သတ္တုတွင်းပိတ်သိမ်းခြင်း စီမံချက်
ရည်ရွယ်ချက်
မြေအောက် ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာအတွင်း ဟင်းလင်းဖွင့်တူးဖော်ခြင်း၊ မပြုလုပ်သော်လည်း အုပ်ချုပ်မှု အဆောက်အဦများ ဆောက်လုပ်ခြင်း၊ လုပ်ငန်းသုံးဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ခြင်းတို့ကြောင့် သစ်ပင်၊ သစ်တောအချို့ဆုံးရှုံးခြင်း၊ ရေစီးရေလာစနစ်၊ ဂေဟစနစ်တို့ အထိုက်အလျောက် ပျက်စီးခြင်း ဖြစ်နိုင်ပါသည်။ မြေအောက်လှိုဏ် များ တူးဖော်ခြင်းဖြင့် မြေအောက်ရေအောင်းလွှာများ ပျက်စီးခြင်း၊ မြေအောက်ရေ ဆုံးရှုံးနိုင်ခြင်း၊ မြေပေါ်မြေအောက် ရေညစ်ညမ်းစေနိုင်ခြင်း၊ ကျောက်ရိုင်းဖြုန်းများ တူးဖော်စွန့်ထုတ်ခြင်းကြောင့် စွန့်ပစ်ကျောက်ပုံများ ထွက်ရှိနိုင်ပြီး ၎င်းတို့မှ အက်စစ်ဓာတ်ပြုမှု အလားအလာများ ဖြစ်နိုင်ခြင်းများ ရှိနိုင်ပါသည်။ ၎င်းအပြင် ရွှေသတ္တုသန့်စင်ထုတ်လုပ်ခြင်း လုပ်ငန်းမှ အနယ်အနှစ်ပါသော နုန်းများ တိုက်စားပို့ချခြင်း၊ ဓာတုဓာတ်ပြုပစ္စည်းများနှင့် ပြဒါးအဆိပ်သင့်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်းတို့သည် ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းမှ ထိခိုက်လာနိုင်သော အဓိက အန္တရာယ်များ ဖြစ်ပါသည်။ ယခုစီမံချက်တွင် ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းပြီးမြောက်သွားသောအခါ သတ္တုတွင်းပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။
ရည်မှန်းချက်များ
သက်ရောက်မှုများနှင့် ဆိုးရွားသော ရေရှည်ထိခိုက်မှုများကို တတ်နိုင်သမျှ လျှော့ချရန် အတွက်သော်လည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ပြုလုပ်နိုင်ရန် အတွက်သော်လည်း ကောင်း၊ သတ္တုတွင်းပိတ်သိမ်းခြင်းအတွက် ကြိုတင်စီရင်မှုများ ရှိရပါမည်။ ရည်မှန်းချက်များမှာ-
- စီမံကိန်း အဆုံးသတ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် စီစဉ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်တစ်ခု ပေါ်လာစေရန်။
- တူးဖော်ထားသော မြေအောက်လှိုဏ်များ၊ စွန့်ပစ်ကျောက်များအတွက် လုံခြုံစိတ်ချ ကြံံ့ခိုင်သော ထိန်းသိမ်းပြုပြင်မှု စီစဉ်ဆောင်ရွက်ရန်။
- ရာသီဥတု ဒဏ်ခံနိုင်ရန် သဘာဝအလျောက် ရှင်သန်ရပ်တည်နိုင်သည့် သဘာဝ ပေါက်ပင် များ၊ စိုက်ခင်းများ တည်ထောင်ပေးရန်။
- စီမံကိန်းများကြောင့် ထိခိုက်ပျက်စီးမှုရှိသော မြေပေါ်မြေအောက်ရေ အရည်အသွေးကို တတ်နိုင်သမျှ ဆယ်တင်ခြင်း ဆောင်ရွက်နိုင်စေရန်။
စီမံကိန်းများ ပိတ်သိမ်းပြီးနောက် ဒေသတွင်း နေထိုင်သူများအား ရေရှည်စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးစေသော အခွင့်အလမ်းများ စီစဉ်ပေးရန်။
အကြမ်းဖျင်း လုပ်ငန်းစဉ်များ
အောက်ဖော်ပြပါ အပိုင်းလိုက် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါ မည်။
- တိုက်စားခြင်းနှင့် အနည်ကျခြင်း ထိန်းချုပ်မှု အစီအစဉ်။
- မြေအောက်လှိုဏ်များနှင့် စွန့်ပစ်ကျောက်စာပုံများ စီမံခန့်ခွဲမှု အစီအစဉ်။
- ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ စီမံခန့်ခွဲမှု အစီအစဉ်။
- ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု အစီအစဉ်။
- ရပ်ရွာလူထု အထောက်အကူပြု စီမံဖွံ့ဖြိုးတိုးတက်ရေး။
- ပြန်လည်တည်ထောင်ခြင်း အစီအစဉ်များ။
တိုက်စားခြင်းနှင့် အနည်ကျခြင်း ထိန်းချုပ်မှုအစီအစဉ်
တိုက်စားခြင်းနှင့် အနည်ကျခြင်းတို့ကို မဖြစ်ပေါ်စေရန်နှင့် လျှော့ချနိုင်ရန် သင့်လျော် သော မြေပြင်ပုံသဏ္ဍာန်ကို ဖန်တီးပေးရမည်ဖြစ်ပြီး အပင်များအောင်မြင်စွာပြန်လည် စိုက်ပျိုး ပေါက်ရောက် စေရန်အတွက် ဒေသတွင်းရှိ သစ်ပင်မျိုးစိတ်များကိုတိုးမြှင့် ပြုစုစိုက်ပျိုး သွားရပါ မည်။ ကြံ့ခိုင်သောမြေပြင်ပုံသဏ္ဍာန်တည်တံ့စေရန် အစီအမံများကို အောက်ပါအတိုင်း လုပ် ဆောင်ရပါမည်-
အုပ်ချုပ်မှု အဆောက်အဦများတည်ဆောက်ခြင်း
- မူလမြေမျက်နှာပြင်ပေါ်မူတည်၍ လှေခါးထစ်ပုံသဏ္ဍာန်အနိမ့်အမြင့်ပုံစံအတိုင်း တတ်နိုင် သမျှတည်ဆောက်အသုံးပြုခြင်း၊ မလိုအပ်ဘဲတူးဖော်မှုများမှ ရှောင်ရှားဆောင်ရွက်ပါ မည်။
- ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ခြင်းအား မူလလမ်းဟောင်းများ၊ ဒေသသုံးလမ်း များကိုသာ အခြေခံ၍ အသုံးပြုခြင်း။
- မဖြစ်မနေ ဖယ်ရှားရသော မြေဆီလွှာများအား သီးခြားစုပုံထားရှိပြီး စိုက်ပျိုးမြေ စိုက်ခင်း များတွင် ထည့်သွင်းအသုံးပြုခြင်း။
စွန့်ပစ်ဖြုန်းကျောက်စာများ စီမံခြင်း
တူးဖော်ထွက်ရှိသော မြေစာများ၊ ကျောက်စာများ စုပုံထားခြင်းမှ မိုးရေများ တိုက်စား စီးဆင်းပို့ချခြင်း မဖြစ်ပေါ်စေရန် တတ်နိုင်သမျှ ဖုံးအုပ်ထားခြင်း၊ ရေလွှဲမြောင်း၊ ရေဖြတ်မြောင်း များ ထားရှိခြင်း ဆောင်ရွက်ပါမည်။
မြေအောက်ရေ စီမံခန့်ခွဲခြင်း
မြေအောက်သတ္တုတူးဖော်ခြင်းတွင် မြေအောက်လှိုဏ်များ တူးဖော်ရာမှ ထွက်ရှိလာ သောမြေအောက်ရေများကို လုပ်ငန်းခွင် အနှောက်အယှက် မဖြစ်စေရန် စုပ်ထုတ်စွန့်ပစ်ရလေ့ ရှိရာ၊ အလဟသဆုံးရှုံးမှု မဖြစ်စေရန်လုပ်ငန်းခွင်တွင် အသုံးပြုခြင်း၊ ၀န်ထမ်းများ၊ ဒေသခံပြည် သူများထံသို့ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုခြင်းများ ဆောင်ရွက်ပါမည်။ ပိုလျှံ၍စွန့်ထုတ်ရမည့် ရေများအားတိုက်စားပို့ချခြင်း မဖြစ်စေရန် ရေပိုက်လိုင်းစနစ်ဖြင့် မြစ်ချောင်းများအတွင်း စနစ်တကျ စွန့်ထုတ်ပါမည်။
မြေပေါ်ရေ စီမံခန့်ခွဲခြင်း
သတ္တုတွင်း ပိတ်သိမ်းခြင်း၏ မြေပေါ်ရေ စီမံခန့်ခွဲမှုအတွက် မူလရည်မှန်းချက်မှာ မြစ်ကြေအရပ်ရှိ ရေလမ်းကြောင်းများ အတွင်းသို့ တိုက်စားခြင်းနှင့် အနည်ကျခြင်းကို တတ်နိုင် သမျှအနည်းဆုံးလျှော့ချနိုင်ရန် သတ္တုတွင်းများ၏ စွန့်ပစ်မြေစာပုံများနှင့် သတ္တုတွင်းအခြေခံ အဆောက်အအုံများ တည်ဆောက်သည့် နေရာများတွင် ရေနုတ်မြောင်းများကြံ့ခိုင်စွာတည် ဆောက်ထားရန်တို့ ဖြစ်ပါသည်။ ထိရောက်သော မြေပေါ်ရေစီမံခန့်ခွဲမှု ဖြစ်စေရန်အကောင် အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များမှာ-
- တိုက်စားခြင်းနှင့် အနည်ကျခြင်းအား ထိန်းချုပ်နိုင်ရန် ထိန်းချုပ်မှု အစီအမံများ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။
- နုန်းအနယ်အနှစ်များအား ထိန်းသိမ်းရန် နုန်းစစ်ကန်၊ နုန်းဖမ်းတာများ တည်ဆောက် ခြင်း၊ ဓာတုနှင့်အဆိပ်အတောက်များ ဓာတ်ပြုပျံ့လွင့်မှုကို မျက်ခြည်မပြတ် စောင့်ကြည့် စစ်ဆေးခြင်း၊ ချေဖျက်မှုအစီအမံများ လိုက်နာဆောင်ရွက်ခြင်း။
- ပြန်လည်တည်ထောင်ခြင်း စီမံခန့်ခွဲမှုအစီအစဉ်အရ နောက်ဆုံးအဆင့် မြေပြင်ပုံ သဏ္ဍာန်ကို ပြန်လည်တည်ထောင်သွားပါမည်။
မြေအောက်လှိုဏ်များနှင့် စွန့်ပစ်ကျောက်စာပုံများ စီမံခန့်ခွဲမှု အစီအစဉ်။
မြေအောက်လှိုဏ်များ စီမံခန့်ခွဲခြင်း
မြေအောက်ရွှေသတ္တုတူးဖော်ခြင်းအတွက် စီမံကိန်းပြီးစီးသည့်အခါ မိုင်းပိတ် သိမ်းအစီအစဉ်တွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ သဘာဝပတ်ဝန်း ကျင်၏ အခြေခံအကြောင်းကြီးများဖြစ်သော မြေ၊ ရေ၊ လေ တို့အား ထိခိုက်မှုနည်းပါး စေရန်တို့အတွက် မြေအောက်လှိုဏ်ခေါင်းများ စီမံခန့်ခွဲမှု အစီအစဉ်ကြိုတင်ချမှတ် အကောင်အထည်ဖော် သွားရန် လိုအပ်ပါသည်။ သတ္တုသိုက်တည်ရှိမှု အတိုင်းအတာ ပေါ်မူတည်၍ တူးဖော်သော အစောင်းဆင်းတွင်း၊ အတည့်ဆင်းတွင်းများအား အောက် ပိုင်းအဆင့် (Lower Level)များကို အရင်တူးဖော်ပြီး အပေါ်အဆင့်(Upper Level) များကို ပြန်၍ တူးဖော်ခြင်း ရှေ့စားနောက်ပစ် စနစ်(Back Filling)စနစ် ကျင့်သုံး၍ စွန့်ပစ်မြေစာဖြည့်သွင်းစွန့်ပစ်ခြင်း စနစ်ကို ဆောင်ရွက်မည် ဖြစ်ပါသည်။
စွန့်ပစ်ကျောက်စာပုံများ စီမံခန့်ခွဲခြင်း
မြေအောက်ရွှေသတ္တုတူးဖော်ရာတွင် သတ္တုသိုက်(Ore Deposit)သို့ မ ရောက်မီ ဆင်းတွင်းများ၊ (Shift, Drift, Tunnel)များ ဖောက်လုပ်ခြင်းမှ ထွက်ရှိလာ သော စွန့်ပစ်ကျောက်စာများအား သယ်ထုတ်စွန့်ပစ်ရလေ့ရှိရာ ပတ်ဝန်းကျင်ထိခိုက်မသက်ရောက်မှုနည်းပါးစေရန် စီမံဆောင်ရွက်ရမည်ဖြစ်ပါသည်။ပြန်လည်ဖြည့်စွက်ရန်လိုအပ်သော သတ္တုတွင်းဟောင်း (Pit Lake)များ မရှိပါက၊ လွတ်လပ်သောတောင် စောင်းနေရာများတွင် ရွေးချယ်စွန့်ပစ်ခြင်း၊ အစားထိုးအသုံးပြုရမည့် နေရာများတွင် သုံးစွဲ၍ ပမာဏလျော့ချခြင်း၊ မြေပေါ်စီးဆင်းရေကြောင့် နုန်းကနယ်များ သယ်ဆောင် အနယ်ထိုင်ပို့ချမှုမရှိစေရန် ရေဖြတ်မြောင်းများဖြင့် ကြိုတင်ကာကွယ်ထားခြင်း၊ (ARD) (AMD)များ မဖြစ်ပေါ်အောင် ကာကွယ်၊ စစ်ဆေးမှုများ စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ခြင်းတို့ စီမံသွားပါမည်။
မိုင်းပိတ်သိမ်းပြီးနောက် အချိန်ကာလ တစ်ခုအတွင်း အသုံးပြုခဲ့သော အ ဆောက်အဦများ၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး (Physical Stability) ဖြစ်စေရန် မြေအောက်တူးဖော်မှုမှ ထွက်ရှိထားသည့် စွန့်ပစ် ကျောက်များအား အင်း/ဂလှိုဏ်များအတွင်း ပြန်လည်ဖြည့်တင်း ပိတ်ဆို့ခြင်းဆောင် ရွက်ပါမည်။ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေစဉ်ကာလ အတွင်းမှာပင် ရွှေသတ္တုရိုင်း ထုတ်လုပ်သောနေရာများ ခေါင်းသားပြိုကျခြင်း မရှိစေရေးအတွက်လည်းကောင်း၊ သယ်ပို့မှု လုပ်ငန်းလျော့နည်းစေရေးအတွက်လည်းကောင်း ဖြည့်တင်းခြင်း ဆောင်ရွက် မည်ဖြစ်ပါသည်။ မဖြစ်မနေ ပိုလျှံ၍သယ်ယူ စွန့်ထုတ်ရသော စွန့်ပစ်ကျောက်ရိုင်းများ ပြိုကျပျက်စီးမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရေးအတွက် အဆိုပြုရေးဆွဲထားသော စွန့်ပစ်ကျောက်စာ ဒီဇိုင်းအတိုင်း စနစ်တကျစုပုံထားခြင်း၊ အခြားနေရာမှရရှိသော မြေဆီလွှာများဖုံးအုပ်၍ ဒေသသစ်မျိုးများ၊ မြက်ပင်များ စိုက်ပျိုးခြင်းဖြင့် ထိန်းသိမ်း ပြုပြင်သွားမည် ဖြစ်ပါသည်။ ဓာတုစွန့်ပစ်ပစ္စည်းများ၏ ဓာတုပြောင်းလဲမှု ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး (Chemically Stability) အခြေအနေရရှိအောင် စက်သုံးဆီ၊ အင်ဂျင် ၀ိုင်နှင့် ယမ်းဖောက်ခွဲရေးပစ္စည်းများ စသည်တို့ကို စနစ်တကျထိမ်းသိမ်း၊ သယ်ဆောင် ၊အသုံးပြုခြင်း၊ လိုအပ်သလောက် ပမာဏကိုသာ အသုံးပြုခြင်း၊ ရွှေသတ္တုသန့်စင် ထုတ်လုပ်ခြင်းကို လုပ်ကွက်ဧရိယာအတွင်း ဆောင်ရွက်ခြင်းမပြုဘဲ၊ သီးခြားတည် ဆောက်ထားသော စုပေါင်းသန့်စင်စက်ရုံတွင်သာ ထုတ်လုပ်ခြင်း၊ ဓာတုပစ္စည်း သက် ရောက်မှုလျှော့ချရေး လမ်းစဉ်များကို လိုက်နာကျင့်သုံးခြင်း၊ မြေအရည်အသွေး၊ ရေအရည်အသွေးများ တိုင်းတာစစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ကာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ပါမည်။
အကယ်၍ အထက်ပါ အခြေအနေများ ဖြစ်ပေါ်လာပါက စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်း အစီအစဉ်ဇယားပါ လုပ်ငန်းစဉ်များကို စောင့်ကြပ်ကြည့်ရှုခြင်း ကာလ အတွင်း အရေးပေါ်အခြေအနေ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် ထားရှိ သောရန်ပုံငွေ ကျပ်သိန်း(၃၆၀)ဖြင့် ကုမ္ပဏီ၏(EMP) စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ယူ၍ ပြန်လည်ကုစား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား စီမံခန့်ခွဲမှု အစီအစဉ်
ယမ်းနှင့် ဆက်စပ်သော ဖောက်ခွဲရေးပစ္စည်းများ
လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်များ စာပိုဒ် (၈.၀)တွင်ဖော်ပြထားသော အစီအစဉ်များအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။
ပြဒါး၊ ဆိုင်ရာနိုက်ကဲ့သို့သော ဓာတုဗေဒပစ္စည်းများ
ရွှေသတ္တုပါသော ဖြုန်းများထွက်ရှိပါက ရွှေသတ္တုသန့်စင်ထုတ်လုပ်မှုအား သီးခြားတည် ဆောက်ထားသော အောင်ထွန်းလင်းရှိန်ဝင်း ကုမ္ပဏီပိုင်(SGU-208)ရှိ ရွှေသတ္တု သန့်စင်စက်ရုံတွင် ပို့ဆောင်သန့်စင်သွားမည်ဖြစ်သောကြောင့် တင်ပြပါလုပ် ကွက်အတွင်း ပြဒါး၊ ဆိုင်ရာနိုက်များ သုံးစွဲခြင်းမရှိပါ။
စက်သုံးဆီ၊ လောင်စာဆီ စသော မီးဘေးအန္တရာယ်ရှိသော ပစ္စည်းများ
ဖော်ပြထားသော မီးဘေးလုံခြံုရေး၊ ကာကွယ်ရေး အစီအမံများအတိုင်း လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။
ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု အစီအစဉ်
အခန်း(၈)၊ စာပိုဒ်(၈.၁၄)တွင် အသေးစိတ်ဖော်ပြထားသော အစီအစဉ်များအတိုင်း လိုက်နာ ဆောင်ရွက်သွားပါမည်။
ရပ်ရွာလူထု အထောက်အထားပြု စီမံဖွံ့ဖြိုးတိုးတက်ရေး
သတ္တုတွင်းတူးဖော်ပြီးသောအခါ အောက်ပါစီမံခန့်ခွဲမှု လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ထားပါမည်-
သတ္တုတွင်းတူးဖော်ခြင်း ပြီးစီးသည့်နောက် လိုအပ်သည့်အတိုင်း၊ လူမှုဖူလုံ ရေးအစီအစဉ်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပါမည်။ ဒေသခံလူထုလိုအပ် ချက်အရ စီမံကိန်းသုံးပစ္စည်းများ၊ အခြေခံအဆောက်အအုံများအား စနစ်တကျ လွှဲပြောင်းပေးအပ်ပါမည်။
ထိုသို့ဒေသတွင်း လူထုအဖွဲ့အစည်းအား လွှဲပြောင်းပေးအပ်ရာတွင် ဒေသ အုပ်ချုပ်ရေးအဖွဲ့ NGO အဖွဲ့အစည်းများ၏ အကူအညီဖြင့် လူမှုဖူလုံရေး အစီအစဉ်များ ကို လွှဲပြောင်း ပေးအပ်ရပါမည်။
သတ္တုတွင်းပိတ်သိမ်းခြင်းအစီအမံများ ဆောင်ရွက်ခြင်းကို ဒေသခံလူထုမှ နား လည် လက်ခံပူးပေါင်းလာစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပါမည်။
မိုင်းပိတ်သိမ်းခြင်းနှင့် စောင့်ကြပ်စစ်ဆေးမည့်အဖွဲ့အား စီမံကိန်းအထွေထွေ မန်နေဂျာ ဦးစောလှမြင့်၊လုပ်ကွက်တာဝန်ခံ ဦးကျော်သူ၊ စီမံကိန်း ကြီးကြပ်ရေးမှူး ဦးမျိုးမင်းဆန်း၊ သတ္တုတွင်းအင်ဂျင်နီယာ ဦးအေးလွင်တို့မှ တာဝန်ယူဆောင်ရွက်သွား ပါမည်။
ပြန်လည်တည်ထောင်ခြင်းအစီအစဉ်များ
သတ္တုတွင်းများ တူးဖော်ပြီးသောအခါ အောင်မြင်သော ပြန်လည်တည်ထောင်ခြင်း လုပ်ငန်း ဖြစ်ရန်ဆောင်ရွက်ရမည့်အချက်များမှာ-
- ပြန်လည်တည်ထောင်ရမည့် မြေပြင်သဏ္ဍာန်မှာ ဘေးကင်း၍ မြေသားတည်ငြိမ်မှု ရှိသော သတ်မှတ်ထားသည့်နောက်ဆုံး ပုံသဏ္ဍာန်ဖြစ်စေခြင်း။
- အပင်များ အညှောင့်ပေါက်ခြင်းနှင့် သဘာဝအပင်များပြန်လည် ပေါက်ရောက်ခြင်းကို အားပေးရန် မြေဆီလွှာကြိုတင်ပြင်ဆင်ခြင်း။
- ပြင်ဆင်ထားသော မြေပေါ်တွင် အပင်ပြန်လည်စိုက်ပျိုးခြင်း။
- တိုက်စားမှု ပြန်လည်ကုစားခြင်း၊ အပင်များ စိုက်ပျိုးရာ၌ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်း၊ ပေါင်းပင်များအား စီမံခန့်ခွဲခြင်း။
နောက်ဆုံးကျန်ရစ်သည့် မြေပြင်ပုံသဏ္ဍာန်
- သတ္တုတွင်းဧရိယာနှင့် စွန့်ပစ်မြေစာပုံ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သတ္တုတွင်း ပိတ်သိမ်းခြင်း စီမံခန့်ခွဲမှုအစီအစဉ်တို့၌ အဆိုပြုထားသည့်အတိုင်း ပြန်လည်တည်ထောင်ခြင်းအတွက် သင့်တော်သော နောက်ဆုံးကျန်ရစ် မည့် မြေပြင်သဏ္ဍာန်နှင့် ကိုက်ညီသောနယ်မြေများ သတ်မှတ်ရွေးချယ် ပါမည်။
- မြေပေါ်ရေနုတ်မြောင်းများနှင့် အခြားမြေပြင်အစိတ်အပိုင်းများအား ပြန် လည်တည်ဆောက်ပြီး တည်ငြိမ်သော မြေပြင်အနိမ့်အမြင့်သဏ္ဍာန် (Contours)များရရှိရန် ပြန်လည်တည်ထောင်ရေးအတွက် သင့်လျော် သောနယ်မြေများအား ပုံဖော်စီမံပါမည်။
- အပင်များပြန်လည်မျိုးပွားပေါက်ရောက်စေရန် သင့်လျော်သောနေရာများ ဖန်တီးပြီး ထိခိုက်ပျက်စီးထားသော မြစ်ချောင်းကမ်းပါးများကို ခိုင်ခန့် တည်ငြိမ်အောင် ပြုလုပ်ရပါမည်။
- ရေနုတ်မြောင်း၊ ရေလွှဲတာဘောင်၊ နုန်းတား၊ အနည်စစ်ကန်များကဲ့သို့ တိုက်စားခြင်း နှင့်ပို့ချခြင်းကို ထိန်းချုပ်သော အစိတ်အပိုင်းများ အသုံးဝင် နေစေရန် ပြုပြင်ထိန်းသိမ်း ရပါမည်။ သို့မှသာ ကျောက်စိမ်း တွင်းတဝိုက်မှ မြေပေါ်ရေများကို ဆက်လက်လမ်းလွှဲ ပေးနေပြီး အနည်အနှစ်ပါရေများကို နုန်းတားများနှင့် အနည်စစ်ကန်များဆီသို့ စီးဆင်းစေမည်ဖြစ်ပါသည်။
- မိုင်းပိတ်သိမ်းခြင်းနောက် စွန့်ပစ်အရည်နှင့် စွန်ပစ်အစိုင်အခဲများကြောင့် စီမံကိန်းလုပ်ကွက်ပေါ်ရှိ သတ္တုတူးခြင်းမှ ထွက်ရှိလာသည့် မြေအောက် ရေ အရည်အသွေး၊ မြေအောက်ရေထွက်ပေါက်မှ စိမ့်စမ်းရေ အရည် အသွေးနှင့် လုပ်ကွက်အောက် ပိုင်းရှိချောင်း ငယ်များမှ ရေအရည် အသွေးတို့ကို စစ်ဆေးပါမည်။ စစ်ဆေးခြင်းကို စောင့်ကြပ်ကြည့်ရှုခြင်း ကာလ(၅)နှစ် အထိဆောင်ရွက် သွားမည်ဖြစ်ပြီး အထက်ဖော်ပြပါ နေရာများမှ ရေနမူနာများကောက်ယူ၍ (၆)လလျှင် တစ်ကြိမ် ISO လက်မှတ်ရ ဓာတ်ခွဲခန်းများသို့စစ်ဆေးသွားပါမည်။
- ဟင်းလင်းဖွင့် တူးဖော်ခြင်း မဟုတ်သဖြင့် အပေါ်ယံမြေဆီလွှာ ဖယ်ရှား ရခြင်းမရှိပါ။
- Underground Mining Method ကိုအသုံးပြုဆောင်ရွက်ခြင်းဖြစ်သဖြင့် တူးဖော်ပြီးနောက် ကျန်ရစ်သည့် မိုင်းတွင်းများအား မြေစာဖြည့်တင်းခြင်း၊ မဖြည့်တင်းနိုင် သောတွင်းများအား လုံခြံုစိတ်ချရသော အကာအရံ များပြုလုပ်ပါမည်။ လှိုင်ဂူအဝင်ဝတွင် ကွန်ကရစ်လောင်း၍ အခိုင်အမာ ဆောင်ရွက်ခြင်း၊ အဝင်တံခါးဝများကို စနစ်တကျပိတ်သိမ်းခြင်းတို့ စီစဉ် ဆောင်ရွက်ပါမည်။
မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် အပင်ပေါက်စိုက်ပျိုးခြင်း
- ပြန်လည်စိမ်းလန်းစိုပြေရေးအောင်မြင်စေရန် အပင်များကို အသင့်တော် ဆုံးအချိန်တွင် စိုက်ပျိုးရန်ဖြစ်ပြီး အစေ့တိုက်ရိုက်ကြဲချခြင်း၊ အစေ့မြှုပ် စိုက်ပျိုးခြင်း၊ အပင်ပေါက် စိုက်ပျိုးခြင်းစသည်တို့ ပြုလုပ်ပါမည်။ မိုးရာသီ မတိုင်မီ (သို့မဟုတ်) မိုးကုန်ခါနီးတွင် စိုက်ပျိုးပါမည်။
- ပိုးသတ်ထားသော မြက်မျိုးများအား ကွန်တိုမျဉ်းအတိုင်း အကွာအဝေး ညီညာစွာထား၍ အတန်းလိုက်စိုက်ပျိုးပြီး မြက်များကောင်းစွာရှင်သန်ပြီး ပါကမြက်ပြင်တန်းများအကြားတွင် ဒေသခံမျိုးစိတ်တို့၏ အစေ့များကြဲချ စိုက်ပျိုးပါမည်။
- ပြန်လည်စိမ်းလန်းစိုပြေရေး လုပ်ငန်းမထိရောက်သော၊ မပြည့်စုံသော နေရာများတွင် အလွယ်တကူ ပေါက်ရောက်နိုင်သော ဒေသခံအလေ့ ပေါက်ပင်များကို စိုက်ပျိုးပါမည်။
ပြန်လည်ကုစားခြင်းအစီအစဉ်များ
သတ္တုတွင်းဟောင်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် သစ်တော ပြန်လည် စိုက်ပျိုးမှုသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ သတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းသည် အချိန်ကာလအားဖြင့် အတိုင်းအတာတစ်ခုအတွင်းသာ ဖြစ်ပါသည်။ သတ္တုတူးဖော်ရေး လုပ်ငန်းပြီးဆုံး၍ သတ္တုတွင်း ပိတ်သိမ်းသည့်အခါတွင်းဟောင်းမှ ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များအား ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြေအရည်အသွေး ထိန်းသိမ်းခြင်းလုပ် ဆောင်နိုင် ရန်ရည်ရွယ်ပါသည်။ သတ္တုတွင်းဟောင်း ဧရိယာများတွင် သဘာဝသစ်တော သစ်ပင် များအစား စိုက်ပျိုးသစ်တောသစ်ပင်များ အစားထိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ပြီး ဖြစ်သည့်အပြင် အခြားတစ်ဖက်တွင်လည်း သစ်တော ကဏ္ဍ တိုးတက်လာမည် ဖြစ်ပါသည်။ သတ္တုတွင်းဟောင်း သစ်တောစိုက်ပျိုးမှုသည်ဧရိယာကျယ်ဝန်းပြီး နှစ်ရှည်ဆောင်ရွက်ရမည်ဖြစ်သဖြင့် စနစ်တကျရှိရန်နှင့် အောင်မြင်ဖြစ်ထွန်းစေရန်အတွက် အောက်ဖော်ပြပါအချက်များ ဆောင်ရွက်ရပါမည်
- အပင်ပြန်လည်စိုက်ပျိုးပြီးနေရာများကို တိုက်စားခြင်း၊ ပေါင်းပင်ထူထပ်ခြင်း ရှိ/မရှိနှင့် ပြန်လည်စိမ်းလန်းစိုပြေရေးလုပ်ငန်း ထိရောက်မှု ရှိ/မရှိ၊ ပြီးပြည့်စုံမှု ရှိ/မရှိ၊ မှန်မှန် စစ်ဆေးရပါမည်။
- ပေါင်းပင်များအား ဖို့မြေများပေါ်တွင် ဖယ်ရှားစွန့်ပစ်ခြင်း၊ အပင်ပြန်လည် စိုက်ပျိုးထား သောနေရာများအနီး မီးရှို့ခြင်းကို ထိန်းသိမ်းစေပါမည်။
- တိုက်စားခြင်းနှင့် နုန်းပို့ချခြင်း ထိန်းချုပ်သည့် အဆောက်အဦများအား မှန်မှန်စစ် ဆေးခြင်း၊ အပင်များကောင်းမွန်စွာ ရှင်သန်ပြီးသည်အထိ ရေနုတ်မြောင်းများ၊ နုန်း တားများ၊ အနည်စစ်ကန်များကို မှန်မှန်သန့်ရှင်းပေးခြင်း ဆောင်ရွက်ပါမည်။
- တိုက်စားခံရသော နေရာများအား နုန်းထိန်းနံရံများ ကျောက်သားမြေထိန်း နံရံများ၊ ပိုးသတ်ထားသောမြက်မျိုးများစိုက်ပျိုးခြင်းဖြင့် ပြုပြင်ထိန်းသိမ်းပါမည်။
- စိမ်းလန်းစိုပြေရေးလုပ်ငန်း မထိရောက်ပါက၊ မပြည့်စုံပါကအပင်များ ထပ်မံစိုက်ပျိုး ခြင်းပြုလုပ်ရပါမည်။
သတ္တုတွင်းပိတ်သိမ်းမည့် အချိန်ရန်ပုံငွေ စီမံဆောင်ရွက်ခြင်း
စီမံကိန်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ လျော့ချရန်အတွက်လည်းကောင်း၊ မိုင်းပိတ်သိမ်းပြီးကစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အတွက်လည်းကောင်း သုံးစွဲရန်အတွက် ရင်းနှီးမြှုပ်နှံငွေ၏ ၂ရာခိုင်နှုန်းအား သီးခြားစုဆောင်း ထားရှိပြီး သုံးစွဲသွားပါမည်။ အမှန်တကယ် လုပ်ငန်းဆောင်ရွက်သည့်အခါ လုံလောက်ခြင်း မရှိပါက ထပ်မံဖြည့်တင်းသုံးစွဲသွားပါမည်။