နိဂုံးချုပ်နှင့် သုံးသပ်တင်ပြချက်
ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ အနေဖြင့် ရွှေလုပ်ကွက်အမှတ် (SGU-168) နိုင်ငံတော်နှင့် အကျိုးတူ အလတ်စားရွှေသတ္တုတူးဖော်ရေးစီမံကိန်း၏ စီမံကိန်းတည်ဆောက်ရေးအဆင့်တွင် စီမံကိန်း နှင့် ဆက်စပ်လုပ်ငန်းများ၏ ဆိုးကျိုးသက်ရောက်မှုများအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ အကောင်အထည်ဖော်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၏ အတည်ပြုစာပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုများကို စောင့်ကြပ် ကြည့်ရှုခြင်း များ ဆောင်ရွက်ခဲ့ပြီး ဤစောင့်ကြပ်ကြည့်ရှုခြင်း အစီရင်ခံစာအား ဒုတိယအကြိမ်ပြုစုတင်ပြခြင်း ဖြစ်ပါ သည်။
ကုမ္ပဏီအနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အရည်အချင်း ပြည့်မီ သော ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဝန်ထမ်းများအား ခန့်အပ်ထားရှိပြီး ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ အလုံအလောက် ထောက်ပံ့ထားရှိပါသည်။ စီမံကိန်းအဆင့်အားလုံးအတွက် စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာများ အား (၆)လ တစ်ကြိမ် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အစီရင်ခံ တင်ပြသွားမည်ဖြစ်ပြီး ထို အစီရင်ခံ စာများအား အများပြည်သူသိရှိနိုင်ရန်အတွက်လည်း ကုမ္ပဏီ၏ website ဖြစ်သော www.yppa-mining.com တွင် ထုတ်ပြန်ထားရှိပါမည်။
ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် စီမံကိန်းလုပ်ဆောင် ချက်များကြောင့် ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးများဖြစ်သော လေအရည်အသွေးနှင့် မြေအောက် ရေအရည်အသွေးအပေါ် သက်ရောက်မှုအနည်းငယ်ရှိကြောင်းတွေ့ရှိရပြီး ထိခိုက်မှုလျော့ပါးရေး အစီ အစဉ်များအား ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ စီမံကိန်းဆောင်ရွက်မှုကြောင့် ကောင်းကျိုး သက် ရောက်မှုများအဖြစ် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာခြင်း၊ စီမံကိန်း လုပ်ငန်း အတွက် လိုအပ်သောပစ္စည်းများအား ဒေသတွင်းမှ ဝယ်ယူအသုံးပြုခြင်းကြောင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုမ္ပဏီ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ဒေသတွင်း ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးများ ရရှိစေကြောင်း တွေ့ရှိရပါ သည်။
သို့ဖြစ်ပါ၍ စီမံကိန်းကြောင့်ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် သိသာထင်ရှားသော ဆိုးကျိုး သက်ရောက်မှုများ မဖြစ်စေဘဲ ကောင်းကျိုးသက်ရောက်မှုများရရှိစေနိုင်ပါသည်။