စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရန်ပုံငွေလျာထားခြင်း
ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်
ဇယားအမှတ် ( ၁၀.၀ ) မှ ( ၁၀.၁၁ )အထိတွင် အကြိုတည်ဆောက်ရေးအဆင့်၊ တည်ဆောက်ရေးအဆင့်၊ မိုင်းလုပ်ငန်းဖျက်သိမ်းသည့် အဆင့်၊ လုပ်ငန်းပိတ်သိမ်းခြင်းနှင့် ပိတ်သိမ်းပြီး အဆင့်ဟူ၍ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုမှုအစီအစဉ်ကို စောင့်ကြပ်ကြည့်ရှုရ မည့် အမျိုးအစားများ၊ နေရာများ၊ အကြိမ်ရေနှင့် တာဝန်ရှိသည့် အဖွဲ့အစည်းများဟု ဖော်ပြ ထားသည်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း အချိန်ပိုင်းအခြားအလိုက် စီမံကိန်းအကောင်အထည်ဖော်သူ ကုမ္ပဏီသည်စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာကို သက်ဆိုင်ရာ ဌာနများသို့ တင်ပြသွားပါမည်။
စောင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်တွင် Parameters အလိုက် တိုင်တာရရှိသည့် ရလာဒ်များအား သတ္တုရို်င်းတွင်းထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သော အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန် ချက်များ (EQEG)နှင့် နှိုင်းယှဉ်ဖော်ပြ သွားပါမည်။
သဘာဝပတ်ဝန်းကျင် ဆိုင်ရာလေ့ကျင့်မှု။
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေ စဉ် အဆင့်ဆင့်သော တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ များအစဉ်အမြဲ အလေးဂရုပြုစေရေး၊ ၀န်ထမ်း/လုပ်သားများအနေဖြင့် တစ်ဦးခြင်း ဆောင်ရွက် သင့်သည်များကို အလေးထား လိုက်နာဆောင်ရွက်စေပြီး အလေ့အကျင့်ကောင်းများကို သင်ကြား လေ့ကျင့်စေလျှက်ရှိပါသည်။ ဦးစားပေး လေ့ကျင့်စေသော အစီအစဉ်များမှာ –
- မိမိတကိုယ်ရည်သန့်ရှင်းရေးနှင့် သောက်သုံးရေများ သန့်ရှင်းမှု။
- သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း အလေ့အထ။
- လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင် ရွက်ခြင်း။
- ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပါ၀င်ကူညီခြင်း။
- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အရန်မီးသတ်သင်တန်းများသို့ စေလွှတ်လေ့ကျင့် သင်ကြား ခြင်း။
ရံပုံငွေ လျာထားချက်
ကုမ္ပဏီအနေဖြင့်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေစဉ်ကာလ စောင့်ကြပ်ကြည့် ရှုခြင်း လုပ်ငန်းများ (CSR)လုပ်ငန်းများအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၂% ကို လျာထားပါသည်။ ရွှေအသေးစားလုပ်ကွက်တစ်ခု၏ လစဉ် ထုတ်လုပ်မှု ကုန်ကျစရိတ် မှာ ကျပ်သိန်း(၃၀၀)ခန့်၊ တစ်နှစ်ပတ်လုံး ထုတ်လုပ်ဆောင်ရွက်ပါက ကျပ်သိန်းပေါင်း (၃၆၀၀)ခန့် ရှိနိုင်ပါသည်။ ၄င်းအသုံးစရိတ်၏ ၂% ဖြင့် လျာထားသက်တမ်း (၇)နှစ် အတွက် ကျပ်သိန်း(၅၀၀)ခန့် လျာထားပြီး အောက်ပါအတိုင်း ခွဲဝေသုံးစွဲပါမည်။
- စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ၊ စောင့်ကြပ်ကြည့်ရှုခြင်းကာလအတွက် တနှစ်လျှင်ကျပ်သိန်း(၇၀)။
- ဒေသဖွံ့ဖြိုးရေး (CSR)လုပ်ငန်းများ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းကာ လအတွက်တနှစ်လျှင် ကျပ်သိန်း(၇၀)။
ကုမ္ပဏီ၏ အသေးစားရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းခွင်အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဒေသခံပြည်သူတို့၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ခြင်း ရှိ/မရှိအား သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများ၏ စောင့်ကြပ် ကြည့်ရှူစစ်ဆေးခြင်းကို ခံယူသွားပါမည်။ ကုမ္ပဏီ၏ တာဝန်ရှိသူများအနေဖြင့်လည်း ကုမ္ပဏီ အတွင်း စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP)အရ ပတ်ဝန်းကျင် ထိခိုက်မှုကိုလျှော့ချမည့် လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင်.ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အထက်ဖော်ပြပါ ရံပုံငွေကျပ်သိန်း (၅၀၀) လျာထား သုံးစွဲပါမည်။
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက် မည့် အဖွဲ့အစည်းအား အောက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက်ပါမည်-
- စီမံကိန်း ဒါရိုက်တာ။
- စီမံကိန်း မန်နေဂျာ။
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး မန်နေဂျာ။
- လုပ်ကွက်တာဝန်ခံ။
- သတ္တုတွင်း အင်ဂျင်နီယာ (သို့မဟုတ်) ဘူမိဗေဒ အရာရှိ။
ဆေးမှူး (သို့မဟုတ်) ကျန်းမာရေးမှူ
အဖွဲ့အစည်းနှင့် ရံပုံငွေလျာထားချက်
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်မည့် အထက်ဖော်ပြပါ အဖွဲ့များသည် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေ မည့် စီမံခန့်ခွဲမှုအစီအစဉ်၊ စောင့်ကြပ်စစ်ဆေးမည့် အစီအစဉ်များနှင့် ထပ်မံကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ရန် တာဝန်ယူ မည်ဖြစ်ပါသည်။