ထိခိုက်နိုင်မှုလျော့ပါးစေရေး အစီအစဉ်

ဖြစ်နိုင်ခြေရှိသော ထိခိုက်နိုင်မှုများ

မြေပေါ်၊ မြေအောက် သတ္တုတွင်းတူးဖော်ခြင်း နည်းလမ်းများကြောင့် ရုပ်ပိုင်းဆိုင်ရာပတ်ဝန်း ကျင်၊ ဇီဝပိုင်းဆိုင်ရာပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်များကို အနည်းနှင့်အများ ထိခိုက်နိုင် စေပါသည်။

ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများ

မြေပြင်ထိခိုက်မှု     

အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်း ကာလများအတွက် အပင်များခုတ် ထွင်ရှင်းလင်းခြင်းနှင့် မြေတူးခြင်းဆောင်ရွက်မှုများသည် မြေပြင်များ၊ မြေပြင်သဏ္ဍာန်နှင့် ရေနုတ်မြောင်းများကို ပြောင်းလဲစေနိုင်ပါသည်။ မြေပြင်မှတူးဖော်မှု ဆောင်ရွက်ချက်များ ကြောင့်မြေဆီလွှာ တိုက်စားခံရခြင်းနှင့် နုန်းနှစ်များရေလမ်း ကြောင်းများထဲသို့ သယ်ပို့မှု ကြောင့် ထိခိုက်မှုများရှိနိုင်ပြီး အနည်ကျခြင်းကို အနည်မှုန်ကြီး သောနုန်းနှစ်များနှင့် အနည် မှုန်သေးသော နုန်းနှစ်များ ထိခိုက်မှုဟူ၍ ခွဲခြားနိုင်ပါသည်။

  • မြေပြင်တူးဆွမှုမှ ထွက်သောစွန့်ပစ်နုန်းနှစ်များ၊ ရွှေပါဖြုန်း ကြိတ်ခွဲ သန့်စင်ရာမှ ထွက်ရှိသော နုန်းနှစ်များ ရေလမ်းကြောင်းများအတွင်းသို့ ရောက်ရှိကာ ကြမ်းပြင် တွင် ပို့ချခြင်းကြောင့် ကြမ်းပြင်တွင်အနည်များ သယ်ဆောင်မှု(Bed Load) မြင့်တက် လာကာ ရေကြီးရေလျှံခြင်းနှင့် ရေလမ်းကြောင်းများ ပြောင်းလဲစီးဆင်းခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
  • အနည်မှုန်သေးသော နုန်းနှစ်များကို ရေလမ်းကြောင်းများထဲသို့ (Wash Load) အဖြစ်ရောက်ရှိပို့ချခြင်းကြောင့် ထိုအနှစ်ပါသော ရေများသယ်ပို့မှု မြင့်တက်လာခြင်း၊ အနည်များ ပျော်ဝင်မှုနှုုန်းမြင့်တက်လာခြင်း၊ ရေများနောက်ကျိခြင်းတို့ဖြစ်စေပါ သည်။

စမ်းချောင်းများအတွင်း အနည်ပို့ချမှုကြောင့် စမ်းချောင်းအောက်ခြေနေ သက်ရှိများ နေထိုင်ရာ နေရာများကို ဖုံးအုပ်ခြင်း၊ ပျက်စီးခြင်း၊ ပြည့်နှက်သွားခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ရေချိုငါးနှင့် ကျောရိုးမဲ့တိရစ္ဆာန်များ ၎င်းအခြေအနေကြောင့် ထိခိုက်ခံစားလွယ်သော အခြေ အနေရှိပါသည်။

မြေအောက် သတ္တုတူးဖော်ခြင်းမှ မြေပြင်ထိခိုက်မှုဖြစ်နိုင်ခြေများ

  • သစ်တော သစ်ပင်များ ဖယ်ရှားရှင်းလင်းခံရမှုမှ အစပြု၍ အပေါ်ယံ မြေဆီလွှာ တိုက်စားခံရခြင်းကြောင့် အပင်ပြန်လည်ပေါက်ရောက်မှု လျော့နည်းသွားခြင်း။
  • မြေအောက်အင်းများ၊ လှိုဏ်များကြောင့် မြေလွှာများကြ့ံခိုင်မှု လျော့နည်း၍ မြေလွှာ ပြတ်ရွေ့မှုနှင့် ကျွံကျမှုများ ဖြစ်ပေါ်နိုင်ခြင်း။
  • မြေအောက်ရေ ထုတ်ယူသုံးစွဲ၊ စွန့်ပစ်မှုများကြောင့် မြေအောက်ရေ အောင်းလွှာများ ထိခိုက်နိုင်ခြင်း၊ မြေပေါ်စီးဆင်းရေများပြား၍ တိုက်စားမှုများ ဖြစ်ပေါ်နိုင်ခြင်း။

မြေပြိုခြင်း

မြေပြိုခြင်းသည် သဘာဝအားဖြင့် တွေ့ရှိရသည့် သဘာဝပတ်ဝန်းကျင်ဘေး အန္တရာယ်ဖြစ်ပြီး ကျောက်တုံးများ၊ အစအနများနှင့် မြေသားများမြေပြင် ကုန်းစောင်းမှ အစု လိုက်အပြုံလိုက် ရွှေ့လျားခြင်းဖြစ်သည်။ မြေပြိုခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းအချက် များစွာ ရှိသော်လည်း ပုံမှန်အားဖြင့် အချက်နှစ်ချက်ရှိပါသည်။ ပထမအချက်မှာ တောင်ကုန်း တောင်စောင်းများတွင် ရှိနေသည့်မြေသားနှင့် ကျောက်သားများ ပုံမှန်အနေအထား ပျက်စီး သွားခြင်းနှင့် ဒုတိယအချက်မှာ ထိုအရာများကို ကမ္ဘာမြေဆွဲအားဖြင့် ဆွဲခံရခြင်းတို့ဖြစ်သည်။ မြေအောက် ရွှေသတ္တုတူးဖော်ခြင်းမှ ဖြစ်ပွားနိုင်သော မြေပြို၊ ကျောက်ပြိုခြင်းမှာ အောက်ပါ အချက်များကြောင့် ဖြစ်ပေါ်စေနိုင်ပါသည်-

  • မြေအောက်ဆင်းတွင်းများ၊ လှိုဏ်များ၏မြင့်မားမတ်စောက်သော နံရံများမှကွဲအက် ပြိုကျမှုဖြစ်ပေါ်ခြင်း။
  • မြေအောက်မိုင်းခွဲခြင်းမှ ထွက်ပေါ်လာသည့် တုန်ခါမှုကြောင့် သိပ်သည်းမှု အားနည်း သောမြေသား၊ ကျောက်လွှာများ တည်ငြိမ်မှုလျော့ကျသွားခြင်း။
  • မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပေါ်၊ မြေအောက်ရေများတိုးမြှင့် တိုက်စား လာပြီး မြေအောက်လုပ်ငန်းခွင်လုံခြံုမှုလျော့နည်းကျဆင်းခြင်း။

မြေငလျင်

မြေငလျင်ဖြစ်ပေါ်ခြင်းများသည် ကမ္ဘာတစ်ဝှမ်းတွင် မြေပြိုမှုဖြစ်စေသည့် အဓိက အကြောင်းရင်းဖြစ်ပါသည်။ Plate tectonic ဟူသည့် တွန်းတိုက် ရွှေ့လျားမှုများဖြစ်သည့် အခါကျောက်တုံးနှင့် မြေသားတို့က တစ်ခုမှတစ်ခုသို့ တိုးဝင်ရွှေ့လျား ဖုံးအုပ်သွားတတ် သည်။ တောင်ကုန်းတောင်တန်းဒေသများတွင် ဖြစ်ပေါ်သော ငလျင်သည်ကုန်းစောင်းများ ကိုတုန်ခါစေပြီး ကြီးမားသော ကျောက်လွှာနှင့် မြေသားများ ရွှေ့လျားမှုဖြစ်စေနိုင်ပါသည်။

မိုးသည်းထန်စွာ ရွာသွန်းမှု

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပေါ်ရေစီးကြောင်းများသည် မြေသားများနုန်း အနှစ်များ သယ်ဆောင်ပို့ချခြင်းကြောင့် မြေပေါ်သတ္တုမိုင်းများတွင် ထိခိုက်မှုများရှိနိုင်ပါ သည်။ မြေအောက်သတ္တုမိုင်းများတွင် မြေအောက်ရေများ တိုးမြှင့်လာနိုင်ပြီး လှိုဏ်ခေါင်း များ၊ ၀င်ထွက်လမ်းများ ကျင်းပြိုပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများ အပေါ်ထိခိုက်နိုင်မှုများ

မြေပြင်ဟင်းလင်းဖွင့်တူးဖော်သော သတ္တုမိုင်းများအနေဖြင့် ကုန်းနေဇီဝမျိုးစုံမျိုးကွဲများ အပေါ်ထိခိုက်နိုင်မှုသည် တိုက်ရိုက်ဖြစ်စဉ်များအရသော်လည်းကောင်း၊ သွယ်ဝိုက်ဖြစ်စဉ် များ အရသော်လည်းကောင်း ဖြစ်ပွားနိုင်ပါသည်။ သို့ရာတွင် မြေအောက်ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်မှုနည်းပါးနိုင်ပါသည်။ စီမံကိန်း ဧရိယာဆက်သွယ်ရေး လမ်းများရှင်းလင်းခြင်း၊ အခြေစိုက်စခန်း နေရာများ တည်ဆောက်ခြင်း စသည်တို့ကြောင့် ဒေသတွင်းပေါက်ပင်များနှင့် တောရိုင်းတိရစ္ဆာန်များ၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့ကျသွားခြင်းတို့၏ အကျိုးဆက်များအနေဖြင့် အောက်ပါအတိုင်း ရှိနိုင်ပါသည်

  • သက်ရှိများရှင်သန်နေထိုင်ရာ ဒေသများပျောက်ဆုံးခြင်း (သို့မဟုတ်) ယုတ်လျော့ ခြင်း၊ ရရှိနိုင်သည့် သက်ရှိများရှင်သန်နေထိုင်ရာဒေသများ ပြောင်းလဲသွားခြင်း။
  • လူဦးရေတိုးပွားလာမှုကြောင့် အမဲလိုက်ခြင်းတိုးပွားလာမှု (သို့မဟုတ်) ယခင်က မရောက်ရှိနိုင်သည့် နေရာဒေသများတွင် အမဲလိုက်ခြင်းတိုးပွားလာမှု(သို့မဟုတ်) မြေတူး ဆွခြင်း၊ မော်တော်ယာဉ်လမ်းများတိုးပွားလာခြင်း၊ အပင်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် မြေတူးခြင်း တို့ကြောင့်ဒေသတွင်းပေါက်ပင်များနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှု၊ ရွှေ့ပြောင်းရမှုများ။
  • ဆူညံမှုနှင့် အလင်းရောင်ကြောင့် ဒေသတွင်းတိရစ္ဆာန်တို့၏ အမူအယာနှင့် ဖြစ်နိုင် ခြေရှိသည့် မျိုးပွားခြင်းအောင်မြင်မှုနှုန်းလျော့ကျခြင်း။

ဇလဗေဒဆိုင်ရာ ပြောင်းလဲနိုင်မှုများ

မြေအောက်ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများသည် ဟင်းလင်းဖွင့် တူးဖော်ခြင်းများကဲ့သို့ ဇလဗေဒဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များအထိ သက်ရောက်မှုမရှိနိုင်ပါ။

ရေအရည်အသွေးနှင့် ရေဓာတ်ပြုပျက်စီးခြင်း

စွန့်ပစ်မြေစာကျောက်စာများမှ နုန်းနှစ်များ အရည်ပျော်ဝင်နေမှု၊ စွန့်ပစ်ပစ္စည်းများနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် စွန့်ပစ်ပစ္စည်းများတို့ကြောင့် ရေများဓာတ်သင့်ပျက်စီးနိုင်ပါသည်။ ဓာတ်သင့် ပျက်စီးမှုများကို အောက်ပါအခြေအနေများကြောင့် ဖြစ်ပေါ်နိုင်ပါသည်။

သယ်ယူပို့ဆောင်နေစဉ်၊ ကိုင်တွယ်နေစဉ် (သို့မဟုတ်) သိုလှောင်နေစဉ် အတွင်း လောင်စာဆီ၊ ဓာတ်ဆီနှင့်ဓာတုပစ္စည်းများ အပါအဝင် အန္တရာယ်ဖြစ်စေနိုင်သည့် စွန့်ပစ် ပစ္စည်းများ ယိုဖိတ်မှု(သို့မဟုတ်)ဖိတ်စင်မှု။

ရေလမ်းကြောင်းများ (သို့မဟုတ်) ရေလမ်းကြောင်းများအတွင်းစီးဝင်သည့် ရေနုတ် မြောင်းများထဲသို့ အန္တရာယ်ဖြစ်စေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို မလျော်မကန် စွန့်ပစ်ခြင်း။

ဓာတ်မြေသြဇာနှင့် ရေမြောင်းများအတွင်း ရေမှော်များ ပွားများလာခြင်းကိုဖြစ် စေသည့် ဖျော်ရည်ပါဓာတ်ပြုပစ္စည်းပါ၀င်မှုနှုန်းမြင့်လာခြင်း။

ရေဓာတ်သင့်ပျက်စီးမှုများကို ပြောင်းလဲစေသည့် ဖြစ်နိုင်ခြေထိခိုက်မှုများမှာ အောက် ပါအတိုင်း ဖြစ်ပါသည်-

  • ကုန်းနှင့်ရေကြား သဘာဝပေါက်ပင်များ အဆိပ်သင့်ခြင်း(သို့မဟုတ်) ဖုံးလွှမ်း ခံရခြင်းတို့ကြောင့် ကုန်းနေဇီဝမျိုးစုံမျိုးကွဲများ ပျောက်ဆုံးသွားခြင်း၊ ယုတ်လျော့ သွားခြင်း။
  • ရေနေဇီဝမျိုးစုံမျိုးကွဲများ ပျောက်ဆုံးသွားခြင်း(သို့မဟုတ်) ယုတ်လျော့သွားခြင်း။
  • ရေနေသက်ရှိအပင်များ၊ ငါးများနှင့် ကျောရိုးမဲ့ သတ္တဝါကြီးများ အဆိပ်သင့်ခြင်း။
  • ငါးများကို သေစေနိုင်သည့် ရေမှော်များ ပွားများလာမှုကြောင့် အောက်ဆီဂျင် ဓာတ် ပါ၀င်မှုလျော့နည်းလာခြင်း။
  • ဓာတ်သင့်ပျက်စီးသောရေများနှင့် ထိတွေ့ခြင်းမှ အရေပြားဓာတ်မတည့်သည့် တုန့် ပြန်ခြင်း (သို့မဟုတ်) အခြားကျန်းမာရေးထိခိုက်မှုများ။
  • ဓာတ်သင့်ပျက်စီးနေသော ရေများနှင့် ထိတွေ့ခြင်းမှ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါတို့ အပါအဝင် ကျန်းမာရေးထိခိုက်မှုများ။

ရေအရည်အသွေးဆိုင်ရာ အခြေခံအချက်အလက်များမှာ

(၁) ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ၊ (၂) ဓာတုဗေဒဆိုင်ရာ ဂုဏ်သတ္တိနှင့် (၃) အဏုဇီဝဆိုင်ရာ ဂုဏ်သတ္တိ (ပိုးမွှား) တို့ဖြစ်ပါသည်။

  • (၁)နှင့်(၂)တွင် သတ္တုဒြပ်စင်များ၊ ဓာတုဓါတ်ပေါင်းများ၊ အရောင် အဆင်းအနံ့ အရသာ၊ ရောဂါဖြစ်ပွားစေသော ဓါတ်ပြုပစ္စည်းများ။
  • (၃)တွင် ကိုလီဖွန်ဘတ်တီးရီးယား ( Coliform Bacteria ) အီကိုလီ (E.Coli) ကာလဝမ်းရောဂါ ပိုးမွှားများ (Cholera-Causing Vibriocholerae)၊ ကပ်ပါး ကောင်များ (Protozoan Parasites)၊ မစင်များပျော်ဝင်မှုရှိ/မရှိ ကိုလီဖွန် ဘတ်တီးရီးယားကို စမ်းသပ်ရပါသည်။

မြေအောက်ရေတွင် ပျော်ဝင်နေနို်င်သည့် ဓါတ်ပစ္စည်းများ

ရုပ်ပိုင်းဆိုင်ရာ (General Properties) ဓာတုဗေဒဆိုင်ရာ (Chemical Properties) ဂုဏ်သတ္တိများမှာ- ပုံပန်းသဏ္ဍာန် ( Appearance )၊ အရောင်(Colour)၊ အနံ့အရသာ (Odor/Smell)၊ ရေနောက်ကျိမှု၊ ရေကြည်လင်မှု (Turbidity)၊ ဓါတု ပစ္စည်းစုစုပေါင်း ပါ၀င်မှုပမာဏ ( Total Dissolved Solid) လျှပ်စစ်စီးကိန်းသတ္တိ (Electrical Conductivity / EC)၊ ပီအိတ်ချ် (PH) ရေစေးခြင်းနှင့် ပျော်ဝင်နေနိုင်သည့် ဓာတ်ပစ္စည်းများမှာ ဆိုဒီယမ် (No+)၊ ပိုတက်စီယမ် (K+)၊ ကယ်လ်စီယမ် (Ca++)၊ မဂ္ဂနီစီယံ (Mg++)၊ သံဓာတ်( Fe++)၊ ကာဗွန်နိတ် (CO3=)၊ ဘိုင်ကာဗွန်နိတ်(HCO3-)၊ ကလိုရိုက် (CL) ၊ ဆာလ်ဖိတ် (SO4) ၊ ခဲ (Pb) ၊ သွပ် (Zn)၊ ကြေးနီ (Cu) ၊ အာစင်နစ် (As)၊ အမိုးနီးယား၊ နိုက်ဒရိုက်၊ ဖလူရိုရိုက်တို့ ဖြစ်ကြပါသည်။ (ကလိုရိုက် (သို့)ဆာလဖိုက်(သို့) ကာဗွန်နစ် သုံးမျိုးစလုံးသည် ဓာတ်ပေါင်းအနေဖြင့် အများဆုံး တွေ့ရပါသည်။

ကျန်းမာရေးသက်ရောက်မှုဖြစ်စေနိုင်သည့် ရေ၌ပျော်ဝင်နေတတ်သည့် ဓာတ်ပစ္စည်းများ

အရောင်၊ အဆင်းအနံ့ အရသာနှင့် ရေနောက်ကျိမှု (Color, Odor/ smell and Turbidity)

  • ပီအိတ်ချ် pH
  • သံဓာတ် Iron (Fe)
  • ဓာတ်ဆားပျော်ဝင်မှု စုစုပေါင်း (Total Dissolved Solid- TDS)
  • ရေစေး (Total Hardness as CaCO3)
  • ကလိုရိုက် (အငန်ဓာတ်/ ဆားဓာတ်) Chloride (Cl)
  • ဆိုဒီယမ်၊ ပိုတက်စီယမ် Sodium (Na), Potassium (K)
  • ကယ်လ်စီယမ်+ မဂ္ဂနီစီယမ် Calcium (Ca) , Magnesium (Mg)
  • ဆာလ်ဖိတ် (ကန့်) Sulphate (SO4)
  • နိုက်ထရိတ်+ နိုက်ထရိုက် (Nitrade (NO3) + Nitrite)
  • မဂ္ဂနီဓာတ် (Magnese (Mn))
  • ခဲဓာတ် (Lead, Pb)
  • သွပ်ဓာတ် (Zinc (Zn))
  • ကြေးနီဓာတ် (Copper (Cu))
  • အာဆင်းနစ်                                    (Arsenic)

ဆောင်ရွက်သင့်သည်များ

သောက်သုံးရေအတွက် စက်ရေတွင်းတူးရန် နေရာရွေးချယ်ပါက အောက်ပါတို့ကို အဓိကစဉ်းစားနိုင်ပါသည်။
  • မိလ္လာအညစ်အကြေးစွန့်ကန်၊ ပိုက်လိုင်းများနှင့် အနည်းဆုံး ပေ၅၀ ကွာဝေးပါမည်။
  • အသုံးမပြုသည့်တွင်းနှင့် အနည်းဆုံးပေ ၅၀ ကွာဝေးပါမည်။
  • ခြံဝင်းအတွင်းရှိ ကျင်းအိမ်သာနှင့် အနည်းဆုံးပေ ၅၀ ကွာဝေးပါမည်။
  • စွန့်ပစ်ပစ္စည်းအမှိုက်ပုံနှင့် အနည်းဆုံးပေ ၅၀ ကွာဝေးပါမည်။
  • သင်္ချိုင်းအုတ်ဂူနှင့် အနည်းဆုံး ပေ ၅၀ ကွာဝေးပါမည်။
  • အိမ်မွေးတိရစ္ဆာန်ထားသည့် အဆောက်အအုံနှင့် အနည်းဆုံးပေ ၅၀ ကွာဝေးပါမည်။
စက်ရေတွင်းမှရေကို စမ်းသပ်စစ်ဆေးခြင်း။

မြေအောက်ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေသူများသည် မိမိတို့အိမ်ရှိ စက်ရေတွင်းမှထွက်သော ရေ၏အရည်အသွေးကိုသိရှိရန်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ( WHO/ World Health Organization) ကသတ်မှတ် ထားသောသောက်သုံးရေ အရည်အသွေးအဆင့်အတန်း (Drinking Water Quality Standard) နှင့်ချိန်ထိုး၍ အခြေခံအချက်အလက်များကို သိထား ရန်ဖြစ်သည်။ တစ်နှစ်တစ်ခါ ပုံမှန်ရေစမ်းသပ်စစ်ဆေးသင့်ပါသည်။ ကျွမ်းကျင် သူများနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း  NHL ( National Health Laborarory) ၌ စမ်းသပ်စစ်ဆေးပေးသည်။

ဦးစားပေးစမ်းသပ်သင့်သည်များမှာ

  • ပီအိတ်(ချ်) pH
  • သံဓာတ် Iron (Fe)
  • မဂ္ဂနီဓာတ် Magnese (Mn)
  • ဓာတ်ဆားပျော်ဝင်မှု စုစုပေါင်း Total Dissolved Solid (TDS)
  • ကလိုရိုဒ် ( အငန်ဓာတ်၊ ဆားဓာတ်) Cholride (Cl ) တို့်ဖြစ်ပါသည်။

 

ရေ အရည်အသွေး

စီမံကိန်း ဧရိယာဝန်းကျင်ဒေသသည် မြစ်၊ ချောင်းငယ်များနှင့် တောင်တန်း များ ဆက်စပ်တည်ရှိပြီး ရေဝေရေလဲ ကောင်းမွန်သော ဒေသဖြစ်သဖြင့် မြေပေါ်မြေ အောက်ရေ အရည်အသွေးကောင်းမွန်ပါသည်။ အပေါ်ယံမြေလွှာများဖယ်ရှားခြင်း၊ စွန့်ပစ်ကျောက်များထွက်ရှိခြင်း၊ စွန့်ပစ်နုန်းအနယ်များ ထွက်ရှိခြင်းတို့မှ မြေပေါ်ရေ အရည်အသွေး ကျဆင်းမှုဖြစ်နိုင်ပါသည်။ စီမံကိန်းလုပ်ငန်းများ၏ ရွှေသတ္တုသန့်စင် ခြင်းမှ စွန့်ပစ်အရည်များ ထုတ်လွှတ်မှုများသည့်အခါ ဒေသအတွင်း သောက်သုံးရေ များ ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ပါသည်။ လုပ်ကွက်ဧရိယာတစ်ဝိုက်ရှိ မြေပေါ်၊ မြေအောက် ရေနမူနာများ ပူးတွဲဖော်ပြထားပါသည်။ ရေနမူနာရယူခဲ့သော နေရာများမှာ မြေ အောက်ရေအဖြစ် လုပ်ကွက်အနီး ကျေးရွာသုံး အဝီစိတွင်းရေ ခန့်မှန်းမြေပုံညွှန်း (JF-798165)မှလည်းကောင်း၊ မြေပေါ်ရေကျောက်အိုးချောင်းမှ ခန့်မှန်းမြေပုံညွှန်း(JF-801099)မှ လည်းကောင်း ရယူစစ်ဆေးခဲ့ပါသည်။ ဒေသတွင်း ကွင်းဆင်းချိန် အခြေခံ အချက်အလက်များ ရရှိရေးအတွက် ရေအရည်အသွေး စမ်းသပ်စစ်ဆေးမှုဆောင် ရွက်ခဲ့ပါသည်။ စမ်းသပ်စစ်ဆေးမှု ရလာဒ်အားနောက်ဆက်တွဲ (ဂ.၄)တွင်ဖော်ပြထား ပါသည်။

ရေရရှိနိုင်မှု

လူတို့သည် ရေအတွက် ရေတွင်းများ၊ စိမ့်စမ်းများ၊ စမ်းချောင်းများကို အသုံးပြုကြရာ ဟင်းလင်းဖွင့်သတ္တုတူးဖော်ရေးလုပ်ငန်းများသည် စမ်းချောင်းများနှင့် မြစ်များကို လူတို့သောက် သုံးရန် မသင့်လျော်သော အဖြစ်သို့ရောက်ရှိပါသည်။ သောက်ရေရရှိရန် ရေတိမ်တွင်းများ တူးထားခြင်း၊ ကျောက်သားကျောက်ခံမှ စိမ့်ရေများနှင့် စမ်းချောင်းများမှ သွယ်ယူခြင်း တို့သည် သောက်ရေအရင်းအမြစ်များ ဖြစ်ပါသည်။ မြေအောက်သတ္တုတူးဖော်ခြင်းသည် ဟင်းလင်းဖွင့် တူးဖော်ခြင်းများကဲ့သို့ ရေအရင်းအမြစ်များ ဆုံးရှုံးနိုင်ခြေနည်းပါးသော်လည်း မြေအောက်လှိုဏ် တွင်းများအတွင်း ရေနစ်မြှုပ်မှု သက်သာစေရန် မြေအောက်ရေများ စုပ်ထုတ်ရခြင်းများကြောင့် မြေအောက်ရေ ဆုံးရှုံးမှုအနည်းငယ် ရှိနိုင်ပါသည်။ အင်းအတွင်း စုပ်ထုတ်သော ရေများအား ၀န်ထမ်း၊ လုပ်သား ပြည်သူလူထုအတွက် သောက်သုံးရေနှင့် လုပ်ငန်းသုံးရေများအဖြစ် အသုံးပြု နိုင်ပါသည်။

စွန့်ပစ်ပစ္စည်းများအား မလျော်မကန်စွန့်ပစ်ခြင်း

စွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်းကို သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲမှု မပြုထားပါက ပတ်ဝန်းကျင်နှင့်လူများအပေါ် ထိခိုက်နိုင်ပါသည်။ စွန့်ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်း များသည် ရေလမ်းကြောင်းများအတွင်း ရောက်ရှိသွားမည်ဖြစ်ပါသည်။ ၎င်းတို့သည် မြေပေါ် ရေအရည်အသွေးကို တိုက်ရိုက်ထိခိုက်စေနိုင်ပါသည်။ ထို့အပြင် ရေနေဂေဟ စနစ်နှင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဇီဝနှင့်ဓာတု ပေါင်းစပ်ဓာတ်ပြုခြင်းများ ဖြစ်စေ နိုင်ပါသည်။ စွန့်ပစ်ပစ္စည်းများမှ ထွက်ရှိသော ဓာတုပျော်ရည်များကို အပင်များအမြစ်မှ စုပ်ယူသည့်အခါ အန္တရာယ်ရှိနိုင်ပါသည်။ အကယ်၍ လူများမှ ၎င်း၏ညစ်ညမ်း မြေဆီလွှာ များထိမိထားသည့် အပင်များ၊ တိရစ္ဆာန်များကို သုံးစွဲစားသုံးမိသည့်အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

ရွှေသတ္တုဖြုန်းစာများ ကြိတ်ခွဲသန့်စင်ထုတ်လုပ်ခြင်းတွင် အသုံးပြုသော ပြဒါး၊ Cyanide ဓာတ်ပေါင်းများအား စနစ်တကျချေဖျက်သော နည်းစဉ်များအသုံးမပြုဘဲ ၎င်းတို့ ပျော်ဝင်သော စွန့်ပစ်ရေများအား မြစ်ချောင်း၊ စမ်းချောင်းများ အတွင်းသို့ စွန့်ပစ်ပါက လူနှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် အန္တရာယ်ရှိနိုင်ပါသည်။

လုပ်ငန်းသုံးဓာတုပစ္စည်းယမ်းသုံးစွဲမှုကြောင့် စွန့်ပစ်ကျောက်ရိုင်းများတွင် ဖဲရပ် ဆာလဖိတ် ပါ၀င်နိုင်ခြင်းကြောင့် ပမာဏများပြားစွာ စုပုံထားရှိချိန် သဘာဝရေနှင့် လေတို့ တွေ့ဆုံဓာတ်ပြုကာ ARD (Acid Rock Drainage) ဖြစ်နိုင်ပါသည်။ ၎င်းအပြင် ရွှေသန့်စင် သည့် ဓာတုဗေဒပစ္စည်းများ၊ အက်စစ်နှင့် ပြဒါးများယိုစိမ့်စီး ထွက်မှု ဖြစ်ပေါ်ပါက (ARD) ဖြစ်နိုင်ခြေ ရှိပါသည်။

လေအရည်အသွေးကျဆင်းခြင်း(ဖုန်မှုန့်များ ပျံ့လွင့်မှု)

ဖုန်မှုန့်များသည် မြောက်များစွာသော အခြေခံအကြောင်းအရင်းမြစ်များကြောင့် မိုင်း လုပ်ငန်းများမှထွက်ရှိလာပြီး လေထုအတွင်း ပျံ့လွင့်ကာ ညစ်ညမ်းစေပါသည်။ ဖုန်မှုန့်များ သည် အရွယ်အစားအမျိုးမျိုးရှိပြီး ပို၍သေးငယ်လေလေ လေထုအတွင်းကြာရှည်စွာ ရပ်တည်နိုင်လေလေ၊ ပို၍ဝေးဝေးသွားနိုင်လေလေဖြစ်ပါသည်။ ကြီးမားသည့် ဖုန်မှုန့်များ သည် သူတို့ဖြစ်ပေါ်လာရာ အနီးနားတွင်သာ ကျရောက်သွားပြီး ယင်းအမှုန်များသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့်ဖုန်အလွှာအဖြစ် တည်ရှိပါသည်။ ဖုန်မှုန့်များသည် အသက်ရှု သွင်း၊ ရှုထုတ်လုပ်ရာတွင် နှာခေါင်းနှင့် ပါးစပ်များအတွင်း ၀င်ရောက် တွယ်ကပ်နေနိုင်သလို မျိုချမိနိုင်ပါသည်။ အလွန်သေးငယ်သော ဖုန်မှုန့်လေးများသည် မျက်စိဖြင့်မမြင်နိုင်ဘဲ အသက်ရှုလမ်းကြောင်းမှ အဆုတ်အတွင်းသို့ ရောက်ရှိနိုင်ပြီး အလွန့်အလွန်သေးငယ်သော ဖုန်မှုန့်လေးများမှာမူ သွေးကြောထဲသို့ တိုက်ရိုက်ရောက် ရှိသွားနိုင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ညစ်ညမ်းအမှုန်များနှင့် ထိတွေ့မှုသည် မြောက်များစွာသော ကျန်းမာရေး သက်ရောက်မှုများနှင့် ချိတ်ဆက်နေကြောင်းကို သိပ္ပံ နည်းကျလေ့လာမှုများတွင် ဖော်ပြထားပါသည်-

  • လေလမ်းကြောင်းယောင်ရမ်းခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ နာတာရှည် လေရှုပြွန်ယောင်ခြင်းနှင့် အဆုတ်အလုပ်လုပ်နိုင်စွမ်း လျော့ကျသွားခြင်းကြောင့် အသက်ရှုရ ခက်ခဲခြင်းကဲ့သို့သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ တိုးပွားလာခြင်း။
  • နှလုံးရောဂါ(သို့မဟုတ်) အဆုတ်ရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးမှုများ။
  • သွေးထဲသို့ အဆိပ်သင့် ပစ္စည်းများ စုပ်ယူရောက်ရှိခြင်းကြောင့် အဆိပ်သင့် အကျိုး သက်ရောက်မှုများ (ဥပမာ- ခဲ/ သွပ်/ Cadmium)
  • ချွဲထုတ်အမှေးပါးများ (Mucous membrane)များ ယောင်ရမ်းခြင်း (ဥပမာ-အက်စစ်/ Alkali)

ဖုန်မှုန့်များကြောင့် လေလမ်းကြောင်းယောင်ရမ်းခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ လေရှုပြွန်ယောင်ခြင်းနှင့် အဆုတ်အလုပ်လုပ်နိုင်စွမ်း လျော့ကျသွားခြင်းကြောင့် အသက်ရှုရ ခက်ခဲခြင်းကဲ့သို့သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တိုးပွားလာခြင်း တို့ ဖြစ်ပေါ်စေပါသည်။

မြေအောက်ရွှေတူးဖော်ခြင်းလုပ်ငန်းခွင်များ၌ အောက်ဆီဂျင်လုံလောက်စွာ ရရှိရန် လိုအပ်ပြီး လေပေးစနစ်ကောင်းမွန်ခြင်း မရှိပါက လုပ်ငန်းခွင်အန္တရာယ်များ ဖြစ်ပေါ်နိုင် ပါသည်။

ဆူညံသံနှင့် တုန်ခါမှုများကြောင့် ထိခိုက်နိုင်မှုများ

သတ္တုမိုင်းများတွင်အသုံးပြုသော ယာဉ်၊ စက်၊ ယန္တရားများ၊ ဓာတ်အားပေးစက်များ အလုပ်လုပ်ကိုင်ခြင်းကြောင့် ဆူညံသံနှင့် တုန်ခါခြင်းတို့ အထိုက်အလျှောက် ထွက်ပေါ်နိုင် ပါသည်။ မိုင်းခွဲခြင်းမှ ဖိအားလွန်ကဲခြင်းနှင့် မြေသားတုန်ခါမှုများ ဖြစ်ပေါ်နိုင်သော်လည်း မြေအောက် လှိုဏ်များအတွင်းအငယ်စားဖောက်ခွဲမှုများမှ ပြင်ပသို့တုန်ခါလှိုင်းများ (Shock Wave)နှင့် (Air blast) ဟုခေါ်သော ဆူညံသံနှင့် တုန်ခါမှုများထွက် ပေါ်ခြင်းမရှိနိုင်ပါ။ အနီး ကပ် လုပ်ငန်းဆောင်ရွက်ကြသော လုပ်သားများအတွက်သာ ထိခိုက်မှုများ အနည်းငယ် ရှိနိုင်ပါသည်။

ဆူညံသံများနှင့် ထပ်ခါထပ်ခါ အချိန်ကြာမြင့်စွာ ထိတွေ့နေခြင်းသည်လည်း အကြားအာရုံကို တဖြည်းဖြည်း ပျက်စီးစေသည်။ Mine တွင် အသုံးပြုသော (Compressor, Drilling machine) တူကြီးများနှင့် အခြားကိရိယာများသည် ဆူညံသံကို ထုတ်လွှတ်သော အဓိကအရင်းအမြစ်များဖြစ်သည်။ ဆူညံသံများ ထွက်ပေါ်မှုလျော့ကျရန် အသံစုပ်ယူနိုင် သည့် ပစ္စည်းများပါရှိသော ကိရိယာများကို အသုံးပြုခြင်းဖြင့် ဆူညံသံကို လျှော့ချသင့်သည်။ အခြားနည်းတစ်နည်းမှာ ဆူညံစေသည့်အရာနှင့် နားထောင်နေသူတို့၏ အကွာအဝေးကို ဝေးစေခြင်းဖြစ်သည်။ လူတစ်ဦး၏ နားသည် (85 db)ရှိသော အသံ ကို(၈)နာရီတိတိ ခံနိုင်ရည်ရှိသဖြင့် အလုပ်ချိန်အတွင်း သတ်မှတ်ထားသောနှုန်းထက် မကျော်လွန်ရန် ဂရုပြု ရမည်။ သတ်မှတ်ထားသောနှုန်းထက် ကျော်လွန်ပါကလုပ်သားများကို အန္တရာယ်ဖြစ် စေနိုင် ပါသည်။ ထို့ကြောင့် (85 db) ထက်ကျော်လွန်သော ဆူညံသံများ နှင့်ဆူညံသံများကို ထိန်းချုပ်ရန်ခက်ခဲသောနေရာတွင် အကြားအာရုံကို ကာကွယ်ပေးနိုင်သည့် ပစ္စည်းများကို ၀တ်ဆင်ရပါမည်။

ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး

ဘေးကင်းလုံခြံုသော လုပ်ငန်းအလေ့အကျင့်မရှိလျှင်သော်လည်းကောင်း၊ ခွင့်မပြု သင့်သောလူပုဂ္ဂိုလ်ဝန်ထမ်းများကို အန္တရာယ်ကြီးမားသော လုပ်ငန်းခွင်တွင် ခန့်အပ်ထား ခဲ့လျှင်သော်လည်းကောင်း၊ သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်း၏ ပင်ကိုယ်သဘောသဘာဝ ကပင်အန္တရာယ်ရှိပြီး အခြေခံဖြစ်သည်။ ထိုအခြေခံမှထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု (သို့မဟုတ်) ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေနိုင်ပါသည်။

ထိခိုက်ဒဏ်ရာရရှိမှု (သို့မဟုတ်) သေဆုံးမှုတို့ကို အောက်ပါအခြေအနေတို့တွင် တွေ့ ရှိရပါသည်-

  • မော်တော်ယာဉ်မတော်တဆဖြစ်မှု (ယာဉ်တိုက်မှု/ ယာဉ်တိမ်းမှောက်မှု)။
  • သတ္တုတွင်းစက်ကိရိယာများနှင့် တိုက်မိခြင်း၊ ပိမိခြင်း။
  • သတ္တုတွင်းစက်ပစ္စည်းကိရိယာများ၊ ၀င့်စင် ၀င့်ကြိုးများပျက်စီးခြင်း၊ လေမှုတ်စက် (သို့မဟုတ်)လွန်များအလုပ်မလုပ်ခြင်း။
  • မထိန်းချုပ်နိုင်သော (သို့မဟုတ်) မမျှော်လင့်ထားသော ပေါက်ကွဲမှုဖြစ်ခြင်း။ မီသိမ်း ဓာတ်ငွေ့ကဲ့သို့ မြေအောက်ဓာတ်ငွေ့ယိုစိမ့်မှုများဖြစ်ပေါ်ခြင်း။
  • အက်စစ်၊ ကော့စတစ်ဖျော်ရည်များ၊ ဖျော်ရည်များစသည့် အန္တရာယ်ရှိသော ပစ္စည်းများနှင့် ထိမိခြင်း။
  • လောင်စာဖိတ်စင်ခြင်း (သို့မဟုတ်) ပေါက်ကွဲခြင်းကြောင့်ဖြစ်စေသော မီးလောင် ကျွမ်းမှု။
  • လျှပ်စစ်စီးနေသော ၀ါယာကြိုးများနှင့် ထိမိ၍ ဓာတ်လိုက်ခြင်း။
  • သတ္တုတွင်းနံရံများ(သို့မဟုတ်)အင်းထောက်၊ အုံးတုံး၊ အုံးတန်းများ ကွဲအက်ပျက် စီးမှုကြောင့် မြေအောက်မြေပြိုခြင်း။

ကျန်းမာရေးဘေးအန္တရာယ်များအောက်ပါအတိုင်း ဖြစ်ပွားနိုင်ပါသည်-

  • ညံ့ဖျင်းသော မိလ္လာစနစ်(သို့မဟုတ်) ညစ်ညမ်းသောစွန့်ထုတ်ရေများကြောင့် အစာ အိမ်နှင့် အူလမ်းကြောင်းရောဂါများကို ဖြစ်စေသည့် မလုံခြံုသော (သို့မဟုတ်) ဓာတ်သင့်ပျက်စီးနေသော သောက်ရေများ။
  • မီးလောင်ဒဏ်ရာ၊ အရေပြားယားယံခြင်း၊ မျက်စိနာခြင်းနှင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါများနှင့် ၎င်းတို့ကိုဖြစ်စေနိုင်သည့် အရာဝတ္ထုများ၊ အဆိပ်ရှိ ဓာတုပစ္စည်းများနှင့် ထိမိခြင်း။
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့် ၎င်းတို့ကိုဖြစ်စေသည့် ဖုန်ထုနှင့် ထိတွေ့ခြင်း၊ ကျောက်ဖောက်စက်၊ ကျောက်ကြိတ်ခွဲစက်များမှ ထွက်ရှိ သော ဖုန်မှုန့်များ ကြာရှည်ရှုရှိုက်မိခြင်း။
  • အကြားအာရုံချို့ယွင်းမှုကို ဖြစ်စေသည့် အလွန်အမင်းဆူညံခြင်း။
  • လူနေထူထပ်သော တန်းလျားများနှင့် မသန့်ရှင်းသည့် လူနေထိုင်မှု ပုံစံများကြောင့် ကူးစက်ပြန့်ပွားတတ်သည့်ရောဂါများ ဖြစ်နိုင်ခြေများခြင်း။
  • အုပ်ချုပ်စီမံခန့်ခွဲမှုအားနည်းချက်နှင့် ကြိုတင်ကာကွယ်ရေး အစီအမံများ မရှိခြင်း။

အများပြည်သူအသက်မွေးမှုနှင့်လူထုအခြေခံအဆောက်အအုံများ

ရွှေသတ္တုတူးဖော်မှုလုပ်ငန်းများကြောင်း စီမံကိန်းတည်ရှိရာ လူများနှင့် ဇီဝမျိုးစုံတို့ အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်စေနိုင်ပါ သည်။ ဟင်းလင်းဖွင့်တူးဖော်နည်းအစား မြေအောက်တူးဖော် ဆောင်ရွက်ခြင်းဖြင့် ထိခိုက် မှုကို လျော့ချနိုင်ပါသည်။ သို့ရာတွင် စီမံကိန်းဧရိယာများသို့ လူတို့ရွှေ့ပြောင်း ၀င်ရောက် လာခြင်း၊ လက်လုပ်လက်စားလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြခြင်းတို့ကြောင့် အနည်း နှင့်အများ သက်ရောက်မှုများရှိပါသည်။ လူမှုစီးပွားရေးအရ ကောင်း ကျိုးသက်ရောက်မှုနှင့် ဆိုးကျိုးသက်ရောက်မှုများ ရောထွေးလျှက်ရှိပါသည်။

တိုက်ရိုက်သက်ရောက်မှုများတွင် အောက်ပါတို့ပါ၀င်ပါသည်-

  • ရေအရင်းအမြစ်များရရှိမှုနှင့်ဆုံးရှုံးမှု။
  • ဆူညံမှု၊ တုန်ခါမှုနှင့်ယာဉ်လမ်းကြောင်းများမှ သဘာဝသာယာမှုများ ဆုံးရှုံးခြင်း။
  • နိုင်ငံတော်နှင့် အကျိုးတူရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ နိုင်ငံတော် အတွက် သယံဇာတဝင်ငွေများ ရှာဖွေပံ့ပိုးပေးနိုင်ခြင်း။
  • တရားဝင် ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းများမှ နိုင်ငံသူနိုင်ငံသားများ အလုပ် အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားရေး အထောက်အကူဖြစ်စေခြင်း။
  • ဒေသတွင်း ထွက်ကုန်များ၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် ၀န်ဆောင်မှု လုပ်ငန်း များကြောင့် စီးပွားရေးအဆင့်အတန်းမြင့်မားလာခြင်း။
  • ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးအတွက်များစွာ အထောက်အကူရရှိ နိုင်ခြင်း။

သွယ်ဝိုက်သက်ရောက်မှုများတွင် အောက်ပါတို့ပါ၀င်သည်-

  • လူဦးရေတိုးပွားလာမှုကြောင့် အလုပ်များ၊ ကုန်ပစ္စည်းများနှင့် လုပ်ငန်းဆောင် တာများအတွက် ယှဉ်ပြိုင်မှုများပြားလာခြင်း။
  • အရက်၊ မူးယစ်ဆေးဝါးနှင့် အခြားသော စွဲလမ်းစေတတ်သော အရာများသုံးစွဲ မှုနှင့် ဆက်စပ်သည့် လူမှုရေးကျန်းမာရေး သက်ရောက်မှုများ။
  • မူးယစ်ဆေးဝါးကုန်ကူးခြင်းနှင့် ဆက်စပ်သည့်ရာဇဝတ်မှုများနှင့် အသက်မွေး ၀မ်းကြောင်း ရပ်တည်မှုစွမ်းရည်ကျဆင်းလာခြင်း။
  • အသေးစားနှင့်အလတ်စား ရွှေသတ္တုတူးဖော်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ ဆက်စပ် ၀န်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေနိုင်ခြင်း။
  • လူဦးရေတိုးပွားလာမှုကြောင့် ကျန်းမာရေးနှင့် ပညာရေး ၀န်ဆောင်မှုများ လက်လှမ်းမီနိုင်မှုဝေးကွာခြင်း။

ထိခိုက်နိုင်မှုများကို ဆန်းစစ်ခြင်း အကျဉ်းချုပ်

ရွှေသတ္တုအသေးစား တူးဖော်ခြင်း စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ထိခိုက်မှုများကို စီမံကိန်းဖော်ပြချက်နှင့် အခြေခံကွင်းဆင်း လေ့လာခြင်း ရလာဒ်များအရ ခန့်မှန်းသွားပါမည်။ ဇယား(၄.၁)တွင် ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အကျဉ်းချုပ်ကို PrS: အကြိုတည်ဆောက်သည့်အဆင့်၊ CS: တည် ဆောက်သည့် အဆင့်၊ OS: လုပ်ငန်းလည်ပတ်သည့် အဆင့်၊ DS: လုပ်ငန်းဖျက်သိမ်း သည့် အဆင့်၊ CIS: လုပ်ငန်းပိတ်လိုက် သည့်အဆင့်၊ PoS: လုပ်ငန်းပိတ်ပြီးအဆင့်ဟုခွဲခြား ဖော်ပြ ထားပါသည်။ ညစ်ညမ်းမှုများ၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးများပါ၀င်သော လူမှုပတ်ဝန်းကျင်၊ အခြားသောအရာများကို (A-, A+ ,B- , B+ ,C,D)စသည့် သင်္ကေတများသုံး၍ ဖော်ပြပါသည်-

A-: သက်ရောက်မှုများအပေါ် တိုင်းတာမှုများမရှိပါက ထင်ရှားသော ဆိုးကျိုးများ ဖြစ်နိုင်သည်။

A+: ထင်ရှားသော ကောင်းကျိုးများ ဖြစ်နိုင်သည်။

B-: သက်ရောက်မှုများပေါ်တိုင်းတာမှုများမရှိပါက အချို့သောနယ်ပယ်များတွင် ဆိုးကျိုးများ ဖြစ်နိုင်သည်။

B+: တချို့သော ကောင်းကျိုးများ ဖြစ်နိုင်သည်။

C: သက်ရောက်မှုများသည် မထင်ရှားသဖြင့် ထပ်မံ၍ စမ်းသပ်စစ်ဆေးမှုများ လိုအပ်သည်။

D: သက်ရောက်မှုများ မရှိနိုင်ပါ။

  • ထိခိုက်နိုင်မှုများကို ဆန်းစစ်ခြင်းရလာဒ်များကို အဆင့်အတန်း သတ်မှတ်ချက်အား အောက်ပါဇယားများတွင် တွင်ရှင်းလင်းချက်နှင့် အတူဖော်ပြထားပါသည်။ နည်းစနစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏(၇.၁၁.၂၀၁၆)ရက်စွဲပါ စာအမှတ်၊ အီးအိုင်အေ-၂/၉(၉၃၇/၂၀၁၆)ဖြင့် ထုတ်ပြန်ထားသော သတ္တုကဏ္ဍဆိုင်ရာ စီမံကိန်းများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ပါ အချက်အလက်များအတိုင်း မှီငြမ်းရေးသားဖော်ပြထား ပါသည်။

ထိခိုက်နိုင်မှုများကို လျော့ပါးစေရေး ဆောင်ရွက်မည့် အစီအစဉ်ဇယား

စီမံကိန်းလုပ်ငန်း အဆင့်များအလိုက် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများဇီဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် ထိခိုက်နိုင်မှုများ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများ လုပ်ငန်းခွင်ကျန်းမာရေး၊ ဘေးအန္တရာယ်ဆိုင်ရာ ထိုခိုက်နိုင်မှုအား နောက်ဆက်တွဲ (ဃ)ဖြင့် ဖော်ပြထားပါသည်။

  • သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများနှင့် လျော့ပါးစေရေး ဆောင်ရွက် မည့်အစီအစဉ်ဇယား
  • ဇီဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် ထိခိုက်နိုင်မှုများနှင့် လျော့ပါးစေရေး ဆောင်ရွက်မည့် အစီအစဉ်ဇယား
  • လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများနှင့် လျော့ပါးစေရေးဆောင်ရွက်မည့် အစီအစဉ်ဇယား
  • လုပ်ငန်းခွင်ကျန်းမာရေး၊ ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လျော့ပါးစေရေး ဆောင်ရွက် မည့်အစီအစဉ်ဇယားများအား နောက်ဆက်တွဲ (ဃ)ဖြင့် ဖော်ပြထားပါ သည်။

စွန့်ပစ်ပစ္စည်းများ ထွက်ရှိမှု

စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုကြောင့် စွန့်ပစ်ပစ္စည်းအစိုင်အခဲများ၊ အရည်များ၊ အခိုးအ ငွေ့များ၊ ၀န်ထမ်း/လုပ်သားများ၏ စွန့်ပစ်ပစ္စည်းများထွက်ရှိနိုင်ပါသည်။ အစိုင်အခဲစွန့်ပစ် ပစ္စည်းများ ကြောင့်အပေါ်ယံမြေလွှာများဖုံးအုပ်ခြင်း၊ သစ်ပင်များနှင့် ဂေဟစနစ်ပျက်စီးခြင်း၊ မြေလွှာပြတ်ရွေ့ ပြိုကျခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ယာဉ်/စက်ယန္တရား အခိုးအငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်နိုင်ခြင်း၊ လုပ်သားများ၏ စွန့်ပစ်ပစ္စည်းများကြောင့် ၀န်းကျင်ညစ်ညမ်းမှု များဖြစ်ပေါ်နိုင်ပါသည်။ လုပ်ငန်းသုံးဓါတုပစ္စည်းများ ယမ်းများသုံးစွဲမှုကြောင့်  ဓါတ်ကြွင်းများ ကျန်ရှိ၍ ၀န်းကျင်ညစ်ညမ်းမှု များဖြစ်စေနိုင်ပါသည်။ စွန့်ပစ်ကျောက်ရိုင်းများတွင် ဖဲရပ်ဆာလ် ဖိတ်ပါ၀င် ပြီးပမာဏများစွာစုပုံ ထားရှိချိန်သဘာဝရေနှင့် လေတို့တွေ့ဆုံဓါတ်ပြုကာ Acid Rock Drainage (ARD) ဖြစ်နိုင်ပါသည်။ ဖဲရပ်ဆာလ်ဖိတ် ပါ၀င်ခြင်းရှိ/မရှိ စမ်းသပ်စစ်ဆေးရန် လိုအပ်ပြီးစွန့်ပစ်ကျောက် ပမာဏလွန်စွာများပြားခြင်း မရှိစေရန် ဂရုပြုဆောင်ရွက်သွားပါမည်။

စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း

သတ္တုတူးဖော်မှုပြုလုပ်သည့် အချိန်အတွင်း ဘေးအန္တရာယ်မရှိနိုင်သည့် စွန့်ပစ် ပစ္စည်းများ ထွက်ရှိလာခြင်းနှင့် စွန့်ပစ်ခြင်းတို့တွင် အောက်ပါစွန့်ပစ်ပစ္စည်းများ ပါ၀င်သည်။

  • အလုပ်သမားတန်းလျားမှ စွန့်ပစ်ပစ္စည်းများနှင့် စားကြွင်းစားကျန်များပါ၀င် သည့် အိမ်တွင်းစွန့်ပစ် ပစ္စည်းများ။
  • စာရွက်နှင့် ကတ်ထူပုံးများ။
  • ပလပ်စတစ်အထုပ်အပိုးများ၊ ဘူး၊ ပုလင်း၊ ဖာစသည့် ထည့်စရာသေတ္တာများ နှင့် သောက်ရေဘူးများ။
  • သစ်၊ ဖန်၊ သတ္တုစများ အပါအဝင် အထွေထွေဆောက်လုပ်ရေးဆိုင်ရာ စွန့်ပစ် ပစ္စည်းများ။
  • အသုံးပြုပြီးသား တာရာများနှင့် အခြားဟောင်းနွမ်းနေသော ပစ္စည်းကိရိယာ များပါ၀င်သည်။

ဤအစီအစဉ်သည် လူမှစွန့်ပစ်ပစ္စည်းများ (ကျင်းအိမ်သာနှင့် မိလ္လာကန်)နှင့် အိမ်ထွက် ရေဆိုးရေညစ်များ အပါအဝင် အိမ်သုံးရေ ညစ်စွန့်ပစ်မှုအတွက်လည်း အကျံုးဝင်ပါသည်။

စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းနည်းလမ်းများ

ထိခိုက်မှုအန္တရာယ် မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို စာရွက်စာတမ်းဖြင့် စနစ်တကျ မှတ်တမ်းတင်ထားသည့်အတိုင်း လျှော့သုံးခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြုပြင်စီမံခြင်းနှင့် စွန့်ပစ်ခြင်းဟူသည့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ် ဆောင်ပုံ အဆင့်ဆင့် အတိုင်းစီမံခန့်ခွဲမှု ပြုလုပ်ပါမည်။ (အောက်ဖော်ပြပါ ပုံ – ၁ တွင် ကြည့်ပါ။)

၎င်းစနစ်တွင် အောက်ပါအချက်အလက်များ ပါ၀င်ပါသည်။

  • စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်မှုများ ရှောင်ရှားနိုင်ရန်နှင့် နည်းနိုင်သမျှနည်းစေ ရန်ပစ္စည်းများအား ရွေးချယ်အသုံးပြုရန်။
  • စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ပစ္စည်း အမျိုးအစားအလိုက် စုဆောင်းခြင်း၊ ကိုင် တွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ထွက်ရှိလာသော စွန့်ပစ် ပစ္စည်း အမျိုးအစားများအား မှတ်တမ်းပြုခြင်းများ အမြင့်ဆုံးတိုးမြှင့်ဆောင် ရွက်ရန်။
  • စွန့်ပစ်ပစ္စည်း အမျိုးအစားအလိုက် ပြန်လည်ပြင်ဆင် စွန့်ပစ်ခြင်းနည်းကို အသုံးပြုရန်။

စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ဆောင်ပုံဦးစားပေး ဆောင်ရွက်ချက်များသည် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့ ကျန်းမာရေးအပေါ် ဖြစ်စေလာနိုင်သည့် ဘေးအန္တရာယ် အနည်းအများအပေါ် အခြေခံစဉ်းစားပါမည်။

စီမံခန့်ခွဲမှု လုပ်ဆောင်ချက်များ

ထိခိုက်မှုအန္တရာယ် မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲရန်အောက် ဖော်ပြပါ  လုပ်ထုံးလုပ်နည်း များအသုံးပြုပါမည် –

  • ထိခိုက်မှုအန္တရာယ် မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ရှောင်ရှားနိုင်ရန်နှင့် နည်းနိုင်သမျှ နည်းနိုင်စေသည့် သတ္တုတွင်းတူးဖော်ခြင်း လုပ်ငန်းများ သို့မဟုတ် ပစ္စည်းများကို အသုံးပြုပါမည်။
  • ထိခိုက်မှုအန္တရာယ် မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအတွက် မူလအခြေခံ တာဝန်အား သတ္တုတွင်းမန်နေဂျာနှင့် သတ္တုတွင်းဝန်းကျင်နှင့် လုံခြံုရေးအရာရှိတို့အား ခွဲဝေတာဝန် ယူစေခြင်း။
  • ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို လုံခြံုစိတ်ချစွာ ကိုင်တွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း လုပ်ထုံးလုပ်နည်းများကို အမှုထမ်းများ အားလုံးအား လေ့ကျင့်သင်ကြားပေး၍ တာဝန်ယူစေခြင်း။
  • ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု လုပ်ထုံး လုပ်နည်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် သင့်တော်သော တကိုယ်ရည် ကာကွယ်မှု ဆိုင်ရာပစ္စည်းကိရိယာ (PPE) ကို အမှုထမ်းများအားလုံး ပေးအပ်ထားခြင်း။
  • သတ္တုတွင်းတူးဖော်ခြင်းတွင် ထွက်လာမည့်ဟု မျှော်မှန်းထားသည့် ထိခိုက်မှု အန္တရာယ် မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို အမျိုးအစားခွဲခြား သတ်မှတ်ခြင်းများနှင့် ထိုအမျိုးအစားအတွက် လုပ်ငန်းတွင်း စုဆောင်းရာ၊ သို လှောင်ရာနေရာများ သတ်မှတ်ပေးထားခြင်း။
  • ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ခွဲခြားသတ်မှတ်ခြင်း အတွက် ရှင်းလင်းသည့် အချက်ပြသင်္ကေတများပေးထား၍ သတ္တုတွင်း တူးဖော်ရာ လုပ်ငန်းနေရာများနှင့် အလုပ်သမားများ၏ နေထိုင်ရာ နေရာများ အားလုံးတွင် သိုလှောင်ရာပုံး၊ သေတ္တာများကို သင့်တော်သော အညွှန်း အမှတ်အသားများ တပ်ဆင်ခြင်း။
  • ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို သင့်တော်သောပုံး၊ သေတ္တာများတွင် သိုလှောင်ခြင်း၊ ဥပမာ-စွန့်ပစ်ပစ္စည်းများကို သီးသန့်ခွဲခြား ထားနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကို လေတိုက်ခတ်မှုကြောင့် လွင့်ပါခြင်း (သို့မဟုတ်)မုန်တိုင်းကြောင့် စီးလာသောရေ၌ စီးပါသွားခြင်း(သို့မဟုတ်) ထည့်ထားသည့် ပုံးထဲမှ ပိုးမွှားအကောင်များ ယူဆောင်သွားခြင်းမှ ကာကွယ် ရန်အဖုံးပါသော ပုံးများ။
  • ဖြစ်နိုင်လျှင် ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ပြန်လည် အသုံးပြုပေးခြင်း၊ ဥပမာ-သစ်သား၊ သတ္တုနှင့် ထုပ်ပိုးရာတွင် သုံးသောပစ္စည်း များ။
  • ဖန်၊ စက္ကူ၊ ကတ္ထူနှင့် ပလပ်စတစ်ကဲ့သို့သော ထိခိုက်မှုအန္တရာယ် မရှိစေနိုင် သည့် စွန့်ပစ်ပစ္စည်းများကိုရယူနိုင်သည့် အထောက်အပံ့ပစ္စည်းများရှိလျှင် ၎င်းတို့အား ပြန်လည်အသုံးချပါမည်။
  • ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများ စုဆောင်းရာနေရာများ အားလုံးကို ရေလမ်း ကြောင်းများ၊ နေအိမ်များ၊ ကျောင်းနှင့် ဆေးရုံများမှ အနည်းဆုံး (၅၀)မီတာအကွာတွင် ထားရှိပါ မည်။
  • မည်သည့် တွင်း/ကျင်း အိမ်သာများ (သို့မဟုတ်) မိလ္လာစနစ်မျာကို ရေလမ်း ကြောင်းများမှ အနည်းဆုံး(၁၀၀)မီတာအကွာတွင် ထားရှိရပါမည်။ တွင်း/ကျင်း အိမ်သာများနှင့် မိလ္လာစနစ်များကို မြေဆီလွှာကိုဖြတ်၍ ထိရောက်စွာ စိမ့်ဝင်နိုင်မှုကို ဖြစ်စေသော ပုံစံမျိုးဖြင့် တည်ဆောက်ထားရမည်။ တွင်း/ကျင်း အိမ်သာများနှင့် မိလ္လာစနစ်များသည် အနည်းဆုံး(၅၀၀) မီလီမီတာအနက် ရှိရပါမည်။
  • လုပ်ငန်းနေရာများအားလုံးကို အမှိုက်သရိုက် သို့မဟုတ် အခြားသော ထိခိုက်မှု အန္တရာယ် မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများမှ ကင်းစင်စေပြီး သန့်ရှင်းသပ်ရပ် စွာထားရှိပါမည်။
  • လျှံထွက်လာသော ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများနှင့် ထွက်ရှိလာ သည့် အရာများအားလုံးကို ချက်ချင်းသန့်ရှင်းပေးပါမည်။
  • ထိခိုက်မှုအန္တရာယ်မရှိစေနိုင်စေသည့် စွန့်ပစ်ပစ္စည်းများကို မည်သည့် ထိခိုက်မှုအန္တရာယ် ရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများနှင့် စွန့်ပစ်ကျောက်စိုင် ကျောက်ခဲများ (သို့မဟုတ်) ၀န်ပိုများနှင့်အတူ စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ပါ မည်။
  • ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများ (အထူးသဖြင့် ဇီဝစွန့်ပစ် ပစ္စည်းများ)ကို အလုပ်နေရာများ သို့မဟုတ် အလုပ်သမား တန်းလျားများတွင် စုပုံလာခြင်းမှ ကာကွယ်ရန် စွန့်ပစ်အညစ်အကြေးများကို သင့်လျော်သော စွန့်ပစ်ရာနေရာ (ဥပမာ – စုပေါင်းအမှိုက်ကန်) သို့ လက်တွေ့ကျသလောက် မကြာခဏ သယ်ပို့ပေးပါမည်။

အမှိုက်ကန်သည် ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများ အတွက်သာ ဖြစ်ပြီးနေရာနှင့် တည်ဆောက်မှုများတွင် တိကျသောလမ်းညွှန်ချက်များ ကိုလိုက်နာဆောင်ရွက်မည်ဖြစ်ပါသည်။

  • အမှိုက်ကန်သည် လူနေထိုင်ရာနေရာများမှ အနည်းဆုံး(၂၅၀)မီတာနှင့် ရေ လမ်းကြောင်းနှင့် ရေအရင်းအမြစ်ရရာ ရေတွင်းများမှအနည်းဆုံး (၅၀၀)မီတာ အကွာတွင် တည်ရှိပါမည်။
  • အမှိုက်ကန်နေရာအားလုံးသည် သတ်မှတ်ထားသော(၁၀)နှစ်တာ မြေအောက် ရေစီးဝင်အောင် ပြုလုပ်ထားသော နေရာ၏အပြင်ဘက်တွင် တည်ရှိပါမည်။
  • ရာသီအလိုက် မြင့်တက်လာသော မြေအောက်ရေထုမျက်နှာပြင် (မြေအောက် ရေပြင်)သည် အမှိုက်ကန်အောက်ခြေမှ အနည်းဆုံး(၁.၅)မီတာအကွာမှာ ရှိရ မည်။
  • အမှိုက်ကန်များကို မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းအန္တရာယ်တို့ ကျရောက်နိုင် သောနေရာ သို့မဟုတ် မြေငလျင်ကြော၏ (၅၀၀) မီတာအတွင်း၊ သို့မဟုတ် ဘူမိဗေဒဆိုင်ရာ တည်ဆောက်မှုပုံစံအရ သိသိသာသာ ကွဲအက်နေသော နေရာများအတွင်းတွင် တည်ရှိမနေစေရန် စီစဉ်ပါမည်။
  • အမှိုက်ကန်များသည် ပြေသောကုန်းစောင်း မြေမျက်နှာပြင်တွင် တည်ရှိ နေရမည်ဖြစ်ပြီး တည်ဆောက်မှု ပုံစံအရတည်ငြိမ်မှုရှိအောင် တည်ဆောက် ထားရပါမည်။ ဥပမာ အားဖြင့် မြေငလျင်ဒဏ် ကျရောက်နိုင်မှု နည်းနိုင်သော နေရာဒေသများတွင် အထက်ကုန်းစောင်းများသည် ၃း၁ ရှိရမည်ဖြစ်ပြီး အောက်ဘက်ကုန်းစောင်းများသည် မြေငလျင်ဒဏ် ကျရောက်နိုင်မှုများ မရှိ နိုင်သော နေရာဒေသများတွင်(ဥပမာအားဖြင့်၅း၁ဖြင့်) ထားရှိရပါမည်။ ဤ အချက်သည် ယခင်သတ္တုတွင်းနေရာတွင် အမှိုက်ကန်များ ဆောက်လုပ်ခြင်း ဖြစ်ပါက အထူးတလည် အရေးကြီးပါသည်။
  • ရေစိမ့်ဝင်ခြင်းနှင့် ကုန်းစောင်းပြိုကျနစ်မြုပ်ခြင်းတို့ နည်းနိုင်သမျှနည်းနိုင်စေရန် အတွက် အမှိုက်ကန်များ၏ ကုန်းစောင်းများကို ပုံမှန်ရေနုတ်မြောင်းများဖြင့် လည်း ပုံဖော်တည်ဆောက်ထားပါမည်။
  • အမှိုက်ကန်တိုင်းသည် မျှော်မှန်းထားသည့် ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သော စွန့်ပစ်ပစ္စည်း၊ ပမာဏဝင်ဆန့်နိုင်လောက်အောင်ကြိုးစားရမည် ဖြစ်သော် လည်း အနက်(၅)မီတာထက်မကျော်လွန်ရပါ။
  • အမှိုက်ကန်များတွင် စုပုံသော ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ် ပစ္စည်းများသည် အလွှာအားဖြင့် (၁မှ၁.၅) မီတာ ထူရမည်ဖြစ်ပြီး (အနည်းဆုံး ၃၀ စင်တီမီတာ အနက်ရှိသော) မြေသား သို့မဟုတ် သဲမြေဖြင့် ဖုံးအုပ်ထားရ ပါမည်။ အစားအသောက် စွန့်ပစ်ပစ္စည်းများ အားလုံးကို ချက်ချင်းဖုံးအုပ်ပေးပါ မည်။
  • အမှိုက်ကန်များကို ဖုံးအုပ်မြေသားအလွှာသည် အနည်းဆုံး (၅၀၀)မီလီမီတာ အထူရှိသွားပါက အဖုံးဖုံးအုပ်ထားပေးပါမည်။

လုပ်ငန်းခွင်ပြင်ပနေရာ (offsite) သို့သယ်ယူလာသော ထိခို်က်မှု အန္တရာယ် မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများ၏ အမျိုးအစားနှင့် ထုထည်ပမာဏကိုလည်း မှတ်တမ်းများ ကောက်ယူထား ရှိပါမည်။ ချိတ်တွဲပေးလိုက်သော ထိခိုက်မှုအန္တရာယ် မရှိ စေနိုင်သည့် စွန့်ပစ်ပစ္စည်းများ အသေးစိတ် စာရင်းကိုလည်း ကြည့်ရှုပါမည်။

လုပ်ငန်းခွင် (onsite)ရှိ ထိခိုက်မှုအန္တရာယ်မရှိစေနိုင်သည့် စွန့်ပစ်ပစ္စည်းများ သိုလှောင်ရာ နေရာများကိုလည်း ပုံမှန်စစ်ဆေးကြည့်ရှုရမည်ဖြစ်ပြီး ဖော်ထုတ် တွေ့ရှိသော မည်သည့်ပြဿနာ များကိုမဆို ချက်ချင်းဖြေရှင်းပေးပါမည်။

သတ္တုတွင်းလုပ်ငန်း ရပ်ဆိုင်းသွားပါက သတ္တုတွင်းလုပ်ငန်းပိတ်ခြင်း အစီ အစဉ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အစီအစဉ်များတွင် အသေးစိတ်ဖော်ပြထား သည့်အတိုင်း လုပ်ငန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။

မြေအောက်လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမ်း ဖောက်ခွဲမှုများကို ထိန်းသိမ်းဆောင်ရွက်မည့် အစီအစဉ် မြေအောက်ရေ အရည် အသွေးစစ်ဆေးထိန်းချုပ်ခြင်း အစီအစဉ်များ၊ တိုက်စားခြင်းနှင့် အနည်ကျခြင်း နည်းပါး စေရေးအစီအစဉ်မျာကို လျော့ပါးစေရေး အစီအစဉ်ဇယားများတွင် ထည့်သွင်း ဖော်ပြထားပါသည်။အရည်အသွေးနိမ့်ဖြုန်းများ ပါ၀င်ခြင်းရှိ/မရှိကို ထုတ်လုပ်ခြင်း အဆင့်ရောက်ရှိချိန်တွင် ဓာတ်ခွဲစမ်း သပ်စစ်ဆေးပါမည်။ ကျောက်ရိုင်းဖြုန်းများ စုပုံစွန့် ပစ်ခြင်းကို လုပ်ငန်းခွင် အတွင်းကျင်းဟောင်းများပြန်လည်ပိတ်ဆို့ခြင်းတွင် အသုံးပြု မည်ဖြစ်ပြီး ပိုလျှံ၍မြေပြင်ပေါ်၌ စုပုံခြင်းအား ဘေးအန္တရာယ်မရှိစေရန် စွန့်ပစ်ကျောက် စာပုံအား ဘေးအန္တရာယ်မရှိစေရန် စွန့်ပစ်ကျောက်စာပုံအား ဒီဇိုင်းရေးဆွဲ ဆောင်ရွက် ပါမည်။ ဒီဇိုင်းနမူနာအား ဖြည့်စွက်တင်ပြပါမည်။

ARD ဖြစ်ပွားခြင်းရှိ/မရှိသိရှိနိုင်ရန် ကျောက်ရိုင်းဖြုန်းပမာဏများလာသည့် အချိန်တွင် ဓာတ်ခွဲစမ်းသပ်၍ အက်စစ်ဓါတ်ပြုမှု မရှိပါက အခြေခံအဆောက်အုံများ တွင် အသုံးပြုခြင်း၊ ဓာတ်ပြုမှုအလားအလာ ရှိပါက ဖုံးအုပ်ထားခြင်း စသည်တို့ ဆောင် ရွက်ပါမည်။

 ကြွင်းကျန် သက်ရောက်မှုများ

စီမံကိန်းတည်ရှိရာဒေသ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး၊ ကန်တောင်ဒေသတွင် ရွှေသတ္တု ရိုင်းသိုက်များ တည်ရှိမှုကြောင့် (၁၉၉၅-၁၉၉၆) ခုနှစ်များမှစတင်၍ လက်လုပ်လက်စား ရွှေရှာ ဖွေတူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး (၁၉၉၇-၁၉၉၈) ခုနှစ်များမှစတင်၍ ကုမ္ပဏီလုပ်ကွက်၊ အသေးစား ရွှေလုပ်ကွက်များဖြင့် နိုင်ငံတော်နှင့်အကျိုးတူ တူးဖော်ထုတ်လုပ်မှုများ ဆောင်ရွက် ခဲ့ရာယနေ့အထိဖြစ်ပါသည်။ ကုမ္ပဏီလုပ်ကွက်များ အများအပြား ရယူဆောင်ရွက်ခဲ့ကြ သကဲ့သို့ ဒေသခံလက်လုပ်လက်စားများမှလည်း တနိုင်တပိုင်အင်းများ ဆောင်ရွက်ခဲ့ကြခြင်း ကြောင့် ဒေသတွင်း၌ ၀န်းကျင်သက်ရောက်မှုများ အထိုက်အလျောက် ကျန်ရှိနေပါသည်။ ထို့ အတူ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များ စနစ်တကျဆောင်ရွက်စေကာမူ စီမံကိန်းလုပ်ငန်း ကြောင့်လည်း ကြွင်းကျန်သက်ရောက်မှုရှိနိုင်ပါသည်။

သဘာဝပတ်ဝန်းကျင်အပေါ်မှ ကြွင်းကျန်သက်ရောက်မှုများ

မြေမျက််နှာသွင်ပြင်နှင့် မြေဆီလွှာအနေအထား

သစ်တောကြိုးဝိုင်း ဧရိယာများ သဘာဝတောရိုင်း တိရစ္ဆာန်များ အတွင်း လူတို့ဝင်ရောက်အခြေချနေထိုင်မှုနှင့် ရွှေသတ္တုတူးဖော် ထုတ်လုပ် ခြင်းများကြောင့် ကျင်းဟောင်းများ၊ ချိုင့်များ၊ ရေကန်အဟောင်းများဖြစ်ပေါ် ခြင်း၊ တောင်တက်/ တောင်ဆင်းလမ်းများဖြစ်ပေါ်ခြင်း၊ မြေဆီလွှာဆုံးရှုံးခြင်း များဖြစ်ပေါ်ပြီး သက်ရောက်မှုအချို့ကျန်ရှိနိုင်ပါသည်။

လေထု အခြေအနေ။

ကြွင်းကျန်မှုမရှိနိုင်ပါ။

ရေ အရည်အသွေး

လူတို့နေထိုင်မှု များပြားလာပြီး မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာကြောင်း တွေ့ရှိရပြီး ရေအရည်အသွေး ထူးခြားသောပြောင်းလဲမှု မရှိကြောင်းသိရှိရပါသည်။ စီမံကိန်းလုပ်ငန်းမှ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ သုံးစွဲခြင်း၊ စက်သုံးဆီနှင့် အခြားလူ့အသုံးအဆောင်များ စနစ်တကျစွန့်ပစ်မှု မရှိခြင်း၊ ဓါတုဆေးရည်များ စနစ်တကျ ဖျက်စီးမှုမရှိဘဲ စွန့်ပစ်ခြင်းများပြုလုပ် ပါက မြေပေါ်ရေအရည်အသွေး ကျဆင်းမှုဖြစ်နိုင်ပါသည်။

စွန့်ပစ်ပစ္စည်းများ (အစိုင်အခဲ/ အရည်/ အငွေ့)

ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းများ များပြားလာခြင်း၊ ရွှေ့ပြောင်း အခြေချနေထိုင်သူများ တိုးတက်များပြားလာခြင်းကြောင့် စွန့်ပစ်ပစ္စည်း (အစိုင် အခဲ/ အရည်/ အငွေ့)တို့မှ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပါသည်။ လူထုအတွင်းစွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲသော အသိပညာထွန်း ကားမှု နည်းပါးခြင်းကြောင့် စွန့်ပစ်ပစ္စည်းများ နေရာအနှံ့ကျန်ရှိနေပါသည်။ စီမံကိန်းကြောင့် ကျောက်ရိုင်းမြေစာများ၊ စွန့်ပစ်ရေဆိုးများ ကျန်ရှိနိုင်ပါသည်။

ဂေဟစနစ်အပေါ်မှ ကြွင်းကျန်သက်ရောက်မှုများ

တောတောင် အခြေအနေ

သစ်တောကြိုးဝိုင်း ဧရိယာများ သဘာဝတောရိုင်းမြေများအတွင်း လူတို့ဝင် ရောက်အခြေချနေထိုင်မှုများကြောင့် သစ်တော၊ သစ်ပင်များ ဆုတ်ယုတ်ပျက်စီးမှု ရှိပါ သည်။ အချို့နေရာများတွင် နှစ်ရှည်ပင်နှင့် ရာသီအလိုက်သီးနှံများ အစားထိုးစိုက်ပျိုး ထားသော်လည်း အချို့နေရာများမှာ ဖုန်းဆိုးတောများအဖြစ် ရှိနေကြောင်း တွေ့ရှိရပါ သည်။

ဇီဝမျိုးစုံမျိိုးကွဲများ အခြေအနေ

ယခင်က တောရိုင်းတိရစ္ဆာန်များဖြစ်သည့် တောဆင်ရိုင်း၊ ဆတ်၊ ဂျီ၊ မျောက်၊ ယုန်နှင့် တောခွေးများရှိကြောင်း သိရှိရသော်လည်း လူများလာရောက် အခြေချနေထိုင် ခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ သစ်/၀ါးနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုများကြောင့် တောရိုင်းတိရစ္ဆာန်များ တဖြည်းဖြည်း နည်းပါးလာကြောင်း၊ ငှက်မျိုးစုံနှင့် အခြားတိရစ္ဆာန်များလည်း နေရာပြောင်းရွှေ့မှုများ ကြောင်း သိရှိရပါသည်။

လူမှုစီးပွားရေးအပေါ်မှ ကြွင်းကျန်သက်ရောက်မှုများ

စီမံကိန်း ဧရိယာဒေသအတွင်း ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ ကြောင့် လူမှုစီးပွားဘဝ တဖြည်းဖြည်းတိုးတက်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ဆိုး ကျိုးသက်ရောက် မှုများမရှိနိုင်ဘဲ ကောင်းမွန်သော အခြေအနေများဘက်သို့ ဦးတည် နေကြောင်း တွေ့ရှိရပါသည်။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆူညံသံနှင့် တုန်ခါမှုများ လေအရည် အသွေး၊ ရေအရည်အသွေး၊ အနံ့တို့အား စီမံကိန်းပတ်လည်ဆောင်ရွက် ချိန်တွင်ထပ်မံ တိုင်းတာ၍ နှိုင်းယှဉ်ဆန်းစစ်သွားပါမည်။ လက်ရှိလုပ်ငန်း ရပ်နားထားသော အခြေ အနေတွင် Base Line Data များအားတိုင်းတာ၍ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များနှင့် နှိုင်းယှဉ်၍ ဆန်းစစ်တင်ပြ ထားပါသည်။