နိဒါန်း

ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူး မြို့နယ်၊ ကန်တောင်ဒေသ၊ ရွှေလုပ်ကွက်အမှတ် SGU-168 အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP)အား (၂၃.၂.၂၀၁၇)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  EMP အစီရင်ခံစာအား ပြည့်စုံစွာဖြည့်စွက်၍ ပြန်လည်တင်ပြရန် ပြန်ကြားခဲ့ပါသည်။ အဆိုပါ ပြန်ကြားချက်အရ EMP အစီရင်ခံစာအား ပြည့်စုံစွာ ဖြည့်စွက်၍ (၂၇.၅.၂၀၁၉)တွင် (၅)ကြိမ်မြောက် ပြန်လည်တင်ပြခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၂၂.၈.၂၀၁၉) ရက်စွဲပါ စာအမှတ် အီးအိုင်အေ-၂/ သတ္တု (၁၆၉၀(ဈ)/၂၀၁၉)အား ရည်ညွှန်း၍ အမှတ် (၂)သတ္တုတွင်းလုပ်ငန်းမှ(၂၈.၈.၂၀၁၉)ရက်စွဲပါ စာအမှတ် ၂၀၁၁/ရွှေဖက်စပ် (ရတနာပြည့်ဖြိုးအောင်) /၂၀၁၉ ဖြင့် EMP အစီရင်ခံစာအား အတည်ပြုကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာတွင် ပါဝင်သော ညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်သင့်ကြောင်း ပြန်ကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီဌာနမှ ညွန်ကြားချက်များနှင့်အညီ ၂၀၁၉၊ နိုဝင်ဘာလမှ ၂၀၂၀၊ ဧပြီလအထိ စောင့်ကြပ်ကြည့်ရှုခြင်းအစီရင်ခံစာအား ပထမအကြိမ်အဖြစ် (၁၅.၅.၂၀၂၀)ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနသို့ တင်ပြခဲ့ပြီး ယခုဒုတိယအကြိမ်အဖြစ် ၂၀၂၀၊ မေလမှ အောက်တိုဘာလအထိ  အစီရင်ခံစာအား  ပြုစုတင်ပြခြင်း ဖြစ်ပါသည်။

၁.၂       ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းရည်ရွယ်ချက်

ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်း၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများကို လျော့ပါးစေရေးအစီအစဉ်များ ထိရောက်မှု ရှိ/မရှိ သိရှိနိုင်ရန်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ယင်းအခက်အခဲများကို ကုစားရန် အကြံပြုချက်များအား အစီရင်ခံ တင်ပြနိုင်ရန်တို့ ဖြစ်ပါသည်။

 

 

 

၁.၃       ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာန

ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာန (Environmental, Health and Safety Department)အား ဇယား(၁.၁)အတိုင်း ဖွဲ့စည်းထားရှိပါသည်။ EHS ဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က)     EMP အကောင်အထည်ဖော်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းချက်များ အား လိုက်နာဆောင်ရွက်မှုလုပ်ငန်းများအား သတ္တုတွင်းမန်နေဂျာကိုယ်စား ကြီးကြပ် ခြင်း စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

( ခ )     ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအတွက် ခန့်အပ်ထားသော တတိယ အဖွဲ့အစည်း ကန်ထရိုက်တာများအား ကြီးကြပ်ခြင်း။

(ဂ)       ပတ်ဝန်းကျင်ဘေးအန္တရာယ်ကင်းရှင်းရေးကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့်သက်ဆိုင်သည့် အစီရင်ခံစာများ ရေးသားခြင်း။

(ဃ)     သင်တန်းများစီစဉ်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါသည်။

ဇယား(၁.၁)       ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီ၏ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးဌာန ဝန်ထမ်းစာရင်း

စဉ် အမည် ရာထူး ပညာ

အရည်အချင်း

ဦးကျော်သူ EHS manager B.A(Myanmar)
ဦးမျိုးမင်းဆန်း EHS officer E.P (A.G.T.I)
ဦးအေးလွင် EHS officer B.E (Metallurgy)
ဦးစိုးပိုင်ဟိန်း Supervisor B.Sc (Geology)
ဒေါ်တင်မျိုးမျိုးဝင်း Staff B.Sc (Physics)

 

၁.၄       ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်

ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်အား ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် SGU-168 လုပ်ကွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားခြင်း အခန်းတွင် ဖော်ပြထားသော စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ် (တည်ဆောက်ရေးအဆင့်)အတိုင်း  ဆောင်ရွက်မည်ဖြစ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း အစီရင် ခံစာကို (၆)လ တစ်ကြိမ် သက်ဆိုင်ရာဌာနများသို့ တင်ပြသွားပါမည်။

 

 

ဇယား (၁.၂)    ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ် (တည်ဆောက်ရေးအဆင့်)
စောင့်ကြပ် ကြည့်ရှုမည့် နယ်ပယ်များ စောင့်ကြပ်စစ်ဆေး

မည့်အမျိုးအစားများ

နေရာ ကြိမ်နှုန်း စစ်ဆေး မည့်သူ ကြီးကြပ် မည့်သူ
ယေဘုယျ အခြေအနေ ·   ထိခိုက်မှု လျှော့ချရေး အစီအစဉ် များ ဆောင်ရွက်ခြင်း၏ တိုးတက်မှု နှုန်း။ စီမံကိန်း ဧရိယာ။ ဆောက်လုပ်ရေး ကာလအတွင်း (၄)လ တစ်ကြိမ် စီမံကိန်း မန်နေဂျာ အမှတ်(၂) သတ္တုတွင်း လုပ်ငန်း
လေထု အရည်

အသွေး

·   အခြေခံ အချက်အလက်များ စောင့် ကြပ်ကြည့်ရှုခြင်း။

·   စီမံကိန်း ဧရိယာရှိ ပြည်သူလူထု ထံမှ ရရှိသော တိုင်ကြားမှုများ။

·   လိုအပ်ပါက လေထု အရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်း။

·   မြေအောက် လုပ်ငန်းခွင်တွင် စောင့် ကြည့်ခြင်း။

စီမံကိန်း ဧရိယာ။

 

ပတ်ဝန်းကျင် ကျေးရွာများ။

စီမံကိန်း အဓိက လုပ်ငန်းခွင်။

မြေအောက် လုပ်ငန်းခွင်။

(၆) လ တစ်ကြိမ်

 

 

ပေါ်ပေါက်ပါက

 

(၆) လ တစ်ကြိမ်

 

 

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း

မန်နေဂျာ

လုပ်ကွက် တာဝန်ခံ

ကုမ္ပဏီ၏ စီမံကိန်း

ဒါရိုက်တာ

 

ဒါရိုက်တာ

 

ဒါရိုက်တာ

ရေအရည်အသွေး ·   မြေပေါ်ရေ အရည်အသွေး Primary Data ရယူခြင်း။

·   မြေအောက်ရေ အရည်အသွေး Primary Data ရယူခြင်း။

·   (EQEG)ပါ စံနှုန်းများနှင့်ဒေသတွင်း ရေအရည်အသွေးစစ်ဆေးမှတ်တမ်း တင်ခြင်း။

အနီးအနားရှိ ချောင်းများအင်းအတွင်းမှထွက်ရှိ သောရေ။ (၆)လ တစ်ကြိမ်

 

(၆)လ တစ်ကြိမ်

 

(၆)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

စီမံကိန်း

ဒါရိုက်တာ

ဒါရိုက်တာ

 

ဒါရိုက်တာ

စွန့်ပစ်ပစ္စည်း ·   ဆောက်လုပ်ရေး လုပ်ငန်းများ၏ စွန့် ပစ်ပစ္စည်းနှင့် ဖယ်ရှားစွန့်ပစ်ရသော ကျောက်စာများ။

·   ဝန်ထမ်း လုပ်သားများ၏ စွန့်ပစ် ပစ္စည်းများ၊ စွန့်ပစ်ရေနှင့် အညစ် အကြေးများ။

လုပ်ငန်းခွင် ဧရိယာ။

 

အုပ်ချုပ်မှု

ဧရိယာ။

(၆)လ တစ်ကြိမ်

 

 

(၆)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

စီမံကိန်း ဒါရိုက်တာ

 

စီမံကိန်း ဒါရိုက်တာ

ဆူညံသံနှင့် တုန်ခါမှု ·   လုပ်ငန်းခွင်အတွင်း စောင့်ကြပ် ကြည့်ရှုခြင်း။

·   စီမံကိန်းအနီးရှိ ပြည်သူများ၏ တိုင် ကြားချက်များအား စီစစ်ခြင်း။

·   မြေအောက် လုပ်ငန်းခွင်အတွင်း စောင့်ကြပ်ကြည့်ရှုခြင်း။

မြေပေါ်လုပ်ငန်း ခွင်များ။

မရှိပါ။

 

မြေအောက် လုပ်ငန်းခွင်များ။

(၆)လ

တစ်ကြိမ်

 

(၆)လ တစ်ကြိမ်

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

စီမံကိန်း ဒါရိုက်တာ

 

စီမံကိန်း ဒါရိုက်တာ

သစ်ပင်၊ သစ်တောများ ခုတ်ထွင်

ရှင်းလင်းခြင်း။

·   မြေအောက်လုပ်ငန်းခွင် တည်ဆောက်ရေး လုပ်ငန်းဖြစ်၍ ခုတ်ထွင် ရှင်းလင်းမှုမရှိပါ။

·   စီမံကိန်းဧရိယာ ချဲ့ထွင်ခြင်းနှင့် ဆက်သွယ်ရေးလမ်းများဖောက်လုပ် ခြင်း။

 

 

စီမံကိန်း ဧရိယာ

 

 

(၆)လ တစ်ကြိမ်

 

 

စီမံကိန်း မန်နေဂျာ

 

 

အမှတ် (၂) သတ္တုတွင်း လုပ်ငန်း

ပြန်လည်နေရာ

ချထားရေးနှင့် ဆက်စပ်သော လူမှုပတ်ဝန်းကျင်

·   စီမံကိန်းကြောင့် ရွှေ့ပြောင်းနေရာ ချထားရခြင်း မရှိပါ။  

 

လက်ရှိ လူမှုရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ နှင့်ဝန်ဆောင်မှု။ ·   ဒေသတွင်းလူမှုရေးဆိုင်ရာ ပရဟိတ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု။

 

·   ဒေသတွင်း အခြေခံအဆောက် အ အုံများ၏ ဖြစ်ထွန်းတိုးတက်မှုများ။

စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ဒေသ။

စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ဒေသ။

(၁)နှစ် တစ်ကြိမ် စီမံကိန်း ဒါရိုက်တာ ဒေသ ဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့ များ
HIV/ AIDS ကဲ့သို့သော ကူးစက်ရောဂါများ ·   ဒေသတွင်းပြည်သူလူထု၏ ကျန်းမာ ရေးဆိုင်ရာ မှတ်တမ်းများ။

·   ကုမ္ပဏီဝန်ထမ်း လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများ။

·   ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်ချက် မှတ်တမ်းများ။

ကန်တောင် ဒေသ။

စီမံကိန်း ဧရိယာ။

ကန်တောင် ဒေသ။

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

 

(၃)လ တစ်ကြိမ်

ကုမ္ပဏီ၏

တာဝန်ခံ

ဆေးမှူး

စီမံကိန်း မန်နေဂျာ
အရက်/ မူးယစ် ဆေးဝါးများ သုံးစွဲမှု ·   ဝန်ထမ်း၊ လုပ်သားများ၏ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ။

·   ဒေသတွင်း မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားမှုများ အခြေအနေ။

စီမံကိန်း ဧရိယာ။

 

စဉ့်ကူးမြို့နယ် အတွင်း။

(၆)လ တစ်ကြိမ်

 

(၆)လ တစ်ကြိမ်

ကုမ္ပဏီ တာဝန်ခံ

ကုမ္ပဏီ တာဝန်ခံ

စီမံကိန်း မန်နေဂျာ

စီမံကိန်း မန်နေဂျာ

လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှု အပါအဝင် အလုပ် အကိုင် အခြေ အနေ ·   ကုမ္ပဏီမှ ဝန်ထမ်းလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေ။

·   လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု ဆိုင် ရာ စံနှုန်းများ။

·   ကုမ္ပဏီ ဝန်ထမ်း/ လုပ်သားများ၏ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် မတော်တဆထိခိုက် ဒဏ်ရာရရှိမှု မှတ်တမ်းများ။

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

(၂)လ တစ်ကြိမ်

 

 

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

ကုမ္ပဏီ ဆေးမှူး

 

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီ တာဝန်ခံ

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

 

စီမံကိန်း မန်နေဂျာ

ယာဉ်မတော် တဆဖြစ်ပွားမှု ·   ဒေသတွင်း ဆက်သွယ်ရေးလမ်းများ အခြေအနေ။

·   ယာဉ်မတော်တဆ ဖြစ်ပွားခြင်း မှတ်တမ်းများ။

·   ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလံှု့ဆော်မှုမှတ်တမ်း များ။

ကန်တောင် ကျည်တောက် ပေါက်ဒေသ။

ကန်တောင် ကျည်တောက် ပေါက်ဒေသ။     ကန်တောင် ကျည်တောက် ပေါက်ဒေသ။

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

 

(၂)လ တစ်ကြိမ်

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီရုံး တာဝန်ခံ

စီမံကိန်း ဒါရိုက်တာ

စီမံကိန်း

ဒါရိုက်တာ

စီမံကိန်း ဒါရိုက်တာ

အန္တရာယ်များ သော ပစ္စည်းများ နှင့် စက်သုံးဆီ များ စီမံခန့်ခွဲမှု

 

·   အန္တရာယ်များသော ပစ္စည်းများအား သိုလှောင်၊ သိမ်းဆည်း၊ ကိုင်တွယ် အသုံးပြုခြင်း မှတ်တမ်း။

·   ဝန်ထမ်း/လုပ်သားများ ဘေးဖြစ်စေ နိုင်သည့် ပစ္စည်းများအား ကိုင်တွယ် နည်းသင်တန်းပေးခြင်း မှတ်တမ်း။

စီမံကိန်း ဧရိယာ။

 

 

စီမံကိန်း ဧရိယာ။

(၃)လ တစ်ကြိမ်

 

 

(၃)လ တစ်ကြိမ်

 

ကုမ္ပဏီ တာဝန်ခံ

 

ကုမ္ပဏီ တာဝန်ခံ

 

စီမံကိန်း ဒါရိုက်တာ

 

စီမံကိန်း ဒါရိုက်တာ

 

၁.၅       ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အတည်ပြုစာပါ စည်းကမ်းချက်များ

အဆိုပြုစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်လိုက်နာဆောင် ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးနိုင်ခြင်း မရှိသေးသောကြောင့်   (၂၂.၈.၂၀၁၉) ရက်စွဲပါ စာအမှတ် အီးအိုင်အေ-၂/ သတ္တု (၁၆၉၀(ဈ)/၂၀၁၉)ဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား အတည် ပြုကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အတည်ပြုစာတွင်  ဖော်ပြထားသော လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က)     စီမံကိန်းလုပ်ကွက်များ ဆောင်ရွက်ရာတွင် စီမံကိန်းဆောင်ရွက်သူကိုယ်တိုင်ဖြစ်စေ၊ စီမံကိန်းကိုယ်စား လုပ်ငန်းဆောင်ရွက်သော (သို့မဟုတ်)  စီမံကိန်းဆောင်ရွက်သူက ခန့်အပ်၊ ငှါးရမ်း၊ လုပ်ပိုင်ခွင့်ပေးအပ်ထားသော ကန်ထရိုက်တာများ၊ လက်ခွဲကန်ထ ရိုက်တာများ၊ အရာရှိများ၊ (လုပ်သား)ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊  ကိုယ်စားပြု သူများနှင့်  အကြံပေးပုဂ္ဂ္ဂ္ဂိုလ်များကဖြစ်စေ ပြုလုပ်သော (သို့မဟုတ်) ပျက်ကွက်သော၊ လုပ်ငန်းများအားလုံးအတွက်လည်းကောင်း၊ဆိုးကျိုးထိခိုက်မှုအားလုံးအတွက် လည်း ကောင်း၊ စီမံကိန်းဆောင်ရွက်သူက ဥပဒေကြောင်းအရနှင့် ငွေရေးကြေးရေး အရ အပြည့်အဝ တာဝန်ယူဆောင်ရွက်ရန်။

( ခ )     အခန်း(၅)တွင် ဖော်ပြထားသော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေတို့ကို လိုက်နာဆောင်ရွက် ရန်။

( ဂ )     အမှုန်အမွှားများ ထွက်ရှိမှုနှင့် ဆူညံသံနှင့် စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေလမ်းညွှန်ချက်ပါ သတ်မှတ် ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

(ဃ)     စွန့်ပစ်မြေစာနှင့် စွန့်ပစ်ရေနှင့် စပ်လျဉ်း၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်အပိုဒ်(၂.၇.၂) သတ်မှတ်ချက်နှင့်အညီ သန့်စင် ပြီးမှ စွန့်ထုတ်ရန်။

( င )     အလုပ်စခန်းများ၊ မိလ္လာစနစ်များ၊ အိမ်တွင်းရေဆိုးနှင့် အမှိုက်ပုံများအတွက် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်၊ အထွေထွေ လမ်းညွှန်ချက်ပါ သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်။

( စ )     ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ္တုတွင်းဥပဒေ၊ ပုဒ်မ(၁၃) သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၄၇-ဃ)၊ (၁၇၀-ဂ)၊ (၁၇၄)၊ (၁၇၆)၊ (၁၇၇)၊ (၁၇၈)၊ (၁၈၀)၊ (၁၈၁)၊ (၁၈၄-ခ) တို့နှင့်အညီ လိုက်နာဆောင်ရွက် ရန်။

(ဆ)     အစီရင်ခံစာတွင် သတ်မှတ်ဖော်ပြထားသော ကန်ထရိုက်တာနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာ တွင်သတ်မှတ် ဖော်ပြထားသည့်  ကုစားပြင်ဆင်ရေးလုပ်ငန်းများ၊ ကြိုတင် ကာကွယ် ရေး လုပ်ငန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။

( ဇ )     ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် နောက်ဆက်တွဲ(ဃ-၂)တွင် ဖော်ပြထားသော  ပတ် ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ကတိကဝတ် အကျဉ်းချုပ်ဇယားအတိုင်း အလေးထားလိုက်နာဆောင်ရွက်ရန်။

( ဈ )    ဆူညံသံအတွက် စီမံကိန်းဧရိယာပြင်ပရှိ အနီးဆုံးလက်ခံသည့် နေရာတွင် အခြေခံ အဆင့်မှ အများဆုံးမြင့်တက်မှု 3dBA ထက်မကျော်လွန်စေရန်နှင့် မည်သည့် ဖောက်ခွဲမှုတွင်မဆို 120 dB Linear မကျော်လွန်စေရန်၊ မြေတုန်ခါမှုအတွက် 5mm/s (Peak particle Velocity – ppv)ထက် မကျော်လွန်စေရန်နှင့် ဖောက်ခွဲခြင်းကို နေ့ အလင်းရောင်ရှိသည့် အချိန်တွင်သာပြုလုပ်ရန်။

(ည)     အပေါ်ယံမြေလွှာ၊ စွန့်ပစ်မြေစာ၊ မြေစာပုံများစသည့် စွန့်ပစ်ပစ္စည်းစုပုံမည့် နေရာ ရွေးချယ်ခြင်း၊ ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အက်စစ်ရေစီးဆင်းမှု၊ အဆိပ်သင့် မြေစာပုံများ)နှင့် သတ္တုတွင်းပိတ်သိမ်းခြင်း လုပ်ငန်းစဉ်ဖြစ်သည့် စွန့်ပစ် မြေစာများ ရေရှည်တည်ငြိမ်စေရေး၊ ပြိုကျမှုမရှိစေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိ စေရေးတို့ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဋ )     မြေတိုက်စားနိုင်မှု ဖြစ်နိုင်သောနေရာများကို မြေတိုက်စားမှု ကာကွယ်ထိန်းချုပ်ရန်နှင့် ညစ်ညမ်းမှုရှိသည့် ဧရိယာများကို ပြန်လည်ထူထောင်ရန်။

( ဌ )     သတ္တုတွင်းလုပ်ငန်းများအတွက် ရေရယူသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်း ဥပဒေ၊ ပုဒ်မ(၁၆)၊ မြန်မာ့သတ္တုတွင်းနည်းဥပဒေများ၊ နည်းဥပဒေ (၁၅၃)၊ (၁၅၄)ပါ သတ်မှတ်ချက်များကို အလေးထားလိုက်နာဆောင်ရွက်ရန်။

( ဍ )     ထွက်ရှိစွန့်ပစ်ပစ္စည်း (အရည်၊ အစိုင်အခဲ၊ အငွေ့) စုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သန့်စင်ခြင်းနှင့် စွန့်ပစ်ခြင်းတို့အတွက် ပတ်ဝန်း ကျင်ထိခိုက်မှု မရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဎ )     လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန်နှင့် လုပ်သား များအတွက် အကာအကွယ်ပစ္စည်းများ၊ နေထိုင်မှုစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင် အခြေ အနေ စသည်တို့အတွက် သက်ဆိုင်ရာ ဌာနများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် အညီ ဆောင်ရွက်ရန်၊

(ဏ)    စီမံကိန်းအဆိုပြုသူသည် ဒေသခံများနှင့် ဆက်သွယ်ပြန်ကြားရေးလုပ်ငန်းစဉ်များ၊ တိုင်ပင်ဆွေးနွေးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ထို အစီအစဉ်တွင် တစ်ဖက်ပါ အစီအစဉ်များ ပါဝင်ရမည်-

(၁)    ဖောက်ခွဲခြင်းလုပ်ငန်းများ အပါအဝင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးရန်။

(၂)    တည်ဆောက်ရေးကာလအတွင်း ယာဉ်သွားလာမှုလမ်းကြောင်းများ၊ ယာဉ် သွားလာမှုကြောင့်ဖြစ်နိုင်သော အနှောင့်အယှက်များ၊ ပတ်ဝန်းကျင် သာယာမှု အပေါ် ထိခိုက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသခံများသို့ ကြိုတင် အသိ ပေးရန်။

( တ )   စီမံကိန်းလုပ်ငန်းကြောင့် ထိခိုက်ခံစားရမည့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ အခြေခံအဆောက်အဦ၊ အလုပ်အကိုင်ခန့်ထားခြင်း၊ ရေရှည်လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အား ဆောင်ရွက်ပေးရန်။

( ထ )   ဒေသခံပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ နစ်နာမှု ဖြေရှင်း ရေး လုပ်ငန်းစဉ်များကို လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊

( ဒ )     သဘာဝဘေးအန္တရာယ်များနှင့် မတော်တဆမှုများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အရေးပေါ်အခြေအနေ တုန့်ပြန်ရေးနှင့် စီမံခန့်ခွဲရေး စီမံချက်တစ်ခုကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်။

( ဓ )     စီမံကိန်းကြောင့် ပျက်စီးသွားသည့်နေရာများတွင် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်နှင့် ရှင်သန်ကြီးထွားသည်အထိ တာဝန်ယူ ကြီးကြပ်ဆောင်ရွက် ရန်။

( န )     ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုရေးအစီ အစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအပြင် အောက်ဖော်ပြပါ ကိစ္စများ ဖြစ်ပွားပါက ဝန်ကြီးဌာနသို့နှောင့်နှေးမှု မရှိစေဘဲ အစီရင်ခံတင်ပြရန်-

(၁)    ပစ္စည်းကိရိယာများ သို့မဟုတ် နည်းစနစ်များ မှားယွင်းအလုပ်လုပ်ခြင်း၊ ပျက်စီးခြင်း (သို့မဟုတ်) အလုပ်မလုပ်တော့ခြင်း၊

(၂)    သိသာထင်ရှားသော ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သော (သို့မဟုတ်) ဖြစ်ပေါ်စေ သော (သို့မဟုတ်) ဖြစ်ပေါ်စေနိုင်သော မတော်တဆမှု ဖြစ်ပွားခြင်း (သို့မဟုတ်) ထုတ်လွှတ်မှု ကန့်သတ်တန်ဖိုးဖြင့် ထိန်းချုပ်ထားခြင်း မရှိသည့် အရာဝတ္တုတစ်ခု ထုတ်လွှတ်ခြင်း။

(၃)    သတ်မှတ်ဖော်ပြထားသည့် ကန့်သတ်တန်ဖိုးတစ်ခုခုကို ကျော်လွန်ခြင်း။

(၄)    ပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေးတို့အပေါ် သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများ။

( ပ )     ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသယံဇာတများအား ထိခိုက်မှုမရှိစေရေး ကာကွယ်ပေးရန် နှင့် စီမံကိန်း အကောင်အထည်ဖော်စဉ်အတွင်း ရှာဖွေတွေ့ရှိသည့် ယဉ်ကျေးမှု သယံဇာတများအတွက် သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာသို့ အကြောင်းကြား အပ်နှံရန်။

( ဖ )     ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၁)တွင် ဖော်ပြထားသော အောက်ဖော်ပြပါ လိုက်နာမှတ်များတွင် စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်မည့်  Parameter များ အတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် အောက်ဖော်ပြပါ ပတ်ဝန်းကျင်နှင့် လူမှုဆိုင် ရာ စီမံခန့်ခွဲရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(၁)    စွန့်ထုတ်အရည် လိုက်နာမှတ် (Point of Compliance)

Latitude: 22 ံ42’ 02.19”N, Longitude : 96 ံ02’ 46.65”E

(၂)   စွန့်ထုတ်အစိုင်အခဲ လိုက်နာမှတ် (Point of Compliance)

Latitude: 22 ံ42’ 06.86”N, Longitude : 96 ံ02’ 49.58”E

(၃)   လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ်တွင် ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း (၆)၊ လက်ရှိအရည်အသွေး ကောက်ယူခဲ့သည့် နေရာများတွင် (၆)လ တစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၄)    ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုခြင်း အစီ အစဉ်တွင် ဖော်ပြထားသည့်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း(၆) လက်ရှိအရည်သွေး ကောက်ယူခဲ့သည့်နေရာများတွင် ဆူညံမှုနှုန်း နှင့် တုန်ခါမှု နှုန်း(ပြင်းအား)တို့ကို စောင့်ကြပ်ကြည့်ရှုရန်။

(၅)    မြေပေါ်ရေအရည်အသွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်း ကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း (၆) ၊ လက်ရှိအရည်အသွေးကောက်ယူခဲ့သည့် နေရာများတွင် (၆)လလျှင် တစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၆)    မြေအောက်ရေအရည်သွေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်း ကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ အခန်း(၁၀) စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ်တွင် ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများနှင့် အကြိမ်အရေအတွက်အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း (၆)၊ လက်ရှိအရည်အသွေးကောက်ယူခဲ့သည့် နေရာများတွင် (၆)လ တစ်ကြိမ် တိုင်းတာ စောင့်ကြပ်ကြည့်ရှုရန်။

(၇)    ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ် ဇယားတွင် ဖော်ပြထားသည့်အတိုင်း မြေထုအရည်အသွေးနှင့် ပတ်သက်၍ (၆)လ တစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်ရန်။

(၈)    စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ အခန်း(၁၁) စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်တွင် ဖော်ပြထားသည့် လိုက်နာမှတ်များ၊ Parameter များ၊ စောင့်ကြပ်ကြည့်ရှုမည့် နေရာများ၊  အကြိမ်အရေအတွက်တို့အတိုင်း စောင့်ကြပ်ကြည့်ရှုရန်နှင့် အခန်း (၆)၊ လက်ရှိ အရည်အသွေး ကောက်ယူခဲ့သည့် နေရာများတွင် (၆)လ တစ်ကြိမ် တိုင်းတာစောင့်ကြပ်ကြည့်ရှုရန်။

(၉) ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်၊ အခန်း(၁၀)၊ စောင့်ကြပ်ကြည့်ရှုမည့် အစီ အစဉ် ဇယားတွင် ဖော်ပြထားသည့်အတိုင်း ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း များနှင့် ပတ်သက်၍ အပတ်စဉ် စောင့်ကြပ်ကြည့်ရှုရန်။

( ဗ )     စောင့်ကြပ်ကြည့်ရှုရမည့် နယ်ပယ် (ရေ၊ လေ၊ ဆူညံသံ)များ၊ နည်းစနစ်များ၊ နမူနာ    စုဆောင်းခြင်းနှင့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ စောင့်ကြပ်တိုင်းတာမည့်နေရာ၊ အကြိမ်အရေ အတွက်၊ အချိန်ဇယား မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်းစသည်တို့ကို ရေးဆွဲ၍ အ ကောင်အထည်ဖော် ဆောင်ရွက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနသို့ (၆)လ တစ်ကြိမ် တင်ပြရန်နှင့် အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာနသို့ တင်ပြသည့်နေ့ရက်မှ (၁၀)ရက်အတွင်း ထုတ်ဖော်ကြေညာရန်။

( ဘ )   မိုင်းပိတ်သိမ်းခြင်း လုပ်ငန်းများကို (EMP)တွင် ဖော်ပြထားသည့် သတ္တုတွင်း ပိတ်သိမ်း ရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လုပ်ငန်းစတင် ဆောင်ရွက်စဉ်ကပင် ကြိုတင် စီစဉ်ထားရှိ လိုက်နာဆောင်ရွက်ရန်နှင့် စီမံကိန်းအဆိုပြုသူသည် သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ (၁၈၆-ဃ)ပါ ပြဌာန်းချက်နှင့်အညီ ပိတ်သိမ်းရန် စီစဉ် ထားသည့် အချိန်မတိုင်မီ(၁)နှစ်ထက် နောက်မကျစေဘဲ အပြီးသတ် ပိတ်သိမ်းခြင်း အစီအစဉ်ကို တင်ပြရန်။

( မ )     သတ္တုတွင်းပိတ်သိမ်းခြင်းကို သတ္တုတွင်း နည်းဥပဒေများ၊ နည်းဥပဒေ(၁၈၅၊ ၁၈၆၊ ၁၉၂)နှင့်အညီ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန်နှင့် သတ္တု တွင်း ပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများအတွက် ရန်ပုံငွေ ထူထောင်ထားရန်။

( ယ )   အတည်ပြုထားသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan – EMP)ကို အများပြည်သူ ဖတ်ရှု/ သိရှိနိုင်ရေး ကုမ္ပဏီ Website /သင့်တော်သည့် နည်းလမ်းတို့တွင် လွှင့်တင်ထားရှိရန်။

( ရ )     စီမံကိန်းအဆိုပြုသူသည် ယင်း၏တာဝန်များ ပျက်ကွက်မှု (သို့မဟုတ်) အခြားလုပ်ငန်း များ ဆောင်ရွက်ရန် ပျက်ကွက်မှု (သို့မဟုတ်) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများကို ဖြစ်နိုင်သမျှ စောလျင်စွာ စာဖြင့် အသိပေး ရမည်။ ပျက်ကွက်မှုတစ်ခုခုကြောင့် အန္တရာယ်ဖြစ်စေနိုင်သော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဖြစ်လာနိုင်သည့် ကိစ္စသို့မဟုတ် ဝန်ကြီးဌာနက အမြန်သိရှိရန် လိုအပ် သည့် ကိစ္စကို(၂၄)နာရီအတွင်း လည်းကောင်း၊ အခြားကိစ္စများအားလုံးတွင် စီမံကိန်း အဆိုပြုသူက ယင်းဖြစ်စဉ်ဖြစ်ရပ်ကို စတင်သိရှိသည့်အချိန်မှ (၇)ရက်အတွင်း လည်းကောင်း ဝန်ကြီးဌာနသို့ အသိပေးတင်ပြရန်။

( လ )   စီမံကိန်း၏ အရွယ်အစား၊ နယ်ပယ်အတိုင်းအတာ၊ တည်နေရာ၊ အခင်းအကျင်း၊    နည်းပညာ၊ ကြိုတင်မျှော်မှန်းနိုင်သော ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်လာသည့် အန္တရာယ်ထုတ်လုပ်မှုနည်းလမ်း (သို့) ညစ်ညမ်းမှုတားဆီးရန် (သို့) လျှော့ချရန် ဆောင်ရွက်မှုတို့တွင် အဓိကပြောင်းလဲခြင်း (သို့) တိုးချဲ့ခြင်း (သို့) ဒုတိယ တိုးချဲ့ ဆောင်ရွက်ရန် အဆိုပြုခြင်းဖြစ်ပါက စီမံကိန်း အဆိုပြုသူသည် ပြောင်းလဲမှုများ၏ သတင်းအချက်အလက်များနှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြရန်။