စီမံကိန်းအကြောင်းအရာဖော်ပြချက်
စီမံကိန်းတည်နေရာ
ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ၏ နိုင်ငံတော်နှင့်အကျိုးတူ အလတ်စားရွှေသတ္တုတူးဖော်ရေး စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု ကန်တောင်ဒေသ မြောက်လတ္တီတွဒ် (22 ံ42’ 10.42’’N )၊ အရှေ့လောင်ဂျီကျု (96 ံ02’ 47.67’’ E) တွင် တည်ရှိပါသည်။ စီမံကိန်းလုပ်ကွက်နှင့် အနီးဆုံးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော ကျောက်အိုးချောင်းသည် လုပ်ကွက်နှင့် (၃)မိုင်ခန့်၊ ရွာသစ်ချောင်းသည် (၅)မိုင်ခန့်၊ နတ်တောင် ဆည်သည် (၁၀)မိုင်ခန့် ကွာဝေးပါသည်။ လုပ်ကွက်အနီးတွင် ရှေးဟောင်းသမိုင်းဝင်နေရာများ မရှိပါ။ စီမံကိန်းဧရိယာသည် ကန်တောင်ရွာနှင့် (၁)မိုင်ခန့်၊ ကျည်တောက်ပေါက်၊ ငါးပြားပေးရွာနှင့် (၃)မိုင်ခန့်၊ ရှောက်ပင်ရိုးရွာနှင့် (၇)မိုင်ခန့် ကွာဝေးပါသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာ(၂၀)ဧက၊ (ဝ.၀၈၀၉) စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။ စီမံကိန်းတည်နေရာပြမြေပုံများအား နောက်ဆက်တွဲ (ခ)တွင် ဖော်ပြထားပါသည်။
၂.၂ စီမံကိန်းသက်တမ်းလျာထားချက်
ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ၏ (SGU-168) နိုင်ငံတော်နှင့်အကျိုးတူ အလတ်စားရွှေသတ္တု တူးဖော်ခြင်း စီမံကိန်းသည်တည်ဆောက်ရေးအဆင့်ဖြစ်ပြီး ရွှေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရခြင်း မရှိသေးပါ။ သတ္တုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာ (သ-၂) အရ စီမံကိန်း သက်တမ်းကာလ(၁၅)နှစ်လျာထားပြီး မိုင်းပိတ်သိမ်းခြင်းနှင့် ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်ရန် (၅)နှစ် လျာထားပါသည်။ စီမံကိန်းအဆင့်အလိုက် ဆောင်ရွက်မည့် လုပ်ဆောင်ချက်များနှင့် လျာထားသည့် ကာလများကို ဇယား(၂.၁) တွင် ဖော်ပြထားပါသည်။
ဇယား(၂.၁) စီမံကိန်းသက်တမ်း လျာထားချက်ပြဇယား
စီမံကိန်းအဆင့် | လုပ်ဆောင်ချက်များ | လျာထားသည့်ကာလ |
တည်ဆောက်ရေးအဆင့် | စီမံကိန်းမြေနေရာရှင်းလင်းခြင်း၊ အခြေခံအဆောက် အဦများဆောက်လုပ်ခြင်း၊ မြေအောက်အင်းတူးဖော် ခြင်း၊မြေအောက်လှိုဏ်ခေါင်းများဆောက်လုပ်ခြင်း။ | ၃ နှစ် |
လုပ်ငန်းလည်ပတ်အဆင့် | ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း။ | ၁၂ နှစ် |
လုပ်ငန်းပိတ်သိမ်းအဆင့် | ရွှေသတ္တုတူးဖော်ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း၊ အခြေခံ အဆောက်အဦများ ဖျက်သိမ်းခြင်း၊ မြေယာဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ | ၃ နှစ် |
စောင့်ကြပ်ကြည့်ရှုသည့်အဆင့် | ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက် မှုများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိခိုက်မှု လျှော့ချရေး အစီအစဉ်များ ဆောင်ရွက်ခြင်း။ | ၅ နှစ် |
၂.၃ စီမံကိန်းတည်ဆောက်ရေးဆောင်ရွက်မှုများ
၂.၃.၁ အဆောက်အဦးများ
လုပ်ငန်းကြီးကြပ်ရေးရုံး (၁)လုံး၊ လူနေအိပ်ဆောင် (၂)လုံး၊ စားဖိုဆောင် (၁)ဆောင်၊ Winch တဲ (၁)လုံး၊ ပစ္စည်းသိုလှောင်ရုံ(၁)လုံး၊ လုံခြုံရေးအဆောက်အဦ(၁)လုံး ဆောက်လုပ် အသုံးပြုလျှက်ရှိပါသည်။ ဆောက်လုပ်ထားသော အဆောက်အဦများမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာဖြင့် ယာယီအဆောက်အဦများဖြစ်ပြီး အလျား(၄၀)ပေ၊ အနံ(၂၀)ပေခန့်သာရှိပါ သည်။ အဆောက်အဦ တစ်ခုနှင့်တစ်ခု (၃၀)ပေမှ (၁၀၀)ပေ အတွင်းသာခြား၍ တည်ဆောက် ထားပါသည်။
၂.၃.၂ အသုံးပြုသည့်စက်ယန္တရားများ
စီမံကိန်းတည်ဆောက်ရေးအဆင့်တွင်စီမံကိန်းမြေနေရာရှင်းလင်းခြင်း၊ အခြေခံ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ မြေအောက်အင်းတူးဖော်ခြင်း၊ မြေအောက် လှိုဏ်ခေါင်း များ ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး အောက်ပါစက်ယန္တရားများ အသုံးပြုပါသည်။
ဇယား(၂.၂) အသုံးပြုသည့်စက်ယန္တရားများ
စဉ် | အမျိုးအစား | အရေအတွက် |
၁ | ဘက်ဟိုး | ၁ စီး |
၂ | မြေသယ်ယာဉ် | ၃ စီး |
၃ | လက်ကိုင်ကျောက်ဖောက်စက် | ၃ လုံး |
၄ | သယ်ယူပို့ဆောင်ရေးယာဉ် | ၂ စီး |
၅ | ဝင့်မော်တာ | ၁ လုံး |
၆ | မီးစက် | ၁ လုံး |
၇ | လေမှုတ်စက် | ၁ လုံး |
၈ | ရေစုပ်စက် | ၂ လုံး |
၂.၃.၃ ဝန်ထမ်းအရေအတွက်
စီမံကိန်းတည်ဆောက်ရေးတွင် ခန့်ထားသော ဝန်ထမ်းအရေအတွက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
ဇယား (၂.၃) ဝန်ထမ်းအရေအတွက်
စဉ် | ရာထူး | ဦးရေ |
၁ | စီမံကိန်းတာဝန်ခံ | ၁ ဦး |
၂ | စီမံခန့်ခွဲရေး မန်နေဂျာ | ၁ ဦး |
၃ | အင်ဂျင်နီယာ | ၂ ဦး |
၄ | ဘူမိဗေဒ အရာရှိ | ၁ ဦး |
၅ | ကြီးကြပ်ရေးမှူး | ၄ ဦး |
၆ | ပြည်သူလူထု ဆက်ဆံရေး တာဝန်ခံ | ၁ ဦး |
၇ | ကျန်းမာရေးမှူး | ၁ ဦး |
၈ | လျှပ်စစ် ဝန်ထမ်း | ၂ ဦး |
၉ | မိုင်းဆရာ | ၂ ဦး |
၁၀ | မိုင်းလုပ်သား | ၄ ဦး |
၁၁ | ဖောက်စက် ဆရာ | ၂ ဦး |
၁၂ | ဖောက်စက်အကူ | ၆ ဦး |
၁၃ | စားရိပ်သာ | ၄ ဦး |
၁၄ | စိုက်ပျိုးရေးလုပ်သား | ၂ ဦး |
၁၅ | အင်းလုပ်သား | ၁၉ ဦး |
၁၆ | ယာဉ်မောင်း | ၃ ဦး |
၁၇ | လုံခြုံရေး | ၆ ဦး |
၁၈ | အထွေထွေလုပ်သား | ၉ ဦး |
စုစုပေါင်း | ၇၀ ဦး |
၂.၃.၄ ရေအသုံးချမှုနှင့် ရေရရှိမှု
၂၀၂၀၊ မေလမှ အောက်တိုဘာလအထိ ကောက်ယူရရှိသော အချက် အလက်များအရ စီမံကိန်းတည်ဆောက်ရေးကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ လုပ်သားများအသုံးပြုရန်၊ လုပ်ကွက်အတွင်းရေဖြန်းရန်၊ လုပ်ကွက်အတွင်း စိုက်ပျိုးထားသော သစ်ပင်များ ရေဖြန်းရန်တို့အတွက် ပျမ်းမျှအားဖြင့် တစ်လလျှင်ရေဂါလံ (၆၇၅၀၀)ခန့် အသုံးပြုပါသည်။ စီမံကိန်းအတွက် လိုအပ်သောရေကို မြေအောက် လုပ်ကွက် အတွင်း ထွက်ရှိသော ရေအားစုပ်တင်ပြီး မြောက်လတ္တီတွဒ် (22 ံ42’ 12.34’’ N)၊ အရှေ့ လောင်ဂျီကျု (96 ံ02’ 44.50’’E)ရှိ (အလျား ၁၂ပေ x အနံ ၈ပေ x အနက် ၈ ပေ) ကွန်ကရစ် ရေကန်ဖြင့် သိုလှောင်ကာ အသုံးပြုပါသည်။ သောက်ရေအတွက် ကုမ္ပဏီမှ အဝီစိ တွင်းတူး၍ မီတာ (၁၀၀) ခန့် အနက်မှ စုပ်တင်ပြီး ရေသန့်စက်ဖြင့် သန့်စင်၍ အသုံးပြုပါသည်။ စီမံကိန်း၏ တစ်လလျှင် အသုံးပြုသော ပျမ်းမျှရေပမာဏအား ဇယား(၂.၄) တွင် ဖော်ပြထားပါသည်။
ဇယား(၂.၄) ရေအသုံးပြုမှုပမာဏပြဇယား
စဉ် | အသုံးပြုနေရာ | အသုံးပြုသော ပမာဏ |
(Gallon) | ||
၁ | သောက်သုံးရေ | ၂၀၀၀၀ |
၂ | လုပ်ကွက်တူးဖော်ခြင်းမြေယာပြန်လည် ပြုပြင် ခြင်းနှင့် စိုက်ပျိုးရေးသုံးရေ အသုံးပြုရန်) | ၁ဝ၀၀၀ |
၃ | တူးဖော်ရေး လုပ်ငန်းစဉ်များ အသုံးပြုရန် | ၂၀၀၀ |
၄ | လမ်းများ ဖုန်သိပ်ရန် ပက်ဖျန်းခြင်း | ၁၅၀၀၀ |
၅ | မီးဘေးကာကွယ်ရန် ရေ | ၈၀၀၀ |
၆ | ဒေသခံပြည်သူများသို့ ပေးဝေသော ရေ | ၁၂၅၀၀ |
စုစုပေါင်း | ၆၇၅၀၀ |
၂.၃.၅ စက်သုံးဆီအသုံးပြုမှု
၂၀၂၀၊ မေလမှ ၂၀၂၀၊ အောက်တိုဘာလ အထိ ကောက်ယူရရှိသော အချက် အလက်များ အရ စီမံကိန်းတွင်အသုံးပြုသော ယာဉ်/ယန္တရားများ လည်ပတ်ရန်အတွက် တစ်လလျှင် (ပျမ်းမျှ) စက်သုံးဆီအသုံးပြုမှုပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ဇီဇယ် ၇၅၀ ဂါလံ
- ဓါတ်ဆီ ၁၅၀ ဂါလံ
- အင်ဂျင်ဝိုင် ၅၀ ဂါလံ
- ဟိုက်ဒြောလစ်ဆီ ၅၀ ဂါလံ
- Coolant water ၅၀ ဂါလံ
၂.၃.၆ ယမ်းနှင့်စပ်ဆက်ပစ္စည်းများအသုံးပြုမှု
ပင်မလှိုဏ်တူးဖော်ခြင်းအတွက် ယမ်း (Emulsion Explosive)၊ အနှေးယမ်းကြိုး (Safety Fuse)၊ အမြန်ယမ်းကြိုး၊ စနက်တံ (Detonator)တို့ကို အသုံးပြု၍ မိုင်းခွဲဖယ်ရှားခြင်း နည်းလမ်းဖြင့် ပြုလုပ်သွားပါသည်။ တစ်လလျှင်ယမ်း (Amonium nitrate) (၂၀၀)ကီလိုခန့်၊ စနက်တံ (၁၅၀၀)ခု၊ အနှေးယမ်းကြိုး (၄၀၀)မီတာခန့်၊ အမြန်ယမ်းကြိုး (၁၀၀၀)မီတာခန့် အသုံးပြုပါသည်။ ယမ်းဖောက်ခွဲမှု တစ်ရက်လျှင် (၂) ကြိမ်နှုန်းဖြင့်ဆောင်ရွက်ပြီး Secondary Blastingကို လုပ်ငန်းလိုအပ်ချက်ရှိမှသာ ဆောင်ရွက်ပါသည်။ စီမံကိန်းသည် တည်ဆောက် ရေး အဆင့်ဖြစ်ပြီး အခြားဓါတုပစ္စည်းများ သုံးစွဲခြင်းမရှိပါ။