လူမှုရေးလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ခြင်း
ကုမ္ပဏီ၏ လူမှုရေးဆိုင်ရာ တာဝန်များဆောင်ရွက်ခြင်း
ကုမ္ပဏီဝန်ထမ်း လုပ်သားများအတွက် လူမှုရေးဆိုင်ရာတာဝန်များ ဆောင်ရွက်ခြင်း။
ကုမ္ပဏီအနေဖြင့် စီမံကိန်းလုပ်ငန်း (၇)နှစ်တာဆောင်ရွက်ခဲ့သည့် ကာလ အတွင်း ၀န်ထမ်း/ လုပ်သားများ၏ သက်သာချောင်ချိရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ လုပ်ငန်းခွင် ကျန်းမာပျော်ရွှင်စေရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကိုးကွယ်ခွင့်ရရှိရေးများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။
- လူပျို/လူလွတ် ၀န်ထမ်းလုပ်သားများအတွက် နေထိုင်ရန်အိပ်ဆောင်များ စနစ်တကျထားရှိပြီး အိမ်ထောင်သည်ဝန်ထမ်း၊ လုပ်သားများအတွက် အိမ်ထောင်သည် လိုင်းခန်းများ သီးခြား ဆောက်လုပ်ပေးထားပါသည်။
- စားသောက်ရေးအတွက် နေ့စဉ်ထမင်း(၃)ကြိမ်ကျွေးမွေးပြီး နေ့လည်စာ ညနေစာများတွင် အသားဟင်းဖြင့် စားသုံးနိုင်ရန် စီစဉ်ပေးပါသည်။
- ညအချိန် တာဝန်ကျသောဝန်ထမ်းများအတွက် အဆာပြေစားသုံးနိုင်ရန် ခေါက်ဆွဲထုပ်၊ ကော်ဖီမစ်ထုပ်များ ပုံမှန်ဖြန့်ဝေပေးပါသည်။
- ၀န်ထမ်းလုပ်သားများ၏ သောက်သုံးရေများ သန့်ရှင်းစွာနှင့် လုံလောက်စွာ ရရှိရေးစီမံ ဆောင်ရွက်ပေးထားပြီး သောက်ရေသန့်စက်ဖြင့် ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးပါသည်။
- စားသောက်ခန်းမတွင် တီဗွီနှင့် ဗွီဒီယိုစက်များ ထားရှိခြင်း၊ သတင်းစာနှင့် ဂျာနယ်များ၊ သုတရသစာပေများ ထားရှိပေးခြင်းဖြင့် အပန်းဖြေမှုများ ဆောင်ရွက်ပေးထားပါသည်။
- ကျန်းမာရေးအတွက် လုပ်ငန်းခွင်ဆေးခန်း၊ ဆေးဝါးများနှင့် သူနာပြု ဆရာ/ဆရာမများ ထားရှိပေးခြင်း အရေးပေါ်လိုအပ်ပါက ကျည်တောက် ပေါက် တိုက်နယ်ဆေးရုံ၊ မန္တလေးမြို့ ဆေးရုံများသို့ ပို့ဆောင် ကုသစေ ခြင်းများ ဆောင်ရွက်ပေးထားပါသည်။
- ၀န်ထမ်း/လုပ်သားများ၏ အခြေခံ ရပိုင်ခွင့်ဖြစ်သော လစာနှင့် စားစရိတ် များ အချိန်မီရရှိစေရန် စီမံပေးခြင်း၊ ခွင့်များခံစားနိုင်စေရန် စီစဉ်ပေးခြင်း များ ဆောင်ရွက်လျှက်ရှိပါသည်။
- ၀န်ထမ်းများ၏ မှီခိုုသူ သား/သမီးများ၏ ပညာရေးထောက်ပံ့မှုများ၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေးကိစ္စများ စီမံဆောင်ရွက်ပေး လျှက်ရှိ ပါသည်။
ရတနာပြည့်ဖြိုးအောင်သတ္တုတူူးဖော်ရေးကုမ္ပဏီအနေဖြင့် ယခင် ဆောင်ရွက်ခဲ့ သည့် လုပ်ကွက် သက်တမ်းအတွင်း ဒေသခံပြည်သူလူထုများအတွက် လူမှုစီးပွားရေး ဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန် အစီအမံများ ဆောင်ရွက်ခဲ့ပါသည်။