စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာ – ပထမအကြိမ်

ရတနာပြည့်ဖြိုးအောင်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်၊

ကန်တောင်ဒေသ၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ရွှေအလတ်စားလုပ်ကွက်SGU–168၏

ပထမအကြိမ်စောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာ

အခန်း(၁)

နိဒါန်း

၁.၁       နိဒါန်း

ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူး မြို့နယ်၊ကန်တောင်ဒေသ၊ ရွှေလုပ်ကွက်အမှတ် SGU-168 အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP)အား (၂၃.၂.၂၀၁၇)တွင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  EMP အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ ပြန်လည်တင်ပြရန် ပြန်ကြားခဲ့ပါသည်။ အဆိုပါ ပြန်ကြားချက်အရ EMP အစီရင်ခံစာအား ပြည့်စုံစွာ ဖြည့်စွက်၍ (၂၇.၅.၂၀၁၉)တွင် (၅)ကြိမ်မြောက် ပြန်လည်တင်ပြခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၂၂.၈.၂၀၁၉) ရက်စွဲပါ စာအမှတ် အီးအိုင်အေ-၂/သတ္တု (၁၆၉၀(ဈ)/၂၀၁၉)အား ရည်ညွှန်း၍ အမှတ် (၂)သတ္တုတွင်းလုပ်ငန်းမှ(၂၈.၈.၂၀၁၉)ရက်စွဲပါ စာအမှတ် ၂၀၁၁/ရွှေဖက်စပ် (ရတနာပြည့်ဖြိုးအောင်) /၂၀၁၉ ဖြင့် EMP အစီရင်ခံစာအား အတည်ပြုကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာတွင် ပါဝင်သော ညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်သင့်ကြောင်း ပြန်ကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီဌာနမှညွန်ကြားချက်များနှင့်အညီ EMP အစီရင်ခံစာပါ စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်များ အတိုင်း ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဤအစီရင်ခံစာအား ပြုစုတင်ပြခြင်း ဖြစ်ပါသည်။

၁.၂       ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းရည်ရွယ်ချက်

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများကို လျော့ပါးစေရေးအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော်ရာတွင်တွေ့ကြုံရသော အခက်အခဲများနှင့် ယင်းအခက်အခဲများကို ကုစားရန်အကြံပြုချက်များအား အစီရင်ခံ တင်ပြနိုင်ရန်တို့ ဖြစ်ပါသည်။

 

၁.၃       ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန

ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်၊ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာန (Environmental, Health and Safety Department)အား ဇယား(၁.၁)အတိုင်း ဖွဲ့စည်းထားရှိပါသည်။ EHS ဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က)     EMP အကောင်အထည်ဖော်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းချက်များ အား လိုက်နာဆောင်ရွက်မှုလုပ်ငန်းများအား သတ္တုတွင်းမန်နေဂျာကိုယ်စား ကြီးကြပ် ခြင်း စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

( ခ )     ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအတွက် ခန့်အပ်ထားသော တတိယ အဖွဲ့အစည်း ကန်ထရိုက်တာများအား ကြီးကြပ်ခြင်း။

(ဂ)       ပတ်ဝန်းကျင်ဘေးအန္တရာယ်ကင်းရှင်းရေးကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့်သက်ဆိုင်သည့်အစီရင်ခံစာများ ရေးသားခြင်း။

(ဃ)     သင်တန်းများစီစဉ်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါသည်။

ဇယား(၁.၁)        ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ၏ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးဌာန ဝန်ထမ်းစာရင်း

စဉ် အမည် ရာထူး ပညာ

အရည်အချင်း

ဦးကျော်သူ EHS manager B.A(Myanmar)
ဦးမျိုးမင်းဆန်း EHS officer E.P (A.G.T.I)
ဦးအေးလွင် EHS officer B.E (Metallurgy)
ဦးစိုးပိုင်ဟိန်း Supervisor B.Sc (Geology)
ဒေါ်တင်မျိုးမျိုးဝင်း Staff B.Sc (Physics)

 

၁.၄       ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်အား ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် SGU-168 လုပ်ကွက်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP) အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားခြင်း အခန်းတွင်ဖော်ပြထားသော စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်)အတိုင်း  ဆောင်ရွက်မည်ဖြစ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း အစီရင် ခံစာကို (၆)လ တစ်ကြိမ် သက်ဆိုင်ရာဌာနများသို့တင်ပြသွားပါမည်။

 

 

ဇယား (၁.၂)    ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ် (တည်ဆောက်ရေးအဆင့်)
စောင့်ကြပ် ကြည့်ရှုမည့်နယ်ပယ်များ စောင့်ကြပ်စစ်ဆေး

မည့်အမျိုးအစားများ

နေရာ ကြိမ်နှုန်း စစ်ဆေး မည့်သူ ကြီးကြပ်မည့်သူ
ယေဘုယျအခြေအနေ ·   ထိခိုက်မှုလျှော့ချရေး အစီအစဉ် များ ဆောင်ရွက်ခြင်း၏ တိုးတက်မှု နှုန်း။ စီမံကိန်း ဧရိယာ။ ဆောက်လုပ်ရေး ကာလအတွင်း (၄)လ တစ်ကြိမ် စီမံကိန်း မန်နေဂျာ အမှတ်(၂)သတ္တုတွင်း လုပ်ငန်း
လေထု အရည်

အသွေး

·   အခြေခံ အချက်အလက်များ စောင့် ကြပ်ကြည့်ရှုခြင်း။

·   စီမံကိန်း ဧရိယာရှိ ပြည်သူလူထု ထံမှရရှိသော တိုင်ကြားမှုများ။

·   လိုအပ်ပါက လေထု အရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်း။

·   မြေအောက်လုပ်ငန်းခွင်တွင်စောင့် ကြည့်ခြင်း။

စီမံကိန်း ဧရိယာ။

 

ပတ်ဝန်းကျင် ကျေးရွာများ။

စီမံကိန်း အဓိက လုပ်ငန်းခွင်။

မြေအောက်လုပ်ငန်းခွင်။

(၄) လ တစ်ကြိမ်

 

 

ပေါ်ပေါက်ပါက

 

(၄) လ တစ်ကြိမ်

 

 

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း

မန်နေဂျာ

လုပ်ကွက် တာဝန်ခံ

ကုမ္ပဏီ၏ စီမံကိန်း

ဒါရိုက်တာ

 

ဒါရိုက်တာ

 

ဒါရိုက်တာ

ရေအရည်အသွေး ·   မြေပေါ်ရေ အရည်အသွေး Primary Data ရယူခြင်း။

·   မြေအောက်ရေ အရည်အသွေး Primary Data ရယူ ခြင်း။

·   (EQEG)ပါ စံနှုန်းများနှင့်ဒေသတွင်း ရေအရည်အသွေးစစ်ဆေးမှတ်တမ်း တင်ခြင်း။

အနီးအနားရှိချောင်းများအင်းအတွင်းမှထွက်ရှိ သောရေ။ (၆)လ တစ်ကြိမ်

 

(၆)လ တစ်ကြိမ်

 

(၆)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း

ဒါရိုက်တာ

ဒါရိုက်တာ

 

ဒါရိုက်တာ

စွန့်ပစ်ပစ္စည်း ·   ဆောက်လုပ်ရေး လုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်းနှင့် ဖယ်ရှားစွန့်ပစ်ရသော ကျောက်စာများ။

·   ဝန်ထမ်း လုပ်သားများ၏ စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေနှင့် အညစ်အကြေးများ။

လုပ်ငန်းခွင်ဧရိယာ။

 

အုပ်ချုပ်မှု

ဧရိယာ။

(၆)လ တစ်ကြိမ်

 

 

(၆)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

စီမံကိန်း ဒါရိုက်တာ

 

စီမံကိန်း ဒါရိုက်တာ

ဆူညံသံနှင့် တုန်ခါမှု ·   လုပ်ငန်းခွင်အတွင်း စောင့်ကြပ် ကြည့်ရှုခြင်း။

·   စီမံကိန်းအနီးရှိ ပြည်သူများ၏ တိုင် ကြားချက်များအား စီစစ်ခြင်း။

·   မြေအောက်လုပ်ငန်းခွင်အတွင်း စောင့်ကြပ်ကြည့်ရှုခြင်း။

မြေပေါ်လုပ်ငန်း ခွင်များ။

မရှိပါ။

 

မြေအောက်လုပ်ငန်းခွင်များ။

(၃)လ

တစ်ကြိမ်

 

(၃)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

စီမံကိန်း ဒါရိုက်တာ

 

စီမံကိန်း ဒါရိုက်တာ

သစ်ပင်၊သစ်တောများ ခုတ်ထွင်

ရှင်းလင်းခြင်း။

·   မြေအောက်လုပ်ငန်းခွင် တည်ဆောက်ရေး လုပ်ငန်းဖြစ်၍ခုတ်ထွင်ရှင်းလင်းမှုမရှိပါ။

·   စီမံကိန်းဧရိယာ ချဲ့ထွင်ခြင်းနှင့် ဆက်သွယ်ရေးလမ်းများဖောက်လုပ် ခြင်း။

 

 

စီမံကိန်း ဧရိယာ

 

 

(၆)လ တစ်ကြိမ်

 

 

စီမံကိန်း မန်နေဂျာ

 

 

အမှတ် (၂)သတ္တုတွင်း လုပ်ငန်း

ပြန်လည်နေရာ

ချထားရေးနှင့် ဆက်စပ်သော လူမှုပတ်ဝန်းကျင်

·   စီမံကိန်းကြောင့်ရေွှ့ပြောင်းနေရာ ချထားရခြင်း မရှိပါ။  

 

လက်ရှိ လူမှုရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ နှင့်ဝန်ဆောင်မှု။ ·   ဒေသတွင်းလူမှုရေးဆိုင်ရာ ပရဟိတ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု။

 

·   ဒေသတွင်း အခြေခံအဆောက် အ အုံများ၏ ဖြစ်ထွန်းတိုးတက်မှုများ။

စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုး ဒေသ။

စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုး ဒေသ။

(၁)နှစ် တစ်ကြိမ် စီမံကိန်း ဒါရိုက်တာ ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ
HIV/ AIDS ကဲ့သို့သော ကူးစက်ရောဂါများ ·   ဒေသတွင်းပြည်သူလူထု၏ ကျန်းမာ ရေးဆိုင်ရာ မှတ်တမ်းများ။

·   ကုမ္ပဏီဝန်ထမ်း လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများ။

·   ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်ချက်မှတ်တမ်းများ။

ကန်တောင်ဒေသ။

စီမံကိန်း ဧရိယာ။

ကန်တောင်ဒေသ။

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

 

(၃)လ တစ်ကြိမ်

ကုမ္ပဏီ၏

တာဝန်ခံ

ဆေးမှူး

စီမံကိန်း မန်နေဂျာ
အရက်/မူးယစ် ဆေးဝါးများသုံးစွဲမှု ·   ဝန်ထမ်း၊ လုပ်သားများ၏ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများ။

·   ဒေသတွင်း မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားမှုများ အခြေအနေ။

စီမံကိန်း ဧရိယာ။

 

စဉ့်ကူးမြို့နယ်အတွင်း။

(၆)လ တစ်ကြိမ်

 

(၆)လ တစ်ကြိမ်

ကုမ္ပဏီ တာဝန်ခံ

ကုမ္ပဏီ တာဝန်ခံ

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှု အပါအဝင်အလုပ်အကိုင်အခြေ အနေ ·   ကုမ္ပဏီမှ ဝန်ထမ်းလုပ်သားများ၏ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေ။

·   လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု ဆိုင် ရာ စံနှုန်းများ။

·   ကုမ္ပဏီ ဝန်ထမ်း/ လုပ်သားများ၏ ရောဂါဖြစ်ပွားမှုအခြေအနေနှင့် မတော်တဆထိခိုက်ဒဏ်ရာရရှိမှုမှတ်တမ်းများ။

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

(၂)လ တစ်ကြိမ်

 

 

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

ကုမ္ပဏီ ဆေးမှူး

 

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီ တာဝန်ခံ

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

ယာဉ်မတော်တဆဖြစ်ပွားမှု ·   ဒေသတွင်း ဆက်သွယ်ရေးလမ်းများ အခြေအနေ။

·   ယာဉ်မတော်တဆ ဖြစ်ပွားခြင်း မှတ်တမ်းများ။

·   ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလံှု့ဆော်မှုမှတ်တမ်း များ။

ကန်တောင်ကျည်တောက်ပေါက်ဒေသ။

ကန်တောင်ကျည်တောက်ပေါက်ဒေသ။     ကန်တောင်ကျည်တောက်ပေါက်ဒေသ။

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီရုံး တာဝန်ခံ

စီမံကိန်း ဒါရိုက်တာ

စီမံကိန်း

ဒါရိုက်တာ

စီမံကိန်း ဒါရိုက်တာ

အန္တရာယ်များ သော ပစ္စည်းများ နှင့် စက်သုံးဆီ များ စီမံခန့်ခွဲမှု

 

·   အန္တရာယ်များသော ပစ္စည်းများအား သိုလှောင်၊သိမ်းဆည်း၊ ကိုင်တွယ်အသုံးပြုခြင်း မှတ်တမ်း။

·   ဝန်ထမ်း/လုပ်သားများ ဘေးဖြစ်စေ နိုင်သည့် ပစ္စည်းများအား ကိုင်တွယ်နည်းသင်တန်းပေးခြင်း မှတ်တမ်း။

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

(၃)လ တစ်ကြိမ်

 

 

(၃)လ တစ်ကြိမ်

 

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီ တာဝန်ခံ

 

စီမံကိန်း ဒါရိုက်တာ

 

စီမံကိန်း ဒါရိုက်တာ

 

၁.၅       ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာပါ စည်းကမ်းချက်များ

အဆိုပြုစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်လိုက်နာဆောင် ရွက်မှုသက်သေခံလက်မှတ် (ECC) ထုတ်ပေးနိုင်ခြင်း မရှိသေးသောကြောင့်   (၂၂.၈.၂၀၁၉) ရက်စွဲပါ စာအမှတ် အီးအိုင်အေ-၂/သတ္တု (၁၆၉၀(ဈ)/၂၀၁၉)ဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အတည် ပြုကြောင်း ထုတ်ပြန်ခဲ့ပါသည်။အတည်ပြုစာတွင် ဖော်ပြထားသော လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က)     စီမံကိန်းလုပ်ကွက်များ ဆောင်ရွက်ရာတွင်စီမံကိန်းဆောင်ရွက်သူကိုယ်တိုင်ဖြစ်စေ၊ စီမံကိန်းကိုယ်စား လုပ်ငန်းဆောင်ရွက်သော (သို့မဟုတ်)စီမံကိန်းဆောင်ရွက်သူက ခန့်အပ်၊ ငှါးရမ်း၊ လုပ်ပိုင်ခွင့်ပေးအပ်ထားသော ကန်ထရိုက်တာများ၊ လက်ခွဲကန်ထ ရိုက်တာများ၊ အရာရှိများ၊ (လုပ်သား)ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊  ကိုယ်စားပြု သူများနှင့်  အကြံပေးပုဂ္ဂ္ဂ္ဂိုလ်များကဖြစ်စေ ပြုလုပ်သော (သို့မဟုတ်)ပျက်ကွက်သော၊ လုပ်ငန်းများအားလုံးအတွက်လည်းကောင်း၊ ဆိုးကျိုးထိခိုက်မှုအားလုံးအတွက် လည်း ကောင်း၊ စီမံကိန်းဆောင်ရွက်သူက ဥပဒေကြောင်းအရနှင့် ငွေရေးကြေးရေး အရ အပြည့်အဝ တာဝန်ယူဆောင်ရွက်ရန်။

( ခ )     အခန်း(၅)တွင်ဖော်ပြထားသော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေတို့ကို လိုက်နာဆောင်ရွက် ရန်။

( ဂ )     အမှုန်အမွှားများ ထွက်ရှိမှုနှင့်ဆူညံသံနှင့် စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်၊အထွေထွေလမ်းညွှန်ချက်ပါသတ်မှတ် ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဃ)     စွန့်ပစ်မြေစာနှင့် စွန့်ပစ်ရေနှင့် စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်အပိုဒ်(၂.၇.၂)သတ်မှတ်ချက်နှင့်အညီ သန့်စင် ပြီးမှ စွန့်ထုတ်ရန်။

( င )     အလုပ်စခန်းများ၊ မိလ္လာစနစ်များ၊ အိမ်တွင်းရေဆိုးနှင့် အမှိုက်ပုံများအတွက်အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု)လမ်းညွှန်ချက်၊အထွေထွေ လမ်းညွှန်ချက်ပါသတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

( စ )     ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်သတ္တုတွင်းဥပဒေ၊ ပုဒ်မ(၁၃) သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၄၇-ဃ)၊ (၁၇၀-ဂ)၊ (၁၇၄)၊ (၁၇၆)၊ (၁၇၇)၊ (၁၇၈)၊ (၁၈၀)၊ (၁၈၁)၊ (၁၈၄-ခ) တို့နှင့်အညီ လိုက်နာဆောင်ရွက် ရန်။

(ဆ)     အစီရင်ခံစာတွင်သတ်မှတ်ဖော်ပြထားသော ကန်ထရိုက်တာနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာ တွင်သတ်မှတ်ဖော်ပြထားသည့်ကုစားပြင်ဆင်ရေးလုပ်ငန်းများ၊ ကြိုတင် ကာကွယ် ရေး လုပ်ငန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။

( ဇ )     ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်နောက်ဆက်တွဲ(ဃ-၂)တွင်ဖော်ပြထားသော  ပတ် ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ ကတိကဝတ် အကျဉ်းချုပ်ဇယားအတိုင်း အလေးထားလိုက်နာဆောင်ရွက်ရန်။

( ဈ )    ဆူညံသံအတွက်စီမံကိန်းဧရိယာပြင်ပရှိအနီးဆုံးလက်ခံသည့် နေရာတွင်အခြေခံ အဆင့်မှအများဆုံးမြင့်တက်မှု 3dBAထက်မကျော်လွန်စေရန်နှင့်မည်သည့် ဖောက်ခွဲမှုတွင်မဆို 120 dB Linear မကျော်လွန်စေရန်၊မြေတုန်ခါမှုအတွက် 5mm/s (Peak particle Velocity – ppv)ထက် မကျော်လွန်စေရန်နှင့်ဖောက်ခွဲခြင်းကို နေ့ အလင်းရောင်ရှိသည့်အချိန်တွင်သာပြုလုပ်ရန်။

(ည)     အပေါ်ယံမြေလွှာ၊ စွန့်ပစ်မြေစာ၊ မြေစာပုံများစသည့်စွန့်ပစ်ပစ္စည်းစုပုံမည့် နေရာ ရွေးချယ်ခြင်း၊ ဘေးအန္တရာယ်ရှိသည့်စွန့်ပစ်ပစ္စည်းများ (ဥပမာ- အက်စစ်ရေစီးဆင်းမှု၊အဆိပ်သင့်မြေစာပုံများ)နှင့် သတ္တုတွင်းပိတ်သိမ်းခြင်း လုပ်ငန်းစဉ်ဖြစ်သည့်စွန့်ပစ် မြေစာများ ရေရှည်တည်ငြိမ်စေရေး၊ ပြိုကျမှုမရှိစေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိ စေရေးတို့ကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန်။

( ဋ )     မြေတိုက်စားနိုင်မှု ဖြစ်နိုင်သောနေရာများကို မြေတိုက်စားမှုကာကွယ်ထိန်းချုပ်ရန်နှင့်ညစ်ညမ်းမှုရှိသည့်ဧရိယာများကို ပြန်လည်ထူထောင်ရန်။

( ဌ )     သတ္တုတွင်းလုပ်ငန်းများအတွက်ရေရယူသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်း ဥပဒေ၊ ပုဒ်မ(၁၆)၊ မြန်မာ့သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေ (၁၅၃)၊ (၁၅၄)ပါ သတ်မှတ်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန်။

( ဍ )     ထွက်ရှိစွန့်ပစ်ပစ္စည်း (အရည်၊အစိုင်အခဲ၊ အငွေ့)စုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သန့်စင်ခြင်းနှင့်စွန့်ပစ်ခြင်းတို့အတွက် ပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်။

( ဎ )     လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန်နှင့်လုပ်သား များအတွက်အကာအကွယ်ပစ္စည်းများ၊ နေထိုင်မှုစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင် အခြေ အနေ စသည်တို့အတွက်သက်ဆိုင်ရာ ဌာနများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် အညီ ဆောင်ရွက်ရန်၊

(ဏ)    စီမံကိန်းအဆိုပြုသူသည်ဒေသခံများနှင့် ဆက်သွယ်ပြန်ကြားရေးလုပ်ငန်းစဉ်များ၊ တိုင်ပင်ဆွေးနွေးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ထို အစီအစဉ်တွင်တစ်ဖက်ပါအစီအစဉ်များ ပါဝင်ရမည်-

(၁)    ဖောက်ခွဲခြင်းလုပ်ငန်းများ အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးရန်။

(၂)    တည်ဆောက်ရေးကာလအတွင်း ယာဉ်သွားလာမှုလမ်းကြောင်းများ၊ ယာဉ် သွားလာမှုကြောင့်ဖြစ်နိုင်သော အနှောင့်အယှက်များ၊ ပတ်ဝန်းကျင် သာယာမှု အပေါ်ထိခိုက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသခံများသို့ ကြိုတင် အသိ ပေးရန်။

( တ )   စီမံကိန်းလုပ်ငန်းကြောင့်ထိခိုက်ခံစားရမည့်ဒေသခံများအတွက်ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊အခြေခံအဆောက်အဦ၊ အလုပ်အကိုင်ခန့်ထားခြင်း၊ ရေရှည်လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အား ဆောင်ရွက်ပေးရန်။

( ထ )   ဒေသခံပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ နစ်နာမှု ဖြေရှင်း ရေး လုပ်ငန်းစဉ်များကို လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊

( ဒ )     သဘာဝဘေးအန္တရာယ်များနှင့် မတော်တဆမှုများကို ဖြေရှင်းနိုင်ရန်အတွက်ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အရေးပေါ်အခြေအနေ တုန့်ပြန်ရေးနှင့် စီမံခန့်ခွဲရေး စီမံချက်တစ်ခုကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဓ ) စီမံကိန်းကြောင့်ပျက်စီးသွားသည့်နေရာများတွင်ဒေသနှင့်ကိုက်ညီသည့်သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်နှင့် ရှင်သန်ကြီးထွားသည်အထိ တာဝန်ယူ ကြီးကြပ်ဆောင်ရွက် ရန်။

( န )     ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုရေးအစီ အစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအပြင်အောက်ဖော်ပြပါ ကိစ္စများ ဖြစ်ပွားပါက ဝန်ကြီးဌာနသို့နှောင့်နှေးမှု မရှိစေဘဲ အစီရင်ခံတင်ပြရန်-

(၁)    ပစ္စည်းကိရိယာများ သို့မဟုတ်နည်းစနစ်များ မှားယွင်းအလုပ်လုပ်ခြင်း၊ ပျက်စီးခြင်း (သို့မဟုတ်) အလုပ်မလုပ်တော့ခြင်း၊

(၂)    သိသာထင်ရှားသော ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သော (သို့မဟုတ်) ဖြစ်ပေါ်စေ သော (သို့မဟုတ်) ဖြစ်ပေါ်စေနိုင်သော မတော်တဆမှု ဖြစ်ပွားခြင်း (သို့မဟုတ်)ထုတ်လွှတ်မှုကန့်သတ်တန်ဖိုးဖြင့်ထိန်းချုပ်ထားခြင်း မရှိသည့် အရာဝတ္တုတစ်ခု ထုတ်လွှတ်ခြင်း။

(၃)    သတ်မှတ်ဖော်ပြထားသည့်ကန့်သတ်တန်ဖိုးတစ်ခုခုကို ကျော်လွန်ခြင်း။

(၄)    ပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ကျန်းမာရေးတို့အပေါ်သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများ။

( ပ )     ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသယံဇာတများအား ထိခိုက်မှုမရှိစေရေး ကာကွယ်ပေးရန် နှင့် စီမံကိန်း အကောင်အထည်ဖော်စဉ်အတွင်း ရှာဖွေတွေ့ရှိသည့်ယဉ်ကျေးမှုသယံဇာတများအတွက်သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာသို့အကြောင်းကြား အပ်နှံရန်။

( ဖ )     ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊အခန်း(၁၁)တွင် ဖော်ပြထားသော အောက်ဖော်ပြပါ လိုက်နာမှတ်များတွင်စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်မည့်Parameter များ အတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့်အောက်ဖော်ပြပါ ပတ်ဝန်းကျင်နှင့်လူမှုဆိုင် ရာ စီမံခန့်ခွဲရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(၁)    စွန့်ထုတ်အရည်လိုက်နာမှတ် (Point of Compliance)

Latitude: 22 ံ42’ 02.19”N, Longitude : 96 ံ02’ 46.65”E

(၂)   စွန့်ထုတ်အစိုင်အခဲ လိုက်နာမှတ် (Point of Compliance)

Latitude: 22 ံ42’ 06.86”N, Longitude : 96 ံ02’ 49.58”E

(၃)   လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ်တွင်ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့်အခန်း (၆)၊ လက်ရှိအရည်အသွေး ကောက်ယူခဲ့သည့် နေရာများတွင်(၆)လ တစ်ကြိမ်တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၄)    ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုခြင်း အစီ အစဉ်တွင်ဖော်ပြထားသည့်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့်အခန်း(၆) လက်ရှိအရည်သွေး ကောက်ယူခဲ့သည့်နေရာများတွင်ဆူညံမှုနှုန်း နှင့် တုန်ခါမှု နှုန်း(ပြင်းအား)တို့ကို စောင့်ကြပ်ကြည့်ရှုရန်။

(၅)    မြေပေါ်ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်း ကျင် စီမံခန့်ခွဲမှုအစီအစဉ်၊အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင်ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့်အခန်း (၆) ၊ လက်ရှိအရည်အသွေးကောက်ယူခဲ့သည့် နေရာများတွင်(၆)လလျှင် တစ်ကြိမ်တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၆)    မြေအောက်ရေအရည်သွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်း ကျင် စီမံခန့်ခွဲမှု အစီအစဉ်၊အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ်တွင်ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့်အခန်း (၆)၊ လက်ရှိအရည်အသွေးကောက်ယူခဲ့သည့်နေရာများတွင်(၆)လ တစ်ကြိမ်တိုင်းတာ စောင့်ကြပ်ကြည့်ရှုရန်။

(၇)    ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ် ဇယားတွင်ဖော်ပြထားသည့်အတိုင်း မြေထုအရည်အသွေးနှင့် ပတ်သက်၍ (၆)လတစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်ရန်။

(၈)    စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊အခန်း(၁၁) စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင်ဖော်ပြထားသည့်လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများ၊  အကြိမ်အရေအတွက်တို့အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့်အခန်း (၆)၊ လက်ရှိ အရည်အသွေး ကောက်ယူခဲ့သည့်နေရာများတွင်(၆)လ တစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၉) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့်အစီ အစဉ် ဇယားတွင်ဖော်ပြထားသည့်အတိုင်း ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်း များနှင့် ပတ်သက်၍အပတ်စဉ် စောင့်ကြပ်ကြည့်ရှုရန်။

( ဗ )     စောင့်ကြပ်ကြည့်ရှုရမည့် နယ်ပယ် (ရေ၊ လေ၊ ဆူညံသံ)များ၊ နည်းစနစ်များ၊ နမူနာ    စုဆောင်းခြင်းနှင့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ စောင့်ကြပ်တိုင်းတာမည့်နေရာ၊ အကြိမ်အရေ အတွက်၊အချိန်ဇယား မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်းစသည်တို့ကို ရေးဆွဲ၍ အ ကောင်အထည်ဖော် ဆောင်ရွက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနသို့ (၆)လ တစ်ကြိမ်တင်ပြရန်နှင့်အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာနသို့တင်ပြသည့်နေ့ရက်မှ (၁၀)ရက်အတွင်း ထုတ်ဖော်ကြေညာရန်။

( ဘ )   မိုင်းပိတ်သိမ်းခြင်း လုပ်ငန်းများကို (EMP)တွင်ဖော်ပြထားသည့်သတ္တုတွင်း ပိတ်သိမ်း ရာတွင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လုပ်ငန်းစတင် ဆောင်ရွက်စဉ်ကပင် ကြိုတင် စီစဉ်ထားရှိ လိုက်နာဆောင်ရွက်ရန်နှင့်စီမံကိန်းအဆိုပြုသူသည်သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၈၆-ဃ)ပါ ပြဌာန်းချက်နှင့်အညီ ပိတ်သိမ်းရန် စီစဉ် ထားသည့် အချိန်မတိုင်မီ(၁)နှစ်ထက်နောက်မကျစေဘဲ အပြီးသတ် ပိတ်သိမ်းခြင်း အစီအစဉ်ကို တင်ပြရန်။

( မ )     သတ္တုတွင်းပိတ်သိမ်းခြင်းကို သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ(၁၈၅၊ ၁၈၆၊ ၁၉၂)နှင့်အညီ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန်နှင့်သတ္တု တွင်း ပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများအတွက်ရန်ပုံငွေ ထူထောင်ထားရန်။

( ယ )   အတည်ပြုထားသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan – EMP)ကို အများပြည်သူ ဖတ်ရှု/ သိရှိနိုင်ရေး ကုမ္ပဏီ Website /သင့်တော်သည့်နည်းလမ်းတို့တွင်လွှင့်တင်ထားရှိရန်။

( ရ )     စီမံကိန်းအဆိုပြုသူသည် ယင်း၏တာဝန်များပျက်ကွက်မှု (သို့မဟုတ်)အခြားလုပ်ငန်း များ ဆောင်ရွက်ရန် ပျက်ကွက်မှု (သို့မဟုတ်) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား လိုက်နာဆောင်ရွက်ရန်ပျက်ကွက်မှုများကို ဖြစ်နိုင်သမျှ စောလျင်စွာ စာဖြင့် အသိပေး ရမည်။ပျက်ကွက်မှုတစ်ခုခုကြောင့် အန္တရာယ်ဖြစ်စေနိုင်သော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဖြစ်လာနိုင်သည့်ကိစ္စသို့မဟုတ် ဝန်ကြီးဌာနက အမြန်သိရှိရန်လိုအပ် သည့် ကိစ္စကို(၂၄)နာရီအတွင်း လည်းကောင်း၊ အခြားကိစ္စများအားလုံးတွင်စီမံကိန်း အဆိုပြုသူက ယင်းဖြစ်စဉ်ဖြစ်ရပ်ကို စတင်သိရှိသည့်အချိန်မှ (၇)ရက်အတွင်း လည်းကောင်း ဝန်ကြီးဌာနသို့အသိပေးတင်ပြရန်။

( လ )   စီမံကိန်း၏ အရွယ်အစား၊ နယ်ပယ်အတိုင်းအတာ၊ တည်နေရာ၊ အခင်းအကျင်း၊    နည်းပညာ၊ ကြိုတင်မျှော်မှန်းနိုင်သော ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်လာသည့် အန္တရာယ်ထုတ်လုပ်မှုနည်းလမ်း (သို့)ညစ်ညမ်းမှုတားဆီးရန် (သို့) လျှော့ချရန် ဆောင်ရွက်မှုတို့တွင်အဓိကပြောင်းလဲခြင်း (သို့) တိုးချဲ့ခြင်း (သို့) ဒုတိယ တိုးချဲ့ ဆောင်ရွက်ရန်အဆိုပြုခြင်းဖြစ်ပါက စီမံကိန်း အဆိုပြုသူသည်ပြောင်းလဲမှုများ၏ သတင်းအချက်အလက်များနှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြရန်။

 

 

အခန်း(၂)

စီမံကိန်းအကြောင်းအရာဖော်ပြချက်

၂.၁       စီမံကိန်းတည်နေရာ

ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ၏ နိုင်ငံတော်နှင့်အကျိုးတူ အလတ်စားရွှေသတ္တုတူးဖော်ရေး စီမံကိန်းသည်မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု ကန်တောင်ဒေသ မြောက်လတ္တီတွဒ် (22 ံ42’ 10.42’’N )၊ အရှေ့လောင်ဂျီကျု (96 ံ02’ 47.67’’ E)  တွင်တည်ရှိပါသည်။စီမံကိန်းလုပ်ကွက်နှင့်အနီးဆုံးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော ကျောက်အိုးချောင်းသည် လုပ်ကွက်နှင့် (၃)မိုင်ခန့်၊ ရွာသစ်ချောင်းသည် (၅)မိုင်ခန့်၊နတ်တောင် ဆည်သည် (၁၀)မိုင်ခန့် ကွာဝေးပါသည်။ လုပ်ကွက်အနီးတွင် ရှေးဟောင်းသမိုင်းဝင်နေရာများ မရှိပါ။စီမံကိန်းဧရိယာသည်ကန်တောင်ရွာနှင့် (၁)မိုင်ခန့်၊ကျည်တောက်ပေါက်၊ငါးပြားပေးရွာနှင့် (၃)မိုင်ခန့်၊ ရှောက်ပင်ရိုးရွာနှင့် (၇)မိုင်ခန့် ကွာဝေးပါသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာ(၂၀)ဧက၊ (ဝ.၀၈၀၉) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။ စီမံကိန်းတည်နေရာပြမြေပုံများအား နောက်ဆက်တွဲ (ခ)တွင်ဖော်ပြထားပါသည်။

၂.၂       စီမံကိန်းသက်တမ်းလျာထားချက်

ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ၏ (SGU-168) နိုင်ငံတော်နှင့်အကျိုးတူ အလတ်စားရွှေသတ္တုတူးဖော်ခြင်း စီမံကိန်းသည်တည်ဆောက်ရေးအဆင့်ဖြစ်ပြီး ရွှေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရခြင်း မရှိသေးပါ။သတ္တုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာ (သ-၂) အရ စီမံကိန်း သက်တမ်းကာလ(၁၅)နှစ်လျာထားပြီး မိုင်းပိတ်သိမ်းခြင်းနှင့် ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်ရန် (၅)နှစ် လျာထားပါသည်။ စီမံကိန်းအဆင့်အလိုက်ဆောင်ရွက်မည့် လုပ်ဆောင်ချက်များနှင့် လျာထားသည့်ကာလများကို ဇယား(၂.၁) တွင်ဖော်ပြထားပါသည်။

ဇယား(၂.၁)                                စီမံကိန်းသက်တမ်း လျာထားချက်ပြဇယား

စီမံကိန်းအဆင့် လုပ်ဆောင်ချက်များ လျာထားသည့်ကာလ
တည်ဆောက်ရေးအဆင့် စီမံကိန်းမြေနေရာရှင်းလင်းခြင်း၊ အခြေခံအဆောက် အဦများဆောက်လုပ်ခြင်း၊ မြေအောက်အင်းတူးဖော် ခြင်း၊မြေအောက်လှိုဏ်ခေါင်းများဆောက်လုပ်ခြင်း။ ၃ နှစ်
လုပ်ငန်းလည်ပတ်အဆင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း။ ၁၂ နှစ်
လုပ်ငန်းပိတ်သိမ်းအဆင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း၊ အခြေခံ အဆောက်အဦများ ဖျက်သိမ်းခြင်း၊ မြေယာဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ ၃ နှစ်
စောင့်ကြပ်ကြည့်ရှုသည့်အဆင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက် မှုများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိခိုက်မှု လျှော့ချရေး အစီအစဉ်များ ဆောင်ရွက်ခြင်း။ ၅ နှစ်

၂.၃       စီမံကိန်းတည်ဆောက်ရေးဆောင်ရွက်မှုများ

၂.၃.၁    အဆောက်အဦးများ

လုပ်ငန်းကြီးကြပ်ရေးရုံး (၁)လုံး၊ လူနေအိပ်ဆောင် (၂)လုံး၊ စားဖိုဆောင် (၁)ဆောင်၊ Winch တဲ (၁)လုံး၊ ပစ္စည်းသိုလှောင်ရုံ(၁)လုံး၊ လုံခြုံရေးအဆောက်အဦ(၁)လုံး ဆောက်လုပ် အသုံးပြုလျှက်ရှိပါသည်။ ဆောက်လုပ်ထားသော အဆောက်အဦများမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာဖြင့် ယာယီအဆောက်အဦများဖြစ်ပြီး အလျား(၄၀)ပေ၊ အနံ(၂၀)ပေခန့်သာရှိပါ သည်။ အဆောက်အဦ တစ်ခုနှင့်တစ်ခု (၃၀)ပေမှ (၁၀၀)ပေ အတွင်းသာခြား၍ တည်ဆောက် ထားပါသည်။

၂.၃.၂ အသုံးပြုသည့်စက်ယန္တရားများ

စီမံကိန်းတည်ဆောက်ရေးအဆင့်တွင်စီမံကိန်းမြေနေရာရှင်းလင်းခြင်း၊ အခြေခံ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ မြေအောက်အင်းတူးဖော်ခြင်း၊ မြေအောက်လှိုဏ်ခေါင်း များ ဆောက်လုပ်ခြင်းတို့ဆောင်ရွက်မည်ဖြစ်ပြီး အောက်ပါစက်ယန္တရားများ အသုံးပြုပါသည်။

ဇယား(၂.၂) အသုံးပြုသည့်စက်ယန္တရားများ

စဉ် အမျိုးအစား အရေအတွက်
ဘက်ဟိုး ၁ စီး
မြေသယ်ယာဉ် ၃ စီး
လက်ကိုင်ကျောက်ဖောက်စက် ၃ လုံး
သယ်ယူပို့ဆောင်ရေးယာဉ် ၂ စီး
ဝင့်မော်တာ ၁ လုံး
မီးစက် ၁ လုံး
လေမှုတ်စက် ၁ လုံး
ရေစုပ်စက် ၂ လုံး

 

၂.၃.၃    ဝန်ထမ်းအရေအတွက်

            စီမံကိန်းတည်ဆောက်ရေးတွင်ခန့်ထားသော ဝန်ထမ်းအရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

 

 

 

 

ဇယား (၂.၃) ဝန်ထမ်းအရေအတွက်

စဉ် ရာထူး ဦးရေ
စီမံကိန်းတာဝန်ခံ ၁ ဦး
စီမံခန့်ခွဲရေး မန်နေဂျာ ၁ ဦး
အင်ဂျင်နီယာ ၂ ဦး
ဘူမိဗေဒ အရာရှိ ၁ ဦး
ကြီးကြပ်ရေးမှူး ၄ ဦး
ပြည်သူလူထု ဆက်ဆံရေး တာဝန်ခံ ၁ ဦး
ကျန်းမာရေးမှူး ၁ ဦး
လျှပ်စစ် ဝန်ထမ်း ၂ ဦး
မိုင်းဆရာ ၂ ဦး
၁၀ မိုင်းလုပ်သား ၄ ဦး
၁၁ ဖောက်စက်ဆရာ ၂ ဦး
၁၂ ဖောက်စက်အကူ ၆ ဦး
၁၃ စားရိပ်သာ ၄ ဦး
၁၄ စိုက်ပျိုးရေးလုပ်သား ၂ ဦး
၁၅ အင်းလုပ်သား ၁၉ ဦး
၁၆ ယာဉ်မောင်း ၃ ဦး
၁၇ လုံခြုံရေး ၆ ဦး
၁၈ အထွေထွေလုပ်သား ၉ ဦး
စုစုပေါင်း ၇၀ ဦး

 

၂.၃.၄    ရေအသုံးချမှုနှင့်ရေရရှိမှု

၂၀၁၉၊ နိုဝင်ဘာလမှ ၂၀၂၀၊ ဧပြီလ အထိ ကောက်ယူရရှိသော အချက်အလက်များ အရ စီမံကိန်းတည်ဆောက်ရေးကာလတွင်ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊လုပ်သားများအသုံးပြုရန်၊လုပ်ကွက်အတွင်းရေဖြန်းရန်၊လုပ်ကွက်အတွင်း စိုက်ပျိုးထားသော သစ်ပင်များ ရေဖြန်းရန်တို့အတွက်ပျမ်းမျှအားဖြင့်တစ်လလျှင်ရေဂါလံ (၈ဝ၀၀၀)ခန့် အသုံးပြု ပါသည်။စီမံကိန်းအတွက်လိုအပ်သောရေကို မြေအောက် လုပ်ကွက်အတွင်း ထွက်ရှိသော ရေအားစုပ်တင်ပြီး မြောက်လတ္တီတွဒ် (22  ံ42’ 12.34’’ N)၊ အရှေ့လောင်ဂျီကျု (96  ံ02’ 44.50’’E)ရှိ(အလျား ၁၂ပေ x အနံ ၈ပေ x အနက် ၈ ပေ)ကွန်ကရစ်ရေကန်ဖြင့် သိုလှောင် ကာ အသုံးပြုပါသည်။သောက်ရေအတွက်ကုမ္ပဏီမှ အဝီစိတွင်းတူး၍ မီတာ (၁၀၀) ခန့် အနက်မှ စုပ်တင်ပြီး ရေသန့်စက်ဖြင့် သန့်စင်၍အသုံးပြုပါသည်။ စီမံကိန်း၏ တစ်လလျှင် အသုံးပြုသော ပျမ်းမျှရေပမာဏအား ဇယား(၂.၄) တွင်ဖော်ပြထားပါသည်။

 

                ဇယား(၂.၄)    ရေအသုံးပြုမှုပမာဏပြဇယား

စဉ် အသုံးပြုနေရာ အသုံးပြုသော ပမာဏ
(Gallon)
သောက်သုံးရေ ၂၀၀၀၀
လုပ်ကွက်တူးဖော်ခြင်းမြေယာပြန်လည် ပြုပြင် ခြင်းနှင့် စိုက်ပျိုးရေးသုံးရေ အသုံးပြုရန်) ၁၅၀၀၀
တူးဖော်ရေး လုပ်ငန်းစဉ်များ အသုံးပြုရန် ၂၀၀၀
လမ်းများ ဖုန်သိပ်ရန် ပက်ဖျန်းခြင်း ၂၂၀၀၀
မီးဘေးကာကွယ်ရန် ရေ ၈၀၀၀
ဒေသခံပြည်သူများသို့ ပေးဝေသော ရေ ၁၂၅၀၀
စုစုပေါင်း ၈၀၀၀၀

 

၂.၃.၅ စက်သုံးဆီအသုံးပြုမှု

            ၂၀၁၉၊ နိုဝင်ဘာလမှ ၂၀၂၀၊ ဧပြီလ အထိ ကောက်ယူရရှိသော အချက်အလက်များ အရ စီမံကိန်းတွင်အသုံးပြုသော ယာဉ်/ယန္တရားများ လည်ပတ်ရန်အတွက်တစ်လလျှင် (ပျမ်းမျှ)စက်သုံးဆီအသုံးပြုမှုပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဇီဇယ်             ၇၅၀ ဂါလံ
  • ဓါတ်ဆီ             ၁၅၀ ဂါလံ
  • အင်ဂျင်ဝိုင်   ၅၀ ဂါလံ
  • ဟိုက်ဒြောလစ်ဆီ   ၅၀ ဂါလံ
  • Coolant water   ၅၀ ဂါလံ

၂.၃.၆ ယမ်းနှင့်စပ်ဆက်ပစ္စည်းများအသုံးပြုမှု

ပင်မလှိုဏ်တူးဖော်ခြင်းအတွက် ယမ်း (Emulsion Explosive)၊ အနှေးယမ်းကြိုး (Safety Fuse)၊ အမြန်ယမ်းကြိုး၊ စနက်တံ (Detonator)တို့ကို  အသုံးပြု၍ မိုင်းခွဲဖယ်ရှားခြင်း နည်းလမ်းဖြင့် ပြုလုပ်သွားပါသည်။  တစ်လလျှင်ယမ်း  (Amonium nitrate) (၂၀၀)ကီလိုခန့်၊ စနက်တံ (၁၅၀၀)ခု၊ အနှေးယမ်းကြိုး (၄၀၀)မီတာခန့်၊ အမြန်ယမ်းကြိုး (၁၀၀၀)မီတာခန့် အသုံးပြုပါသည်။ ယမ်းဖောက်ခွဲမှု တစ်ရက်လျှင် (၂) ကြိမ်နှုန်းဖြင့်ဆောင်ရွက်ပြီး  Secondary Blastingကို လုပ်ငန်းလိုအပ်ချက်ရှိမှသာ ဆောင်ရွက်ပါသည်။ စီမံကိန်းသည် တည်ဆောက် ရေး အဆင့်ဖြစ်ပြီး အခြားဓါတုပစ္စည်းများ သုံးစွဲခြင်းမရှိပါ။

 

 

 

အခန်း(၃)

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း

၃.၁       လေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းဆောင်ရွက်ရာတွင်ဘက်ဟိုး၊ မီးစက်စသော စက်ယန္တရားများ မောင်းနှင်ခြင်း မှ Carbon Monoxide, Sulfur Dioxide ဓါတ်ငွေ့များထွက်ရှိပြီး ယမ်းဖောက်ခွဲခြင်းမှNitrogen Dioxide ဓါတ်ငွေ့များ ထွက်ရှိပါသည်။ စီမံကိန်းလုပ်ကွက်အတွင်း ယာဉ်များ ဝင်ထွက်သွားလာခြင်း၊ အင်းတူးဖော်ခြင်း၊ ယမ်းဖောက်ခွဲခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့မှဖုန်မှုန့်၊ ကျောက်မှုန့်၊လွှစာမှုန့်စသော အမှုန်အမွှားများ ထွက်ရှိပါသည်။ အခိုးအငွေ့နှင့် အမှုန်အမွှားများသည်လေထုအရည်အသွေးကို ကျဆင်းစေပြီး အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားနိုင် သည့်အတွက်စီမံကိန်းတည်ဆောက်ရေးကာလတွင်ထွက်ရှိသော အခိုးအငွေ့နှင့် အမှုန်အမွှားများ သည်လေထုအရည်အသွေးအပေါ်သက်ရောက်မှု မည်မျှရှိသည်ကို သိရှိနိုင်ရန်၊ထိခိုက်မှု လျော့ပါး စေရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများ သက်ရောက်မှုရှိ/မရှိ သိရှိနိုင်ရန်အမှုန်အမွှား တိုင်းတာစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၃.၁.၁ စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

            လေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်(တည်ဆောက်ရေးအဆင့်)တွင် ဖော်ပြထားသော လိုက်နာ မှတ်များ၊ parameter များ၊ စောင့်ကြပ်ကြည့်ရှုရမည့် နေရာများနှင့် အကြိမ် အရေအတွက် အတိုင်း ဆောင်ရွက်ပါသည်။

၃.၁.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

လေအရည်အသွေးတိုင်းတာခြင်းကို Baseline Data အဖြစ်တိုင်းတာခဲ့သော လေ အရည်အသွေး လိုက်နာမှတ်(22°42’11.63″N 96°02′ 44.76″E)တွင် ပြန်လည် တိုင်းတာမှု ပြုလုပ်ခဲ့ပါသည်။လေအရည်အသွေး တိုင်းတာခဲ့သည့်တည်နေရာအား ပုံ(၁.၁) တွင်ဖော်ပြ ထားပါသည်။

  ပုံ(၁.၁) လေထုအရည်အသွေးတိုင်းတာသည့် တည်နေရာပြပုံ

                       

၃.၁.၃ စောင့်ကြပ်ကြည့်ရှုသည့်Parameter များ

စောင့်ကြပ်ကြည့်ရှုသည့် Parameters များမှာ Baseline Data ကောက်ယူစဉ်က တိုင်းတာခဲ့သော Parameters များဖြစ်သည့်ကာဗွန်မိုနောက်ဆိုဒ်(CO) ၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်(NO2)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2)၊ အမှုန်အမွှား(PM10)၊ အမှုန်အမွှား (PM2.5) တို့အပြင်အိုဇုန်း (O3)ကိုပါထပ်မံထည့်သွင်း၍ တိုင်းတာခဲ့ပါသည်။

၃.၁.၄ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            လေထုအရည်အသွေးတိုင်းတာရာတွင် Haz Scanner EPAS airQuality Monitoring Station အား အသုံးပြု၍အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက် နှင့် အညီ ၂၄ နာရီ တိုင်းတာမှုပြုလုပ်ပါသည်။

ပုံ(၁.၂) လေအရည်အသွေး တိုင်းတာမှုပြပုံ

၃.၁.၅ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

            လေအရည်အသွေးတိုင်းတာစစ်ဆေးမှုရလဒ်များအား  EMP ဆောင်ရွက်စဉ်က တိုင်း တာခဲ့သော အခြေပြုတန်ဖိုးများ (Baseline Values)၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည် အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်ပါတန်ဖိုးများနှင့် နှိုင်းယှဉ်၍ဇယား(၃.၁)တွင်ဖော်ပြ ထားပါသည်။

ဇယား(၃.၁)        လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုရလဒ်

Parameters Unit Location Coordinate Monitoring Result Baseline values Guideline values Average Period
Carbon monoxide ppm 22° 42′ 11.63″N

96° 02′ 44.76″E

0.107972 0.21079 9 8 hours
Nitrogen dioxide µg/m3 28.294 26.32 200 1 hour
Ozone µg/m3 5.5375 100 8 hours
Sulfur dioxide µg/m3 48.7754 34.405 20 24 hours
PM 10 µg/m3 19.025 69.6724 50 24 hours
PM 2.5 µg/m3 18.3222 59.6391 25 24 hours

 

၃.၁.၆   သုံးသပ်တင်ပြချက်

လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအရ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်မှာ Baseline Value ထက်အနည်းငယ်ကျော်လွန်နေသော်လည်း အမျိုးသား ပတ်ဝန်းကျင် ဆိုင်ရာအရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ပါသတ်မှတ်ချက်များအား ကျော်လွန် ခြင်းမရှိသည်ကို တွေ့ရှိရပြီး ထပ်တိုးတိုင်းတာသော Parameter ဖြစ်သည့်အိုဇုန်းသည်လည်း သတ်မှတ်ချက်အား ကျော်လွန်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမှထွက်ရှိသော ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရို ဂျင်ဒိုင်အောက်ဆိုဒ်နှင့်အိုဇုန်းဓါတ်ငွေ့များသည် ပတ်ဝန်းကျင်အပေါ်သိသာထင်ရှားသော သက်ရောက်မှုမဖြစ်စေနိုင်ပါ။

သို့ရာတွင်လေထုအတွင်း ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုပမာဏမှာBaseline Value များထက်သိသာထင်ရှားစွာ ကျော်လွန်နေပြီး လမ်းညွှန်ချက်ပါသတ်မှတ်ချက်များ ထက်လည်း သိသာထင်ရှားစွာ ကျော်လွန်နေသည်ကို တွေ့ရှိရပါသည်။ယင်းမှာ စီမံကိန်း တည်ဆောက်ရေးတွင်အသုံးပြုသော ဘက်ဟိုး၊ မြေသယ်ယာဉ် စသော စက်ယန္တရားမှဆာလဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်နိုင်ပြီး စီမံကိန်းတည် ဆောက်ရေး လုပ်ငန်းများ ပြီးဆုံးချိန်တွင်မူလအခြေအနေ အတိုင်းသာ ရှိနိုင်မည်ဟု ခန့်မှန်းပါ သည်။

လေထုအတွင်း PM10 နှင့် PM2.5 ပါဝင်မှု ပမာဏသည်Baseline Values များအောက်သိသိသာသာ လျော့နည်းသွားသည့်အပြင်လမ်းညွှန်ချက်ပါသတ်မှတ်ချက်များအောက်လျော့နည်းသည်ကို တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍အမှုန်အမွှားထွက်ရှိမှု လျော့ပါးစေရေး လုပ်ဆောင်ချက်များသည်အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိရပါသဖြင့်လက်ရှိအရည်အသွေးအား ဆက်လက်ထိန်သိမ်းရန်အကြံပြုထားပါသည်။

၃.၁.၇   ထိခိုက်မှုလျော့ပါးစေရေးဆောင်ရွက်မည့်အစီအစဉ်များ

            လေထုအတွင်း ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုပမာဏ လျော့ပါးစေရန်ဆာလဖာဒိုင် ကအောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်သော ယာဉ်ယန္တရားများအား အသုံးပြုချိန် လျှော့ချခြင်း၊ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ထုတ်လွှတ်မှုနည်းပါးသော Model မြင့်ယာဉ်ယန္တရားများအား အစားထိုး အသုံးပြုခြင်း၊ ယာဉ်ယန္တရား အရေအတွက် လျှော့ချအသုံးပြုခြင်းတို့ဆောင်ရွက်သွားပါမည်။

၃.၂       ဆူညံသံစောင့်ကြပ်ကြည့်ရှုခြင်း

ဘက်ဟိုး၊ မြေသယ်ယာဉ်စသော စက်ယန္တရားများမောင်းနှင်ခြင်း၊ အင်းတူးဖော်ခြင်း၊ ယမ်းဖောက်ခွဲခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့မှဆူညံသံများထွက်ရှိပါသည်။စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများမှ ထွက်ရှိသော ဆူညံသံများသည် အနီးပတ်ဝန်းကျင်ရှိဒေသခံ ပြည်သူလူထုအပေါ် သက်ရောက်မှု ရှိ/မရှိသိရှိနိုင်ရန်၊ထိခိုက်မှုလျော့ပါးစေရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများ သက်ရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်ဆူညံသံတိုင်းတာခြင်းကို ဆောင်ရွက်ပါသည်။

 

 

၃.၂.၁ ဆူညံသံစောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်

ဆူညံသံအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်(တည်ဆောက်ရေးအဆင့်)တွင်ဖော်ပြထားသော လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုရမည့်နေရာများနှင့် အကြိမ်အရေ အတွက် အတိုင်း ဆောင်ရွက်ပါသည်။

၃.၂.၂    စောင့်ကြပ်ကြည့်ရှုသည့် တည်နေရာ

            ဆူညံသံတိုင်းတာခြင်းကို Baseline Data အဖြစ် တိုင်းတာခဲ့သော နေရာမှာ အင်း ပြုလုပ်မည့်နေရာအနီး (22° 42′ 11.50″ N 96° 02′ 44.43″ E)နှင့် လူနေဆောင်အနီး (22° 42′ 12.20″ N 96° 02′ 44.84″ E )တွင်ပြန်လည်တိုင်းတာခဲ့ပါသည်။ဆူညံသံ တိုင်းတာ ခဲ့သည့် တည်နေရာအား ပုံ(၁.၃)တွင်ဖော်ပြထားပါသည်။

                       ပုံ(၁.၃) ဆူညံသံတိုင်းတာသည့်တည်နေရာပြပုံ

၃.၂.၃    စောင့်ကြပ်ကြည့်ရှုမှု နည်းလမ်း

ဆူညံသံစောင့်ကြပ်ကြည့်ရှုရာတွင် Digital Sound Level အသုံးပြု၍အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး ထုတ်လွှတ်မှုလမ်းညွှန်ချက်နှင့်အညီ ၂၄နာရီ( 7am-10pm, 10pm-7am) တိုင်းတာမှုပြုလုပ်ပါသည်။

                         ပုံ(၁.၄) ဆူညံသံ တိုင်းတာမှုပြပုံ

၃.၂.၄    စောင့်ကြပ်ကြည့်ရှုမှုရလဒ်

ဆူညံသံအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအား EMP ဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ (Baseline Values)၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်ပါတန်ဖိုးများနှင့် နှိုင်းယှဉ်၍ဇယား(၃.၂)တွင်ဖော်ပြထားပါသည်။

ဇယား(၃.၂)                         ဆူညံသံတိုင်းတာစစ်ဆေးမှုရလဒ်

Location Unit Monitoring result Baseline result  Guideline values
Day

(7am-10pm)

Night

(10pm-7am)

Day

(on the spot)

Night

(on the spot)

Day

(7am-10pm)

Night

(10pm-7am)

(22° 42′ 11.50″ N 96° 02′ 44.43″ E) dBA 10.64761 9.230869 64.3 61 55 45
(22° 42′ 12.20″ N 96° 02′ 44.84″ E ) dBA 10.84761 8.230869 55.6 52.5 55 45

.၂.၅ သုံးသပ်တင်ပြချက်

ဆူညံသံတိုင်းတာစစ်ဆေးမှုရလဒ်များအရ လက်ရှိ ဆူညံသံ အရည်အသွေးသည်လမ်းညွှန်ချက်ပါသတ်မှတ်ချက်ကို ကျော်လွန်ခြင်းမရှိကြောင်းကို တွေ့ရှိရပါသည်။လက်ရှိ ဆူညံသံအရည်အသွေးနှင့် Baseline Data အဖြစ် တိုင်းတာခဲ့သော ဆူညံသံ အရည်အသွေး တို့ကွာဟချက်များ ရှိနေခြင်းမှာ Baseline Data အဖြစ် တိုင်းတာခဲ့စဉ်က On the Spot တိုင်းတာခဲ့ခြင်းဖြစ်ပြီး ယခုတိုင်းတာထားသော ရလဒ်မှာ လမ်းညွှန်ချက်နှင့်အညီ ၂၄နာရီစာ    (7am-10pm, 10pm-7am) တိုင်းတာခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

၃.၃       ရေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းမှစွန့်ထုတ်သော စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေများကြောင့် ပတ်ဝန်းကျင်ရှိမြေပေါ်ရေ နှင့် မြေအောက်ရေ အရည်အသွေးပေါ်ထိခိုက်မှုရှိမရှိ သိရှိနိုင်ရန်စီမံကိန်းမှစွန့်ထုတ်သော စွန့်ပစ်ရေ နှင့် စီမံကိန်းပတ်ဝန်းကျင်ရှိ မြေအောက်ရေတို့အား နမူနာကောက်ယူ၍  မန္တလေးမြို့ရှိ Future National Lab သို့ပို့ဆောင်၍ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါသည်။

၃.၃.၁   ရေအရည်အသွေးစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ရေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်း ကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်(တည်ဆောက်ရေးကာလ)တွင်ဖော်ပြထားသော လိုက်နာ မှတ်များ၊ Parameterများ၊ စောင့်ကြပ်ကြည့်ရှုမည့်နေရာများနှင့် အကြိမ် အရေအတွက် အတိုင်း စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ပါသည်။

၃.၃.၂    စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

လုပ်ကွက်ဧရိယာအတွင်း မြေပေါ်ရေအရည်အသွေး သိရှိနိုင်ရန်စွန့်ထုတ်အရည် လိုက်နာမှတ်ဖြစ်သည့် စီမံကိန်းမှ စွန့်ထုတ်သောစွန့်ပစ်ရေများ စီးဆင်းသည့်နေရာ (22 ံ42’ 02 .19’’N)၊ (96  ံ 02’ 46.65’’ E) မှ ရေနှင့်  မြေအောက်ရေနမူနာကောက်ယူခြင်းကို EMP ဆောင်ရွက်စဉ်က Baseline Data အဖြစ်ကောက်ယူခဲ့သောနေရာ (22 ံ42’ 11.42’’ N 96 ံ02’ 45.78’’E)ရှိ ပင်မလှိုဏ်တူးဖော်ခြင်းမှထွက်ရှိသော မြေအောက်ရေကို စုပ်တင်၍လုပ်သားများ အသုံးပြုသော အများသုံးရေကန်မှရေကို နမူနာကောက်ယူ၍ ဓါတ်ခွဲခန်းသို့ ပို့ဆောင်ကာ တိုင်းတာစစ်ဆေးမှုဆောင်ရွက်ပါသည်။ရေနမူနာ ကောက်ယူခဲ့သည့်တည်နေ ရာများအား ပုံ(၁.၅)တွင်ဖော်ပြထားပါသည်။

ပုံ(၁.၅) ရေနမူနာကောက်ယူသည့် တည်နေရာပြပုံ

BaseLine Data

Waste Water                                        (22 ံ42’ 02 .19’’N)၊ (96  ံ02’ 46.65’’ E)

Underground Water                             (22 ံ42’ 11.42’’ N)၊ (96 ံ02’ 45.78’’E)

Secondary Data    

Waste Water                                        (22 ံ42’ 02 .19’’N)၊ (96  ံ02’ 46.65’’ E)

Underground Water                             (22 ံ42’ 11.42’’ N)၊ (96 ံ02’ 45.78’’E)

၃.၃.၃ စောင့်ကြပ်ကြည့်ရှုသည့် Parameterများ

            ရေအရည်အသွေးတိုင်းတာသည့်Parameterများမှာ pH, Total dissolved solid, Total hardness, Total alkalinity, Total acidity, Sulphate, Chloride, Iron, Colour, Copper, Led, Zinc တို့ဖြစ်ပါသည်။ရေအရည်အသွေးစံသတ်မှတ်ချက်အဖြစ်မြေပေါ် စွန့်ပစ်ရေအတွက်NEQEG Giudeline နှင့် မြေအောက်မှထွက်ရှိသော သောက်သုံးရေအတွက် WHODrinking Water Quality Guideline အား အသုံးပြုပါသည်။

၃.၃.၄ စောင့်ကြပ်ကြည့်ရှုမှုမှုနည်းလမ်း

            ရေအရည်အသွေးတိုင်းတာစစ်ဆေးရန်စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေနှင့် ပင်မ အင်းတူးဖော်ခြင်းမှထွက်ရှိသော မြေအောက်ရေကို 1liter ဗူးဖြင့်နမူနာကောက်ယူ၍ ရန်ကုန်မြို့ရှိ Future National Labသို့ပို့ဆောင်ကာ ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ပါသည်။

ပုံ(၁.၆) မြေပေါ်စွန့်ပစ်ရေနမူနာကောက်ယူပုံ           ပုံ(၁.၇) မြေအောက်ရေ နမူနာကောက်ယူပုံ

၃.၃.၅ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုရလဒ်များအား EMP ဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ(Baseline Values)၊ NEQEG Giudeline ပါ တန်ဖိုးများ နှင့် နှိုင်းယှဉ်၍ဇယား(၃.၃)တွင်ဖော်ပြထားပြီး မြေအောက်ရေ အရည်အသွေး တိုင်းတာ စစ်ဆေးမှုရလဒ်များအား EMP ဆောင်ရွက်စဉ်က တိုင်းတာခဲ့သော အခြေပြုတန်ဖိုးများ (Baseline Values)၊ WHO Drinking Water Quality Guideline ပါ တန်ဖိုးများနှင့် နှိုင်းယှဉ်၍ဇယား (၃.၄)တွင်ဖော်ပြထားပါသည်။

 

 

 

 

 

 

 

ဇယား (၃.၃)       မြေပေါ်စွန့်ပစ်ရေအရည်အသွေးစစ်ဆေးချက်ရလဒ်

Location Parameters ppm Monitoring result Baseline result Guideline values
22 ံ42’ 02 .19’’ N

96  ံ02’ 46.65’’ E

pH 6.7 7.9 6-9
Total dissolved solid(TDS) Mg/L 256.72 576.82 500
Total hardness as CaCO3 Mg/L 92.00 80 100
Total alkalinity as CaCO3 Mg/L 70.00 378
Total acidity as CaCO3 Mg/L 6.00 1
SO4 (Sulphate) Mg/L 23.48 47.38
CL (Chloride) Mg/L 32.00 10 0.86
Iron (Fe) Mg/L 0.186 0.323
Colour Clear Clear Clear
Cu (Copper) Mg/L 0.038 0.005 0.1
Pb (Lead) Mg/L 0.010 0.111 0.05
Zn (Zinc) Mg/L 0.004 0.002 1.0

 

ဇယား(၃.၄)        မြေအောက်ရေအရည်အသွေးစစ်ဆေးချက်ရလဒ်

Location Parameters ppm Monitoring result Baseline result Guideline values
22 ံ42’ 11.42’’ N 96 ံ02’ 45.78’’ E pH 6.9 7.3 6.5-8.5
Total dissolved solid(TDS) Mg/L 245.06 526.95 1000
Total hardness as CaCO3 Mg/L 80.00 60
Total alkalinity as CaCO3 Mg/L 102.00 264
Total acidity as CaCO3 Mg/L 4.00 5
SO4 (Sulphate) Mg/L 8.65 131.43 250
CL (Chloride) Mg/L 20.00 16 250
Iron (Fe) Mg/L 0.382 0.35 0.3
Colour Clear Clear Clear
Cu (Copper) Mg/L 0.003 0.022 2
Pb (Lead) Mg/L 0.007 0.110 0.01
Zn (Zinc) Mg/L 0.017 0.035 3

 

၃.၃.၆ သုံးသပ်တင်ပြချက်

မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေးချက်အရ Chloride ပါဝင်မှု ပမာဏမှာ Baseline Value ထက် မြင့်တက်လာပြီး သတ်မှတ်ချက်များထက်ကျော်လွန်နေပါသည်။ Chlorideပမာဏမြင့်တက်လာခြင်းမှာ မီးဖိုချောင်စွန့်ပစ်ရေတွင် ပျော်ဝင်နေသောဆားဓါတ် များကြောင့်ဖြစ်နိုင်ပါသည်။ထို့အပြင်ရေစေးနှုန်း (Hardness)ပမာဏမှာ  Baseline Value ထက်အနည်းငယ် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ထိုသို့မြင့်တက်လာခြင်းမှာ လုပ်ကွက်များ သက်တမ်းတိုးကာလမှာ မြေအောက်လုပ်ငန်းများ ရပ်တန့်ထားခြင်းကြောင့်ရေလည်ပတ်မှုမရှိခြင်းကြောင့်မြေအောက်ရေတွင် Calcium နှင့်Magnesium ပါဝင်မှုပမာဏ မြင့်တက်လာခြင်း ဖြစ်နိုင်ပါသည်။ ပင်မအင်းတူးဖော်ရာတွင် TDS, Sulphate နှင့် Alkalinity ပမာဏမှာ Baseline Value များထက်လျော့ပါးသွားသည်ကို တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍စွန့်ပစ်ရေစီမံခန့်ခွဲမှုလုပ်ဆောင်ချက်များ ထိရောက်မှုရှိကြောင်း သုံးသပ်ပါသည်။

၃.၃.၇ ထိခိုက်မှုလျော့ပါးစေရေးဆောင်ရွက်မည့် အစီအစဉ်များ

            စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေများကို စီမံကိန်းပြင်ပသို့စွန့်ထုတ်ခြင်းမရှိဘဲ စီမံကိန်း ဧရိယာအတွင်း ရေဆိုးစွန့်ပစ်ကန်ပြုလုပ်၍နေရောင်ခြည်ဖြင့်အငွေ့ပြန်ခြောက်သွေ့စေခြင်း ကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိနိုင်ပါ။မိုးရာသီတွင်စွန့်ပစ်ရေများ ရေစီးနှင့် အတူ စီမံကိန်းပြင်ပသို့စီးထွက်ခြင်း မရှိစေရန်ရေဆိုးစွန့်ပစ်ကန်တွင် run-off cut များ ပြုလုပ်ထား ရှိပါသည်။

၃.၄       မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း

            စီမံကိန်းမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေများကြောင့်မူလမြေထုအရည်အသွေး ကျဆင်းမှု ရှိ/မရှိသိရှိရန်မြေထုအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ပါသည်။

၃.၄.၁   မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်းကို EMP အစီရင်ခံစာ အခန်း(၁၀) ပတ်ဝန်း ကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်(တည်ဆောက်ရေးကာလ)တွင်ဖော်ပြထားသော လိုက်နာ မှတ်များ၊ Parameterများ၊ စောင့်ကြပ်ကြည့်ရှုမည့်နေရာများနှင့် အကြိမ်အရေအတွက် အတိုင်း စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ပါသည်။

၃.၄.၂ စောင့်ကြပ်ကြည့်ရှုသည့်တည်နေရာ

မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရာတွင် လုပ်ကွက်ဧရိယာ၏ အနောက်မြောက်ဘက်အင်းပေါက်အနီး (22 ံ42’ 09.46’’ N)၊ (96 ံ02’ 47.65’’ E) မှ မြေအား နမူနာကောက်ယူပါသည်။ မြေနမူနာကောက်ယူသည့်တည်နေရာအား ပုံ(၁.၈)တွင်ဖော်ပြ ထားပါသည်။

 

 

 

 

 

 

 

ပုံ(၁.၈) မြေနမူနာကောက်ယူသည့် တည်နေရာပြပုံ

BaseLine Data

Soil Sample                   (22 ံ42’ 09.46’’ N)၊ (96 ံ02’ 47.65’’ E)

Secondary Data

                                    Soil Sample                   (22 ံ42’ 09.46’’ N)၊ (96 ံ02’ 47.65’’ E)

၃.၄.၃ စောင့်ကြပ်ကြည့်ရှုသည့်Parameterများ

            မြေအရည်အသွေးစောင့်ကြပ်ကြည့်ရှုရာတွင်တိုင်းတာသည့်Parameter များမှာ Moisture, pH, Organic Carbon, Humas, Total nitrogen, Phosphorus trioxide, Potassium oxide, Sodium, Potassium, Calcium, Magnesium, Cation exchange capacity တို့ဖြစ်ပါသည်။

၃.၄.၄ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            မြေအရည်အသွေးတိုင်းတာစစ်ဆေးရန်ပင်မအင်းပေါက်အနီးမှမြေအား နမူနာ ကောက်ယူ၍ မန္တလေးမြို့ရှိ မြေအသုံးချမှုဌာနသို့ပို့ဆောင်ကာ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ပါ သည်။

ပုံ(၁.၉) မြေနမူနာ ကောက်ယူပုံ

၃.၄.၅ စောင့်ကြပ်ကြည့်ရှုမှုရလဒ်

မြေအရည်အသွေး စောင့်ကြပ်ကြည့်ရှုမှုရလဒ်များကို Baseline Data များဖြင့် နှိုင်းယှဉ် စစ်ဆေးချက်အား ဇယား(၃.၅)တွင်ဖော်ပြထားပါသည်။

ဇယား(၃.၅)      မြေအရည်အသွေးစစ်ဆေးချက်ရလဒ်

Parameters Unit Monitoring result Baseline     result
Moisture % 0.07 0.08
pH 8.85 8.41
Organic Carbon % 0.19 0.2
Humas % 0.32 0.43
Total Nitrogen % 0.07 0.05
Avaliable P2O3 Ppm 6.95 6.44
Avaliable K2O Mg/100g 7.2 7.0
Na Meq/100g 1.74 1.63
K Meq/100g 0.15 0.20
Ca Meq/100g 7.01 8.2
Mg Meq/100g 3.00 3.2
CEC Meq/100g 11.9 12.8

၃.၄.၆ သုံးသပ်တင်ပြချက်

            မြေအရည်အသွေးတိုင်းတာစစ်ဆေးချက်အရ ယခင်တိုင်းတာထားသော Baseline Data များနှင့် ကွာခြားချက်အနည်းငယ်သာရှိသည်ကို တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေနှင့် စွန့်ပစ်ပစ္စည်းများကြောင့်မြေထုအရည်အသွေးအပေါ်ထိခိုက်မှုမရှိ ကြောင်း တွေ့ရှိရပါသည်။

၃.၅      အစိုင်အခဲစွန့်ပစ်ပစ္စည်းစောင့်ကြပ်ကြည့်ရှုခြင်း

၃.၅.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            စီမံကိန်းမှ စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏကို ၂၀၁၉၊ နိုဝင်ဘာလမှ ၂၀၂၀၊ ဧပြီလ အထိ နေ့စဉ်ထွက်ရှိမှုပမာဏကို ခန့်မှန်းခြင်းဖြင့်စာရင်းကောက်ယူခြင်း ဆောင်ရွက်ပါသည်။

၃.၅.၂ အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှု

စီမံကိန်းမှအစိုင်အခဲ စွန့်ပစ်ပစ္စည်းအဖြစ်ပင်မလှိုဏ်တူးဖော်ခြင်းမှထွက်ရှိသော စွန့်ပစ်မြေစာနှင့်ကျောက်စာများ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှထွက်ရှိသော သစ်သား အတို အစ၊ ရွေဘော်စာ၊ သံတိုသံစ၊ ကြွပ်ကြွပ်အိတ်နှင့်ပလတ်စတစ်ပစ္စည်းများ၊ လုပ်သားများမှ စွန့်ပစ်သော ဘူးခွံ၊ ပုလင်းခွံနှင့် ကြွပ်ကြွပ်အိတ်များ၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၊ စသည်တို့ ထွက်ရှိပါသည်။တစ်လလျှင် ပျမ်းမျှအစိုင်အခဲ စွန့်ပစ်ပစ္စည်း ထွက်ရှိမှု ပမာဏအား အောက်ပါ ဇယား(၃.၆)တွင်ဖော်ပြထားပါသည်။

 

 ဇယား(၃.၆)   အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ

(Metric Ton)

စွန့်ပစ်မြေစာ/ကျောက်စာ ၄၀ တန်
ဆောက်လုပ်ရေးလုပ်ငန်း = ၂ တန်
လုပ်သားစွန့်ပစ်ပစ္စည်း ၁ တန်
မီးဖိုချောင်စွန့်ပစ်ပစ္စည်း ၃ တန်
အခြား ၁ တန်

၃.၅.၃ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

            ပင်မအင်းတူးဖော်ခြင်းမှထွက်ရှိသော အပေါ်ယံမြေဆီလွှာများအား သီးခြားဖယ်ရှား၍ စီမံကိန်းဧရိယာအတွင်းတွင်  စနစ်တကျ စုပုံထားရှိပြီး  မိုင်းပိတ်သိမ်းချိန်တွင်မူလမြေဆီလွှာ ပျက်စီးနေသော နေရာများတွင် ဖုံးအုပ်ခြင်း ဆောင်ရွက်ပါသည်။ ရွှေပါဝင်မှုမရှိသောကျောက် ရိုင်းဖြုန်းများအား (22° 42’ 06.86” N, 96° 02’ 49.58”E)တွင်လှေကားထစ် ပုံသဏ္ဍာန်စုပုံထားရှိပြီး လမ်း၊ တံတားနှင့် အဆောက်အဦများ ဆောက်လုပ်ခြင်း ဆောင်ရွက်ရာတွင်လည်းကောင်း အခြားဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်းကောင်း အသုံးပြုပါသည်။အင်း တူးဖော်ခြင်းမှ ထွက်ရှိသော ကျောက်ရိုင်းဖြုန်းများတွင်အက်စစ်စီးဆင်းမှု (Acid Rock Drainage)ဖြစ်ပွားစေသော Mineralများ မပါရှိပါ။ကျောက်ရိုင်းမြေစာပုံကြံ့ခိုင်မှုရှိစေရန်မြေစာ ပုံပေါ်တွင် မြက်ပင်ခြုံပင်များ စိုက်ပျိုးထားရှိပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့်လုပ်သားသုံး စွန့်ပစ်ပစ္စည်းများအား Recycle ပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းနှင့် Recycle မပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများဟူ၍ ခွဲခြားထားရှိပါသည်။ Recycle ပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများအား ကျည်တောက်ပေါက်ကျေးရွာရှိ အဟောင်း ဆိုင်များတွင်ရောင်းချပြီး Recycle မပြုလုပ်နိုင်သော စွန့်ပစ်ပစ္စည်းများအား Landfill ပြုလုပ်၍စွန့်ပစ်ခြင်း၊ မီးရှို့ဖျက်စီးခြင်းများ ဆောင်ရွက်ပါသည်။မီးဖိုချောင်စွန့်ပစ်ပစ္စည်းများဖြစ်သော အစာအကြွင်းအကျန်များ၊ အသီးအရွက်နှင့်အသားငါးအမှိုက်များကို သီးခြားအမှိုက်ပုံးဖြင့်စွန့်ပစ်စေပြီး တိရစ္ဆာန်အစာအဖြစ် အသုံးပြုရန်ကျည်တောက်ပေါက်၊ ကန်တောင်ကျေးရွာ များမှမွေးမြူရေးလုပ်ကိုင်သူများအား ပေးဝေပါသည်။

၃.၆      စွန့်ပစ်ရေစောင့်ကြပ်ကြည့်ရှုခြင်း

            ၃.၆.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

စီမံကိန်းမှ စွန့်ပစ်ရေထွက်ရှိမှု ပမာဏကို စာရင်းကောက်ယူရာတွင်၂၀၁၉၊ နိုဝင်ဘာ လမှ ၂၀၂၀၊ ဧပြီလအထိ လစဉ်ရေအသုံးပြုမှုပမာဏအပေါ်အခြေခံ၍ တွက်ချက်ပါသည်။

 

 

၃.၆.၂ စွန့်ပစ်ရေထွက်ရှိမှု

စီမံကိန်းလုပ်ငန်းမှစွန့်ပစ်ရေအဖြစ်လုပ်သားများ ချိုးရေ/သုံးရေ၊ မိလ္လာရေ၊ မီးဖိုချောင်စွန့်ပစ်ရေ၊ Wetdrilling ပြုလုပ်ခြင်းမှ ထွက်ရှိသောရေ၊ ယာဉ်ယန္တရားများဆေးကြောရေ စသည်တို့ ထွက်ရှိပါသည်။ တစ်လလျှင်ပျမ်းမျှစွန့်ပစ်ရေထွက်ရှိမှုပမာဏအား အောက်ပါ ဇယား (၃.၇)တွင် ဖော်ပြထားပါသည်။

ဇယား(၃.၇)   စွန့်ပစ်ရေထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ရေအမျိုးအစား ထွက်ရှိမှုပမာဏ

(gallon)

ချိုးရေ/သုံးရေ ၉၀၀၀
မိလ္လာ ၃၇၀၀
မီးဖိုချောင်စွန့်ပစ်ရေ ၂၀၀၀
Wet drilling စွန့်ပစ်ရေ ၅၀၀၀
ယာဉ်ယန္တရားဆေးကြောရေ ၃၆၀၀

၃.၆.၃ စွန့်ပစ်ရေစီမံခန့်ခွဲမှု

            စီမံကိန်းမှထွက်ရှိသော စွန့်ပစ်ရေများအား စီမံကိန်းပြင်ပသို့စွန့်ထုတ်ခြင်းမပြုဘဲ ရေနုတ်မြောင်းစနစ်ဖြင့်စီမံကိန်းဧရိယာအတွင်းရှိ စွန့်ပစ်ရေကန်အတွင်းသို့စီးဆင်းစေပြီး နေရောင်ခြည်ဖြင့်အငွေ့ပျံခြောက်သွေ့စေပါသည်။မိုးရာသီတွင်စွန့်ပစ်ရေကန်အတွင်းသို့ ရေများစီးဝင်၍စီမံကိန်းပြင်ပသို့ စီးထွက်မှုမရှိစေရန်စွန့်ပစ်ရေကန်အား အမြင့်၃ပေခန့်ရှိသော မြေသားတမံနှင့် အမြင့်၂ပေ အကျယ်၂ပေခန့်ရှိသော run-off cut ရေနုတ်မြောင်း ပြုလုပ်ထား ရှိပါသည်။

၃.၇      စွန့်ပစ်အခိုးအငွေ့စောင့်ကြပ်ကြည့်ရှုခြင်း

၃.၇.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

လေထုအတွင်း စွန့်ပစ်အခိုးအငွေ့များပါဝင်မှု ပမာဏအား Haz scanner EPAS air Monitoring Station အသုံးပြု၍လေထုအရည်အသွေးတိုင်းတာခြင်းဆောင်ရွက်ပါသည်။

၃.၇.၂ စွန့်ပစ်အခိုးအငွေ့ထွက်ရှိမှု

ယာဉ်ယန္တရားများ မောင်းနှင်ခြင်းမှကာဗွန်မိုနောက်ဆိုဒ်၊ဆာလဖာဒိုင်အောက်ဆိုဒ်၊ဟိုက်ဒရိုကာဗွန်စသောဓါတ်ငွေ့များ၊ ယမ်းဖောက်ခွဲခြင်းမှ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ၊ အမှိုက်များမီးရှို့ခြင်းမှကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ ထွက်ရှိပါသည်။ထို့အပြင်စီမံကိန်းအတွင်း ယာဉ်ယန္တရားများသွားလာခြင်း၊ ယမ်းဖောက်ခွဲခြင်း၊ အင်းတူး ဖော်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့မှအမှုန်အမွှားများ ထွက်ရှိပါသည်။

 

၃.၈      အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်း စောင့်ကြပ်ကြည့်ရှုခြင်း

အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအား အစိုင်အခဲနှင့်အရည်ဟူ၍ ခွဲခြားထားပါသည်။

၃.၈.၁ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်း(အစိုင်အခဲ)

စီမံကိန်းတွင်အသုံးပြုသော မီးသီး/မီးချောင်း၊ ဘထ္ထရီအိုးများတွင် ပြဒါးပါဝင်ခြင်း၊ ဆေးထိုးအပ်၊ဆေးထိုးပြွန်၊ဆေးခန်းသုံးလက်အိတ်စသော ဆေးခန်းသုံးစွန့်ပစ်ပစ္စည်းများတွင်ကူးစက်စေသော ရောဂါပိုးများ ကပ်ညှိနိုင်ခြင်းတို့ကြောင့် ၎င်းတို့အား အန္တရာယ်ရှိသော စွန့်ပစ် ပစ္စည်းများအဖြစ်သတ်မှတ်ပါသည်။၂၀၁၉၊ နိုဝင်ဘာလမှ ၂၀၂၀၊ ဧပြီလအထိ ကောက်ယူ ထားသော အချက်အလက်များအရ တစ်လလျှင်ပျမ်းမျှအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း ထွက်ရှိ မှု ပမာဏအား အောက်ပါဇယား(၃.၈)တွင်ဖော်ပြထားပါသည်။

ဇယား(၃.၈) အန္တရာယ်ရှိသော အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ

(pcs)

မီးသီး/မီးချောင်း ၃ ခု
ဘက်ထ္ထရီ ၂ ခု
ဆေးထိုးအပ်နှင့်ဆေးထိုးပြွန် ၁၅ ခု
ဆေးခန်းသုံးလက်အိတ် ၁၀ ခု

၃.၈.၁.၁ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

            ယာဉ်ယန္တရားများမှထွက်ရှိသော ဘက်ထ္ထရီများအား စွန့်ပစ်ခြင်းမပြုဘဲ ကျည်တောက်ပေါက်ကျေးရွာရှိ အဟောင်းဆိုင်များတွင် recycle ပြုလုပ်ရန်အတွက်ရောင်းချပါသည်။မီးသီး/မီးချောင်းများ၊ ဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများအား သံပေပါ အတွင်း ထည့်သွင်း၍ စွန့်ပစ်ပါသည်။

၃.၈.၂ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်း(အရည်)

ယာဉ်ယန္တရားများမှထွက်ရှိသော အင်ဂျင်ဝိုင်၊ ဟိုက်ဒြောလစ်ဆီနှင့် အက်စစ်အဟောင်း များသည် ဓာတုပစ္စည်းများပါဝင်သောကြောင့်အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအဖြစ်သတ်မှတ်ပါသည်။၂၀၁၉၊ နိုဝင်ဘာလမှ ၂၀၂၀၊ ဧပြီလအထိ ကောက်ယူထားသော အချက် အလက်များအရ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အရည်)ထွက်ရှိမှုပမာဏအား အောက်ပါ ဇယား(၃.၉)တွင်ဖော်ပြထားပါသည်။

 

 

 

 

ဇယား (၃.၉) အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း(အရည်)ထွက်ရှိမှုပမာဏပြဇယား

စဉ် စွန့်ပစ်ပစ္စည်းအမျိုးအစား ထွက်ရှိမှုပမာဏ

(gallon)

အင်ဂျင်ဝိုင် ၅၀ ဂါလံ
ဟိုက်ဒြောလစ်ဆီ ၅၀ ဂါလံ
အက်ဆစ် ၁၀ ဂါလံ

၃.၈.၂.၁ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု

ယာဉ်ယန္တရားများမှထွက်ရှိသော အင်ဂျင်ဝိုင်နှင့် ဟိုက်ဒြောလစ်ဆီ အဟောင်း များအား စွန့်ပစ်ခြင်းမပြုဘဲ ကျည်တောက်ပေါက်ကျေးရွာရှိ စက်သုံးဆီ အဟောင်း ဝယ်ယူသူများထံတွင် ရောင်းချပါသည်။ အက်စစ်အဟောင်းများအား စွန့်ပစ်ရာတွင် ၂၅ဂါလံဆံ့ ပေပါပိုင်းအတွင်း ရေ၁၀ဂါလံ၊ ထုံး ၁၀ကီလိုဂရမ်နှင့် အက်စစ် ၁၀ဂါလံ ရောမေွှ၍ ၂၄နာရီထားကာ Neutralized လုပ်ပြီးမှရေဆိုးစွန့်ပစ်ကန်အတွင်းသို့စွန့်ပစ် ပါသည်။စက်သုံးဆီများလဲလှယ်ရာတွင်ယိုဖိတ်ခြင်းမရှိစေရန်ဆီခံခွက်များအသုံးပြု၍လဲလှယ်ပါသည်။

၃.၉      သဘာဝပေါက်ပင်များ စောင့်ကြပ်ကြည့်ရှုခြင်း

၃.၉.၁ စောင့်ကြပ်ကြည့်ရှုမှုနည်းလမ်း

            စီမံကိန်းကြောင့် သဘာဝပေါက်ပင်များအပေါ်သက်ရောက်မှု ရှိ/မရှိ သိရှိရန်စီမံကိန်း ပတ်ဝန်းကျင်ရှိအပင်များအား ၆လတစ်ကြိမ် စာရင်းကောက်ယူခြင်း ဆောင်ရွက်ပါသည်။အပင်များစာရင်းကောက်ယူရာတွင်  Modified gentry plot နည်းလမ်းဖြင့်မီတာ 20×50 plot ချ၍ စာရင်းကောက်ယူပါသည်။

ပုံ(၁.၁၀) စီမံကိန်းပတ်ဝန်းကျင်ရှိ အပင်များစာရင်းကောက်ယူပုံ

 

 

၃.၉.၂ စီမံကိန်းပတ်ဝန်းကျင်ရှိသဘာဝပေါက်ပင်များ

          စီမံကိန်းပတ်ဝန်းကျင်တွင် တွေ့ရှိရသော သဘာဝပေါက်ပင်များမှာ သစ်ပကန်၊တောပင်စိမ်း၊ ဘူးချဉ်၊ဂျာမဏီ၊ တရော်၊တောပိတောက်၊သဘွတ်ခါး၊ ကြက်မောက်ဖြူ၊ ကြက်မောက်၊သစ်ပုတ်၊ မြင်ဝါး၊မရိုး၊ ကြက်ဆူ၊ လျှော်ဖြူ၊ကုက္ကို၊ရေသဖန်း၊ ရဲယို တို့ဖြစ်ပါသည်။များသောအားဖြင့်ခြုံပင်အမျိုးအစားများအား တွေ့ရှိရပြီး အပင်လတ်နှင့်အပင်ကြီး အမျိုး အစား အနည်းငယ်သာ တွေ့ရှိရပါသည်။စီမံကိန်းအခြေခံ အဆောက်အဦးများ ဆောက်လုပ် ခြင်း၊ လမ်းများဖောက်လုပ်ခြင်းတို့ ဆောင်ရွက်ရန်အပင်ငယ်များနှင့် ခြုံပင်(၁) ဧကခန့်ကို ရှင်းလင်းခဲ့ရပါသည်။ရှင်းလင်းခဲ့သော အပင်များသည်ကျည်တောက်ပေါက်ဒေသတွင်တွေ့ရ များသော အလေ့ကျပေါက်ပင်များဖြစ်ပြီး ရှားပါးအပင်မျိုးစိတ်များ၊ IUCN Redlist စာရင်းဝင် အပင်များ မပါရှိပါ။ရှင်းလင်းခဲ့သောအပင်များအား အစားထိုးစိုက်ပျိုးမှုအဖြစ်စီမံကိန်း ဧရိယာ အတွင်း ကျွန်းနှင့် မန်ဂျန်ရှားအပင်များ စိုက်ပျိုးထားရှိပါသည်။

၃.၁၀    ပြန်လည်နေရာချထားခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း

            စီမံကိန်းဧရိယာသည်လူနေအိမ်ခြေများ၊ သမိုင်းဝင်နေရာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် လွတ်ကင်းသောကြောင့်ရေွှ့ပြောင်းနေရာချထားရခြင်းများနှင့် ယဉ်ကျေးမှုအမွေနှစ်များ ထိခိုက်ပျက်စီးခြင်းမရှိပါ။

၃.၁၁    လူမှုစီးပွားဆိုင်ရာစောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းလုပ်ငန်းတွင်ဒေသခံပြည်သူများအား ခန့်အပ်ထားရှိခြင်းကြောင့်ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာခြင်း၊ စီမံကိန်း လုပ်ငန်းအတွက်လိုအပ်သော ပစ္စည်းများကို ဒေသတွင်းမှ ဝယ်ယူအသုံးပြုခြင်းကြောင့်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုမ္ပဏီမှလူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်း (CSR)များ ဆောင်ရွက်ခြင်းကြောင့်ဒေသတွင်း ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးများ ရရှိစေပါသည်။

၃.၁၂     ဒေသခံပြည်သူများနှင့်ဒေသခံအဖွဲ့အစည်းများမှတိုင်ကြားချက်များ

            တင်ပြသည့်စောင့်ကြပ်ကြည့်ရှုရေးကာလအတွင်း စီမံကိန်းလုပ်ငန်းနှင့်ပတ်သတ်၍ဒေသခံ ပြည်သူများနှင့် ဒေသခံအဖွဲ့အစည်းများထံမှမကျေနပ်မှုများ၊ တိုင်ကြားချက်ဖြစ်စဉ်များ မရှိပါ။

၃.၁၃    လုပ်ငန်းခွင်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစောင့်ကြပ်ကြည့်ရှုခြင်း

၃.၁၃.၁ လုပ်ငန်းခွင်မတော်တဆမှုများ

တင်ပြသည့်စောင့်ကြပ်ကြည့်ရှုရေး ကာလအတွင်း လုပ်ငန်းခွင်မတော်တဆ ထိခိုက် မှုများ ဖြစ်ပွားခြင်းမရှိပါ။ လုပ်သားများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရန်တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်း (PPE) များအသုံးပြုစေခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပါသည်။စက်ယန္တရားများ ချွတ်ယွင်းခြင်း ကြောင့်မတော်တဆထိခိုက်မှုများ မဖြစ်ပွားစေရန်စက်ယန္တရားများ ကြံ့ခိုင်မှုကို နေ့စဉ် စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပါသည်။စက်ယန္တရား မောင်းနှင်ခြင်းကို အတွေ့အကြုံရှိသော ကျွမ်းကျင်စက်မောင်း၊ ယာဉ်မောင်းများအား ဆောင်ရွက်စေပါသည်။

၃.၁၃.၂ ကူးစက်ရောဂါများ

တင်ပြသည့်စောင့်ကြပ်ကြည့်ရှုရေးကာလအတွင်း ကူးစက်ရောဂါများဖြစ်သော HIV/ AIDS ရောဂါ၊ အသဲရောင်အသားဝါရောဂါ၊အဆုပ်ရောင်ရောဂါ၊ ဝမ်းလျှောရောဂါစသော ရောဂါများ ဖြစ်ပွားမှုမရှိပါ။ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် လုပ်သားများအား ကျန်းမာ ရေးအသိပညာပေးခြင်း၊ ၆လတစ်ကြိမ်ဆေးစစ်ခြင်းများ ဆောင်ရွက်ပါသည်။အသေးစား ထိခိုက်မှုများ၊ နာမကျန်းမှုများအတွက်စီမံကိန်းအတွင်း ဆေးခန်းဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးမှူးတစ်ဦး ထားရှိပါသည်။ COVID-19 ရောဂါကူးစက်မှုမရှိစေရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ညွှန်ကြားချက် များအတိုင်း လိုက်နာ ဆောင်ရွက်လျှက်ရှိပါသည်။

ပုံ(၁.၁၁) ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်မည့်နည်းလမ်းများ

၃.၁၃.၃ အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု

စီမံကိန်းလုပ်သားများအား လုပ်ငန်းချိန်အတွင်း အရက်သောက်ခြင်းကိုတားမြစ်၍အရက်သောက်သုံးထားခြင်း ရှိ/မရှိ စစ်ဆေးပြီးမှ လုပ်ငန်းခွင်အတွင်းဝင်ရောက်စေပါသည်။စီမံကိန်းလုပ်သားများ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိ ၆လတစ်ကြိမ် ဆေးစစ်၍ မူးယစ်ဆေးဝါးသုံးစွဲသော ဝန်ထမ်းအား အလုပ်မှထုတ်ပယ်ခြင်း ဆောင်ရွက်သွားပါမည်။

၃.၁၄    အန္တရာယ်ရှိသောပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း

စီမံကိန်းတွင်အသုံးပြုသော စက်ယန္တရားများ လည်ပတ်ရန်အတွက်လိုအပ်သော စက်သုံးဆီ များအား ကျည်တောက်ပေါက်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များမှဂါလံ(၅၀)ဆံ့ပေပါများဖြင့်တစ်ပတ်စာလိုအပ်သောပမာဏကိုသာ ဝယ်ယူအသုံးပြုပါသည်။ ဆီပေပါများအား စက်သုံးဆီ သိုလှောင်ရုံအတွင်း သိုလှောင်ထားရှိပြီး မီးသတ်ဆေးဘူးများ အလုံအလောက် ထားရှိပါသည်။

ပင်မလှိုဏ်တူးဖော်ခြင်းအတွက် လိုအပ်သော ယမ်းနှင့်ဆက်စပ်ပစ္စည်းများကို ကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဝယ်ယူအသုံးပြုပါသည်။ ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သပိတ်ကျင်း မြို့နယ်၊ (၇)မိုင်တွင် တည်ရှိသော အမှတ်(၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်အတွင်းရှိ စုပေါင်းယမ်း သိုလှောင်ရုံတွင် ယာယီအပ်နှံထားရှိပြီး လုပ်ငန်းလိုအပ်ချက်အရ တစ်ပတ်တစ်ကြိမ် လုံခြုံရေး အစီ အမံများဖြင့် ထုတ်ယူသုံးစွဲပါသည်။ ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား လုပ်ငန်းခွင်မှလွဲ၍ အခြား နေရာ များသို့ ကိုင်တွယ်သယ်ဆောင်မှု မရှိစေရန်နှင့် နေ့စဉ်အသုံးမပြုဘဲ ပိုလျှံသည့် ပစ္စည်းများအား လုပ်ကွက်တာဝန်ခံမှ ကြပ်မတ်စစ်ဆေး၍ စာရင်းနှင့်တကွ ပြန်လည်အပ်နှံခြင်း ဆောင်ရွက်ပါသည်။ ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မြန်မာ့သတ္တုတွင်း နည်းဥပဒေများ (၂၀၁၈)၊ အခန်း (၂၈)၊ ပုဒ်မ(၁၈၁)ပါ ပုဒ်မခွဲများအတိုင်း လိုက်နာဆောင်ရွက်ပါသည်။

စီမံကိန်းသည် တည်ဆောက်ရေးအဆင့်ဖြစ်သောကြောင့်ဆိုင်ရာနိုက်နှင့်အခြားအန္တရာယ်ရှိသော ဓာတုပစ္စည်းများသုံးစွဲခြင်းမရှိပါ။

၃.၁၅    ပြုပြင်ရမည့်အကြံပြုချက်များ

  • ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရာတွင်တွေ့ရှိလာသော ပတ်ဝန်းကျင်အပေါ် သက်ရောက် မှုများအား လျှော့ချမည့်အစီအစဉ်များ ဆောင်ရွက်မှုအခြေအနေနှင့် တိုးတက်မှု အခြေ အနေများကို လစဉ်စောင့်ကြပ်ကြည့်ရှု၍မှတ်တမ်းများထားရှိရန်။
  • ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန ဝန်ထမ်းများအား ကျွမ်းကျင်မှုနယ်ပယ်အလိုက် လုပ်ငန်းတာဝန်များအား ဆောင်ရွက်စေရန်။
  • ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မှုအတွက်သင်တန်းများစီစဉ်ဆောင်ရွက်ပေးရန်။
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကဏ္ဍအလိုက်မှတ်တမ်းများထားရှိရန်။
  • Compliance review checklist format အတိုင်း သက်ဆိုင်ရာ ကာလအလိုက် ဖြည့်သွင်း မှတ်တမ်းတင်ရန်နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ အဆင့်ဆင့်မှ ကြပ်မတ်စစ်ဆေးသွား ရန်။
  • CSR ဆောင်ရွက်မှုအခြေအနေများအား မှတ်တမ်းများထားရှိရန်။
  • ပင်မအင်းတူးဖော်ရာမှထွက်ရှိသော မြေအောက်ရေများကို စီမံကိန်းလုပ်ငန်းတွင် ပိုလျှံပါက ဒေသခံပြည်သူများအား ပေးဝေရန်။
  • စီမံကိန်းပတ်ဝန်းကျင်ရှိ ရေထု၊ လေထုနှင့် မြေထုတို့တွင် ပြဒါးနှင့် ဆိုင်ရာနိုက်ပါဝင်မှုကို တိုင်းတာ၍ Baseline Data များအဖြစ် ထားရှိရန်။
  • ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ရာတွင်တွေ့ရှိလာသော ကောင်းကျိုး သက်ရောက်မှုများအား ဆက်လက်ထိန်းသိမ်းထားရန်။

 

 

 

 

အခန်း(၄)

နိဂုံးချုပ်

၄.၁       နိဂုံးချုပ်သုံးသပ်တင်ပြချက်

            ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ အနေဖြင့်ရွှေလုပ်ကွက်အမှတ် (SGU-168) နိုင်ငံတော်နှင့် အကျိုးတူ အလတ်စားရွှေသတ္တုတူးဖော်ရေးစီမံကိန်း၏ စီမံကိန်းတည်ဆောက်ရေးအဆင့်တွင်စီမံကိန်း နှင့် ဆက်စပ်လုပ်ငန်းများနှင့် ယင်းတို့၏ဆိုးကျိုးသက်ရောက်မှုများအား စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ အကောင်အထည်ဖော်ခြင်းနှင့်၊ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဦးစီးဌာန၏  အတည်ပြုစာပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုများကို စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး ဤစောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာအား ပြုစုတင်ပြခြင်း ဖြစ်ပါ သည်။

ကုမ္ပဏီအနေဖြင့်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အရည်အချင်း ပြည့်မီ သော ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဝန်ထမ်းများအား ခန့်အပ်ထားရှိပြီး ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရန်ပုံငွေ အလုံအလောက်ထောက်ပံ့ထားရှိပါသည်။စီမံကိန်းအဆင့်အားလုံးအတွက်စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာများ အား (၆)လ တစ်ကြိမ် သက်ဆိုင်ရာဝန်ကြီးဌာနများသို့အစီရင်ခံ တင်ပြသွားမည်ဖြစ်ပြီး ထို အစီရင်ခံ စာများအား အများပြည်သူသိရှိနိုင်ရန်အတွက်လည်း ကုမ္ပဏီ၏ website ဖြစ်သော www.yppa-mining.com တွင်ထုတ်ပြန်ထားရှိပါမည်။

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင်စီမံကိန်းလုပ်ဆောင်ချက်များကြောင့် ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးများဖြစ်သောလေအရည်အသွေးနှင့် မြေအောက်ရေအရည်အသွေးအပေါ်သက်ရောက်မှုအနည်းငယ်ရှိကြောင်းတွေ့ရှိရပြီး ထိခိုက်မှုလျော့ပါးရေး အစီ အစဉ်များအား ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။စီမံကိန်းဆောင်ရွက်မှုကြောင့်ကောင်းကျိုး သက် ရောက်မှုများအဖြစ်ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာခြင်း၊ စီမံကိန်း လုပ်ငန်း အတွက်လိုအပ်သောပစ္စည်းများအား ဒေသတွင်းမှ ဝယ်ယူအသုံးပြုခြင်းကြောင့်ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုမ္ပဏီ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့်ဒေသတွင်း ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးများ ရရှိစေကြောင်း တွေ့ရှိရပါ သည်။

သို့ဖြစ်ပါ၍စီမံကိန်းကြောင့်ပတ်ဝန်းကျင်နှင့်လူမှုစီးပွားအပေါ်သိသာထင်ရှားသော ဆိုးကျိုး သက်ရောက်မှုများ မဖြစ်စေဘဲ ကောင်းကျိုးသက်ရောက်မှုများရရှိစေနိုင်ပါသည်။

 

ဦးခင်မောင်အေး

ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)

ဝန်းကျင်ဗေဒ ပညာရှင်

(09-421081744)