာ ဦးစောလှမြင့်၊လုပ်ကွက်တာဝန်ခံ ဦးကျော်သူ၊ စီမံကိန်း ကြီးကြပ်ရေးမှူး ဦးမျိုးမင်းဆန်း၊ သတ္တုတွင်း အင်ဂျင်နီယာ ဦးအေးလွင် တို့မှ တာဝန်ယူ ဆောင်ရွက်သွားပါမည်။
ဟင်းလင်းဖွင့် တူးဖော်ခြင်းမဟုတ်သဖြင့် အပေါ်ယံ မြေဆီလွှာ ဖယ်ရှားရ ခြင်း မရှိပါ။
Underground Mining Method ကိုအသုံးပြုဆောင်ရွက်ခြင်း ဖြစ်သဖြင့် တူးဖော်ပြီးနောက် ကျန်ရစ်သည့် မိုင်းတွင်းများအား မြေစာဖြည့်တင်း ခြင်း၊ မဖြည့်တင်းနိုင်သောတွင်းများအား လုံခြံုစိတ်ချရသော အကာအရံ များပြုလုပ်ပါမည်။ လှိုင်ဂူအဝင်ဝတွင် ကွန်ကရစ်လောင်း၍ အခိုင်အမာ ဆောင်ရွက်ခြင်း၊ အဝင်တံခါးဝများကို စနစ်တကျပိတ်သိမ်းခြင်းတို့ စီစဉ် ဆောင်ရွက်ပါမည်။
အဆိုပြုလုပ်ငန်းဆောင်ရွက်နေစဉ် ကာလတွင် လုပ်ဆောင်မည့် မိုင်းပိတ်သိမ်းမည့် မိုင်းပိတ်သိမ်းခြင်းအကြိုလုပ်ငန်း အဆင့်များအား (၁၂.၁၅.၂) တွင်ဖော်ပြပေးထားပါသည်။
မိုင်းပိတ်သိမ်းပြီးနောက် စီမံစိုက်ပျိုးမည့် အစီအစဉ်အား (၁၂.၁၄.၂) တွင် ဖော်ပြပေးထားပါသည်။
မိုင်းပိတ်သိမ်းခြင်းနောက် စွန့်ပစ်အရည်နှင့် စွန်ပစ်အစိုင်အခဲများကြောင့် စီမံကိန်းလုပ်ကွက်ပေါ်ရှိ သတ္တုတူးခြင်းမှ ထွက်ရှိလာသည့် မြေအောက် ရေ အရည်အသွေး၊ မြေအောက်ရေ ထွက်ပေါက်မှ စိမ့်စ်မ်းရေ အရည် အသွေးနှင့် လုပ်ကွက်အောက်ပိုင်းရှိ ချောင်းငယ်များမှ ရေအရည် အသွေးတို့ကို စစ်ဆေးပါမည်။
စစ်ဆေးခြင်းကို စောင့်ကြပ်ကြည့်ရှုခြင်း ကာလ(၅)နှစ် အထိဆောင်ရွက် သွားမည်ဖြစ်ပြီး အထက်ဖော်ပြပါ နေရာများမှ ရေနမူနာမျာကောက်ယူ၍ (၆)လလျှင် တစ်ကြိမ် ISO လက်မှတ်ရ ဓာတ်ခွဲခန်းများသို့စစ်ဆေးသွားပါမည်။
မိုင်းပိတ်သိမ်းပြီးနောက် အချိန်ကာလ တစ်ခုအတွင်း အသုံးပြုခဲ့သော အဆောက်အဦများ၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး( Physical Stability) ဖြစ်စေရန် မြေအောက်တူးဖော်မှုမှ ထွက်ရှိထားသည့် စွန့်ပစ်ကျောက်များအား အင်း/ဂလှိုဏ်များအတွင်း ပြန်လည်ဖြည့်တင်း ပိတ်ဆို့ခြင်း ဆောင်ရွက်ပါမည်။ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေစဉ်ကာလ အတွင်းမှာပင် ရွှေသတ္တုရိုင်းထုတ်လုပ်သော နေရာများ ခေါင်းသားပြိုကျခြင်း မရှိစေရေးအတွက် လည်းကောင်း၊ သယ်ပို့မှုလုပ်ငန်း လျော့နည်းစေရေးအတွက် လည်းကောင်း ဖြည့်တင်း ခြင်းဆောင်ရွက်မည် ဖြစ်ပါသည်။ မဖြစ်မနေ ပိုလျှံ၍သယ်ယူ စွန့်ထုတ်ရ သော စွန့်ပစ်ကျောက်ရိုင်းများမား ပြိုကျပျက်စီးမှု၊ ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရေးအတွက် အဆိုပြု ရေးဆွဲထားသော စွန့်ပစ်ကျောက်စာ ဒီဇိုင်းအတိုင်း စနစ်တကျစုပုံထားခြင်း၊ အခြားနေရာမှရရှိသော မြေဆီ လွှာများဖုံးအုပ်၍ ဒေသသစ်မျိုးများ၊ မြက်ပင်များ စိုက်ပျိုးခြင်းဖြင့် ထိန်းသိမ်းပြုပြင်သွားမည် ဖြစ်ပါသည်။ ဓာတုစွန့်ပစ်ပစ္စည်းများ၏ ဓာတု ပြောင်းလဲမှု ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး (Chemically Stability) အခြေအနေရရှိအောင် စက်သုံးဆီ၊ အင်ဂျင်ဝိုင်နှင့် ယမ်းဖောက်ခွဲရေးပစ္စည်းများ စသည်တို့ကို စနစ်တကျ ထိမ်းသိမ်း၊ သယ်ဆောင်၊အသုံးပြု ခြင်း၊ လိုအပ်သလောက် ပမာဏကိုသာ အသုံးပြုခြင်း၊ ရွှေသတ္တုသန့်စင် ထုတ်လုပ်ခြင်းကို လုပ်ကွက်ဧရိယာအတွင်း ဆောင်ရွက်ခြင်းမပြုဘဲ၊ သီးခြားတည်ဆောက်ထားသော စုပေါင်းသန့်စင်စက်ရုံတွင်သာ ထုတ် လုပ်ခြင်း၊ ဓာတုပစ္စည်း သက်ရောက်မှု လျှော့ချရေး လမ်းစဉ်များကို လိုက်နာကျင့်သုံးခြင်း၊ မြေအရည်အသွေး၊ ရေအရည်အသွေးများ တိုင်းတာစစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ကာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပါမည်။
အကယ်၍ အထက်ပါ အခြေအနေများ ဖြစ်ပေါ်လာပါက စောင့်ကြပ် ကြည့်ရှု စစ်ဆေးခြင်း အစီအစဉ်ဇယားပါ လုပ်ငန်းစဉ်များကို စောင့်ကြပ် ကြည့်ရှုခြင်း ကာလအတွင်း အရေးပေါ်အခြေအနေ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ အတွက် ထားရှိသောရန်ပုံငွေ ကျပ်သိန်း(၃၆၀)ဖြင့် ကုမ္ပဏီ၏ (EMP) စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ယူ၍ ပြန်လည်ကုစား ဆောင်ရွက်သွား မည်ဖြစ် ပါသည်။
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အပိုဒ် (၁၀၂) အရ အဆိုပြုစီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအတွက် အသက်မွေး ၀မ်းကြောင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ထားပါသည်။အဆိုပြုစီမံကိန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ ကို စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ်Online Media များတွင်လွှင့်တင်ပြီး အဆိုပါ၀က်ဘ်ဆိုဒ်သို့ ၀င်ရောက်ကြည့်ရှုနိုင်သည့် Link အား တင်ပြပေး ထားပါသည်။
အစီရင်ခံစာပါ အခန်းအလိုက် ပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးစေရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အကျဉ်းချုပ်၍ ကတိကဝတ်ဇယားအဖြစ် ပြန်လည်ဖော်ပြပေးထားပါသည်။
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အပိုဒ်(၇၇) အရ အစီရင်ခံစာတင်ပြသည့်အခါ အစီရင်ခံစာနှင့်အတူအဆိုပါအစီရင်ခံစာ ၏ Soft copy အား ပူးတွဲပေးပို့ တင်ပြပါသည်။အစီရင်ခံစာအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၏(၇.၁၁.၂၀၁၆) ရက်စွဲပါစာအမှတ်၊ အီးအိုင်အေ-၂/၉ (၉၃၇/၂၀၁၆)ဖြင့် ထုတ်ပြန်ထား သော သတ္တုကဏ္ဍဆိုင်ရာ စီမံကိန်းများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ပါ အချက်အလက်များအတိုင်း ရေးသား ဖော်ပြထားပါသည်။