မူဝါဒ ဥပဒေနှင့် မူဘောင်များ
ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများ
ရတနာပြည့်ဖြိုးအောင်သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် စီမံကိန်းလုပ်ငန်းအတွင်း ရွှေသတ္တု ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြ ပါ ဥပဒေ၊ နည်းဥပဒေ နှင့် တည်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်
- မြန်မာ့ကျောက်မျက်ရတနာဥပဒေ (၁၉၉၅)။
- မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၃)။
- မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(၂၀၁၆)။
- မြန်မာ့သတ္တုတွင်းဥပဒေ(၁၉၉၄)။
- မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅)၊ အခန်း(၂) ပုဒ်မ(၃)ပါ ဥပဒေ၏ ရည်ညွှန်းချက်များ။
- မြန်မာ့သတ္တုတွင်း နည်းဥပဒေများ(၂၀၁၈)။
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ(၂၀၁၂) အခန်း(၄)ပုဒ်မ(၇)၊ အခန်း(၆)ပုဒ်မ(၁၀)နှင့် (၁၂)၊ အခန်း(၇)ပုဒ်မ(၁၃)၊ အခန်း(၈)ပုဒ်မ(၁၇)။
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄)၊ အခန်း(၉)ပုဒ်မ(၄၁)။
- အနည်းဆုံးအခကြေးငွေ ဥပဒေ(၂၀၁၃)။
- အလုပ်သမားအဖွဲ့အစည်း ဥပဒေ(၂၀၁၁)။
- အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(၂၀၁၃)။
- အလုပ်သမားလျော်ကြေးငွေ အက်ဥပဒေ (၁၉၅၁)။
- (၁၉၅၁)ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၆)။
- အခကြေးငွေ ပေးချေရေးဥပဒေ (၂၀၁၆)။
- ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၁၇)(၂၀၁၆)။
- ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေ (၂၀၁၆)။
- ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၁၈)(၂၀၁၆)။
- ပြည်သူ့ကျန်းမာရေး ဥပဒေ (၁၉၇၂)။
- သစ်တော ဥပဒေ (၁၉၉၂)။
- ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေ (၂၀၀၆)။
- ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးနည်း ဥပဒေ (၂၀၁၃)။
- ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ(၂၀၁၃)၊ အခန်း (၁၄၊၁၅၊၁၆)။
- ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေ(၂၀၁၆)၊ အခန်း (၁၄၊၁၅၊၁၆)။
- လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများဆိုင်ရာဥပဒေ(၂၀၁၈)။
- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေ (၂၀၁၅)။
- တောရိုင်းတိရစ္ဆာန်များနှင့်သဘာဝနယ်မြေများ ကာကွယ်ရေးနှင့် သဘာဝတောများ ထိန်းသိမ်း ရေး ဥပဒေ (၁၉၉၄)။
- အမျိုးသားမြေအသုံးချမှုဆိုင်ရာမူဝါဒ (၂၀၁၆)။
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂)။
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ (၂၀၁၃)။
- လူမှုဖူလုံရေး ဥပဒေ (၂၀၁၂)။
- လူမှုဖူလုံရေးအက်ဥပဒေ (၁၉၅၄)။
- မြေအောက်ရေအက်ဥပဒေ (၁၉၃၀)။
- The Emergency Provision Act(1950)။
- The Explosives Substances Act (1908)။
- ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈)။
- တောရိုင်းတိရစ္ဆာန်များနှင့်သဘာဝအပင်များ ထိန်းသိမ်းရေးနည်း ဥပဒေ (၂၀၀၂)။
- အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များ (၂၀၁၅)။
- ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅)။
- စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ (၂၀၁၄)။
- အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ (၁၉၉၄)။
- မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ (၁၉၁၄)။
- မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇)။
- သစ်တော ဥပဒေ (၂၀၁၈)။
- အနည်းဆုံး အခကြေးငွေ ဥပဒေ(၂၀၁၈)။
အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာ စံချိန်စံညွှန်းများ ထုတ်ပြန်ထားခြင်းမရှိသေးပါ။ သို့အတွက် လက်ရှိချမှတ်ထားသည့် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (၂၉.၁၂.၂၀၁၅) အမိန့် ကြေငြာစာ အမှတ်(၆၁၅/၂၀၁၅) ဖြစ်ပါသည်။
ဆူညံသံ (Noise)
ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းများဖြစ်သော စက်ယန္တရားများအသုံးပြု၍ အပေါ်ယံမြေဆီလွှာ တို့ကို ရှင်းလင်းဖယ်ရှားခြင်း၊ မိုင်းခွဲခြင်းနှင့် ယာဉ်အသွားအလာများကြောင့် ဆူညံသံကို အဓိက ဖြစ်ပေါ် စေပါသည်။ ထိုသို့ဖြစ်ပေါ်လာသော ဆူညံသံအရည်သွေးကို သိရှိစေရန် Digitial Sound Level Meter ကိုအသုံးပြု၍ တိုင်းတာခဲ့ပါသည်။ တိုင်းတာရရှိလာသော ရလာဒ်များကို အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များနှင့် နှိုင်းယှဉ်၍တိုင်းတာ ဖော်ပြထားပါသည်။
သတ္တုမိုင်းများတူးဖော်ခြင်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ လမ်းညွှန်ချက်များ
- သတ္တုမိုင်းများတူးဖော်ခြင်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ လမ်းညွှန်ချက်များ
- IFC (International Finance Corporation) Environmental, Health and Safety Guidelines for Mining (accessed December 18, 2016)
- Hazards in Emulsion Explosives Manufacture and Handling.
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(၂၀၁၅)
စီမံကိန်းလုပ်ငန်းမဆောင်ရွက်မီ ပတ်ဝန်းကျင်စီမံခန့်ခွဲခြင်းအစီအစဉ် ရေးသားနိုင်ရန် အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(၂၉.၁၂.၂၀၁၅)အမိန့်ကြော် ငြာစာအမှတ် (၆၁၆/၂၀၁၅)၏ အခန်း(၄)၊ အခန်း(၅)နှင့် နောက်ဆက်တွဲ (က)၊ (ခ) တို့အား အသေးစိတ် လေ့လာ၍ရေးသားခဲ့ပါသည်။
သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ၎င်းတို့၏အခန်းကဏ္ဍနှင့် စီမံကိန်းဆိုင်ရာ တာဝန် ရှိမှုများ
နိုင်ငံတော်နှင့် အကျိုးတူရွှေအသေးစားတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းအသစ်များအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲခြင်း အစီအစဉ်ရေးသားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၏ မူဝါဒအရ ဆောင်ရွက်ရခြင်းဖြစ်ရာ၊ ကြီးကြပ်ပေးမည့် အစိုးရဌာနများ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ဖြစ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ “ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုုံးလုပ် နည်း”နှင့်အညီ စစ်ဆေး၍ အတည်ပြုပေးရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်မှု သက်သေခံလက်မှတ် ထုတ်ပေးနိုင်ရန် ဖြစ်ပါသည်။
ကုမ္ပဏီ၏ မူဝါဒများ
စီမံကိန်းဆိုင်ရာ မူဝါဒများ
အသေးစားနှင့်အလတ်စား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ၍ ဓါတ် သတ္တုများ ပိုမိုထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ တိုးပွားအောင် ဆောင်ရွက်ပေးရန်။
ပြည်ထောင်စု တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်း (Job Opportunities)များ ဖန်တီးပေးနိုင်ရန်နှင့် အလုပ်အကိုင် လုံခြံုစိတ်ချမှု (Job Security) ဆောင်ရွက်ပေးနိုင်ရန်။
တရားမဝင် ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ လျော့နည်းစေပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ဖြစ်စေရန်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာမူဝါဒများ
ရွှေအသေးစား တူးဖော်ထုတ်လုပ်မှု လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကုမ္ပဏီမှ အောက်ဖော်ပြပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆိုင်ရာ မူဝါဒများကိုလိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
- ရွှေအသေးစား တူးဖော်ထုတ်လုပ်မှုလုပ်ငန်းမှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေး အပေါ် ဆိုးကျိုးသက်ရောက်မှုများကို ဖော်ထုတ်သွားပါမည်။
- ထိခိုက်မှုများအား ရှောင်လွှဲရန်နှင့် ရှောင်လွှဲ၍မရနိုင်ပါက ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စီမံဆောင်ရွက်ပါမည်။
- ဆိုးကျိုးသက်ရောက်ခြင်း ခံရသော လူထုနှင့်ပြင်ပမှ ကန့်ကွက်မှုများအပေါ် တုန့်ပြန်ဖြေရှင်း ရန်နှင့် သင့်လျော်သလို စီမံဆောင်ရွက်ပါမည်။
- စွန့်ပစ်ပစ္စည်းများ အနည်းဆုံးဖြစ်စေရေးအတွက် စီမံဆောင်ရွက်ရန်နှင့် စွန့်ပစ်ပစ္စည်းများ ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ထိခိုက်မှုများ လျော့နည်းပပျောက် စေရေးအတွက် စီမံဆောင်ရွက်ပါမည်။
- သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေး ဆောင်ရွက်ရန်၊ စိမ်းစိုပြေရေးနှင့် ဂေဟစနစ် ဖွံ့ဖြိုးရေး အတွက်နှင့် မြေဆီလွှာဆုံးရှံုးမှု မရှိစေရန် မြေယာအသုံးချမှု အနည်းဆုံးဖြစ်ရေး အတွက် စီမံဆောင်ရွက်ပါမည်။
- ပတ်ဝန်းကျင်နှင့် လူမှုဒေသဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်ပါမည်။
- အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးပါမည်။
- ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များအား လျော့နည်းစေရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားပါမည်။