အကျဉ်းချုပ်အစီရင်ခံစာ

ဤပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီရင်ခံစာသည် မန္တလေးတိုုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့ နယ်၊ ရှောက်ပင်ရိုးဒေသရှိ ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ (၂၀)ဧက အကျယ်ရှိ အသေးစားရွှေလုပ်ကွက်အမှတ်( SGU-168) အတွက် အဆိုပြုတင်သွင်းသော အစီရင်ခံစာဖြစ်သည်။ အဆိုပါ စီမံကိန်းလုပ်ကွက်သည် မြောက်လတ္တီကျူ (22 ံ70’) ၊ အရှေ့လောင်ဂျီကျူ (96 ံ 04’)တွင် တည်ရှိပါသည်။ စီမံကိန်း၏ တည်နေရာ အနေအထားအရ ပတ်ဝန်းကျင်သက်ရောက်မှု ထိခိုက်ခံစားရ နိုင်သော ကျေးရွာများမှာ (၃)မိုင်ခန့်အကွာအဝေးရှိ ကျည်တောက်ပေါက်ရွာ၊ ငါးပြားပေးရွာများ၊ (၁)မိုင် ခန့်အကွာအဝေးရှိ ကန်တောင်ရွာများ တည်ရှိပါသည်။

ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီသည် ယင်းလုပ်ကွက်အား အမှတ်(၂)သတ္တုတွင်းဦးစီးဌာနနှင့် (၂၄. ၁၂.၂၀၁၀)နေ့တွင် နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့ပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာဥပဒေ၏ ပတ်ဝန်းကျင်ဆန်းစစ်မှု လိုအပ်ချက်ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီစေရန် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ ဤစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီရင်ခံစာ ရေးသားတင်ပြရန်လိုအပ်ကြောင်း လမ်းညွှန်ချက်ပေးခဲ့ပါသည်။ ထို့ကြောင့် ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီသည် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီရင်ခံစာရေးသားရန် အတွက်(၁၁.၁.၂၀၁၈ မှ ၁၇.၁.၂၀၁၈)အထိ လုပ်ကွက်ဧရိယာဝန်းကျင်အား ကွင်းဆင်းစစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။ စီမံကိန်းဧရိယာ၏ မြေမျက်နှာသွင်ပြင် အနေအထားများ၊ ပတ်ဝန်းကျင်ရှိ လုပ်ကွက်အနေအထားများ၊ ပတ်ဝန်းကျင်ရှိ ရေနှင့်လေတို့၏ အခြေအနေများ၊ အဆောက်အဦတည် ဆောက်မည့်နေရာများ၊ သဘာဝပေါက်ပင်နှင့် သစ်တောများ၏ အခြေအနေများ၊ ဇီဝမျိုးစုံ၊ မျိုးကွဲများ နေထိုင်ကျက်စားမှုနှင့် ပြုန်းတီးမှုအခြေအနေများ၊ လုပ်ကွက်ဝန်းကျင်ရှိရွာများမှ လူမှုဝန်းကျင်အခြေ အနေများကို အသေးစိတ်လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါသည်။ အစီရင်ခံစာအား ကုမ္ပဏီ၏ကြား ကာလအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးခင်မောင်အေးဦးစီးသည့်အဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ မူဝါဒနှင့် လမ်းညွှန်ချက်များအရ  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းတို့၏ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေ နည်းဥပဒေများကို အခြေခံ၍လည်းကောင်း၊ ဒေသအတွင်းစီမံကိန်းလုပ်ငန်း လုပ်ဆောင်ခြင်းမှရရှိ သောအတွေ့အကြုံများ၊ ဒေသခံပြည်သူလူထုများ၊ တိုင်းရင်းသားလူမျိုးစုများ၏ သဘောထား၊ ပထဝီ ဆိုင်ရာ အချက်အလက်များနှင့် အခြေခံအဆောက်အအုံများကို အခြေခံ၍လည်းကောင်း လေ့လာပြုစု ရေးသားခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မ တီ၏(၇.၁၁.၂၀၁၆)ဖြင့် ထုတ်ပြန်ထားသော သတ္တုကဏ္ဍဆိုင်ရာ စီမံကိန်းများ၊  ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP)များ ရေးသားခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများအတွက် ထုတ်ပြန်ပေးထားသော အချက်အလက်များအတိုင်းရေးသားပြုစုထားပါသည်။

ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်သည် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ်(၁၁၃၁/၂၀၀၀-၂၀၀၁)ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ရာ မန်နေးဂျင်းဒါရိုက်တာမှာ        ဒေါ်ကြည်ကြည်အေးဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင်(၁)ဦး ရှိပါသည်။ ကုမ္ပဏီသည် ရွှေသတ္တုအသေးစား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရန် မန္တလေးတိုုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးဒေသရှိ  လုပ်ကွက်မြေပုံညွှန်း ၉၃ဘီ/၂ (A-796166, B-797162, C- 798163, D-799168, E-798168) အတွင်းဧရိယာ (၂၀)ဧကရှိသော အသေးစား ရွှေလုပ်ကွက်ဖြစ်ပါ သည်။ အဆိုပြုစီမံကိန်း ဧရိယာသည် စဉ့်ကူးကြိုးဝိုင်း အကွက်အမှတ် (၂၃,၂၅)တွင်ပါ၀င်ပြီး အသေး စိတ်တည်နေရာကို စီမံကိန်းအကြောင်းအရာဖော်ပြချက် မြေပုံများ၊ နောက်ဆက်တွဲ(က-၃)တွင် ပူးတွဲ ဖော်ပြထားပါသည်။ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာန၏ စဉ့်ကူးကြိုးဝိုင်း အကွက်အမှတ်(၂၃,၂၅) အတွင်းကျရောက်သော်လည်း ဇုန်နယ်မြေခွဲခြား သတ်မှတ်မှုအရ မြေအောက်သယံဇာတ တူးဖော်ရေး ဇုန်အတွင်း ကျရောက်လျှက် ရှိပါသည်။

စီမံကိန်းသက်တမ်းမှာ ( ၅~၁၀)နှစ်ဖြစ်ပြီး ( ၄ )နှစ် ထပ်မံတိုးမြှင့်ရန် ရည်မှန်းထားပါသည်။ စုစု ပေါင်း(၉~၁၄)နှစ်ဖြစ်ပါသည်။ အခြေခံအဆောက်အဦများဖြစ်သော ၀န်ထမ်း/လုပ်သားအိပ်ဆောင်(၂) လုံး၊ စားဖိုဆောင်(၁)ဆောင်၊ ပစ္စည်းသိုလှောင်ရုံ(၁)လုံး၊ လုံခြံုရေးအဆောက်အဦ (၁)လုံး၊ ၀င့် (Winch)စင် (၁)ခု ဆောက်လုပ်သွားပါမည်။ ဆောက်လုပ်မည့် အဆောက်အဦများမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ၀ါးထရံကာဖြင့် ယာယီအဆောက်အဦများဖြစ်ပြီး အလျား(၄၀)ပေ၊ အနံ(၂၀)ပေရှိပါမည်။ အဆောက် အဦတစ်ခုနှင့် တစ်ခုကြားပေ(၃၀ မှ ၁၀၀)အတွင်းခြား၍ တည်ဆောက်သွားရန်လျာထားပါသည်။ ရွှေတူးဖော်ရာတွင် မြေအောက်လှိုဏ်ခေါင်း တူးဖော်နည်း (Underground Mining Method) ဖြင့် မြေမျက်နှာပြင်မှ ဘဲစိုက်တွင်းတူးဖော်နည်း(Vertical Shaft)ဖြင့် တူးဖော်မည်ဖြစ်ပြီးခန့်မှန်း အနက်ပေ (၅၀၀)ခန့်အထ်ိ ရှိနိုင်ပါသည်။ အင်းအတွင်း မြေသားများပြိုကျမည့် အန္တရာယ်မှကာကွယ်ရန် ခိုင်ခံ့ သောကွန်ကရစ်နံရံများပြုလုပ်ပြီး အောက်ခံကျောက်သားနေရာတွင် သစ်သားအင်းထောက်များအသုံး ပြုမည်ဖြစ်သော်လည်း အရေးကြီးသောနေရာများတွင် သံယက်မ၊ သံဖရိန်များ အသုံးပြုပါမည်။ လုပ် သားများ အင်းအတွင်း ဆင်းခြင်း၊ တက်ခြင်း၊ ပစ္စည်းများ သယ်ယူခြင်းအတွက် ကျင်းအနေအထား ပေါ်မူတည်၍  ပေ(၂၀ မှ ၂၅) ပေအမြင့်ဝင့်စင်တည်ဆောက်ကာ အသုံးပြုပါမည်။ ရွှေသတ္တုပါ၀င်သော ဖြုန်းကျောက်စာခဲများအား မြေပြင်ပေါ်သို့ သတ္တုသယ်ယူ ပို့ဆောင်ရေးလမ်းကြောင်း ( Haulage   Way) မှတစ်ဆင့် တန်ဝက်ဆံ့သော သတ္တုသယ်ပုံး(Skip)များကို အသုံးပြုကာသယ်ယူပါမည်။ ထိုမှ တစ်ဆင့်(၄)ဖာလုံခန့် အကွာအဝေးတွင်ရှိသော မိတ်ဘက်ကုမ္ပဏီဖြစ်သော အောင်ထွန်းလင်းရှိန်ဝင်း ကုမ္ပဏီ၏(SGU–208) သတ္တုသန့်စင်စက်ရုံသို့ ပို့ဆောင်ပြီး ရွှေသတ္တုထုတ်ယူပါမည်။ ရွှေတူးဖော်ခြင်း လုပ်ငန်းစဉ် အသေးစိတ်အား အခန်း(၂)၊ စာပိုဒ်(၂.၅)တွင် ဖော်ပြထားပါသည်။ စီမံကိန်းလုပ်ငန်းမှ သန့်စင်ပြီး ရွှေသတ္တုထွက်ရှိနိုင်မှုအားကြိုတင်ခန့်မှန်း တွက်ချက်နိုင်ခြင်းမရှိပါ။ ရွှေသတ္တုကြောမတွေ့မီ အင်းတူးဖော်ရာမှ စွန့်ပစ်မြေစာမထွက်ရှိပါ။ စွန့်ပစ်ကျောက်ရိုင်းဖြုန်း ထွက်ရှိမှုမှာတစ်နှစ်လျှင်တန် (၅၀၀)ခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းပါသည်။ စီမံကိန်းလည်ပတ်ရန်အတွက် အဓိကအသုံးပြုမည့် အခြေခံလိုအပ်ချက်များမှာ မြေအောက်လှိုဏ်တူးဖော်ခြင်းအတွက် ကျောက်လွှာနှင့် မြေသားများကို မိုင်းခွဲရန်အတွက် ယမ်း(Ammonium Nitrate)၊ စနက်တံ(Dentonator)၊ အနှေးယမ်းကြိုး( Safety Fuse)၊ အမြန်ယမ်းကြိုးများ၊ ယာဉ်ယန္တရားများနှင့် လေမှုတ်စက်၊ မီးစက်များလည်ပတ်ရန် အသုံးပြုမည့် လောင်စာဆီ(ဓါတ်ဆီ၊ ဒီဇယ်)၊ လျှပ်စစ်ဓါတ်အား၊ မိုင်းလုပ်သားများနှင့် ရုံးဝန်ထမ်းတို့ ဖြစ်ပါသည်။

အစီရင်ခံစာပါ အချက်အလက်များမှာ တိကျမှန်ကန်ကြောင်း ဤအစီရင်ခံစာ အား ပြုစုရေးသားခဲ့သော သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးအဖွဲ့မှ ကျွမ်းကျင်သူများ၊ ပညာရှင်များမှ ကတိပြု လက်မှတ်ရေးထိုးထားပါသည်။ အဆိုပါပညာရှင်များ၏တာဝန်နှင့် လုပ်ငန်းအတွေ့အကြံုများ ကိုရေးသားဖော်ပြထားသည်။ ထို့အပြင်ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ကတိကဝတ်အကျဉ်းချုပ်ဇယားအား ဖော်ပြထားပါသည်။

ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေး ကုမ္ပဏီသည်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ ပြဌာန်းထားသော သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် သက်ဆိုင်သော ဥပဒေများဖြစ်သည့် ပြည်သူ့ကျန်းမာ ရေး ဥပဒေ(၁၉၇၂)၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေ (၁၉၉၅)၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၃)၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(၂၀၁၆)၊ အလုပ်သမားလျော်ကြေးငွေ အက်ဥပဒေ(၁၉၅၁)၊  မြန်မာ့သတ္တုတွင်း ဥပဒေ(၁၉၉၄)၊ မြန်မာ့သတ္တုတွင်း နည်းဥပဒေ(၂၀၁၈)၊ စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ(၂၀၁၄)၊ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝနယ်မြေများ ကာကွယ်ရေးနှင့် သဘာဝတောများ ထိန်းသိမ်းရေး ဥပဒေ(၁၉၉၄)၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးနည်း ဥပဒေ(၂၀၀၂)၊ အလုပ်သမားအဖွဲ့အ စည်း ဥပဒေ(၂၀၁၁)၊ အခကြေးငွေပေးချေရေး ဥပဒေ(၂၀၁၆)၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ (၂၀၁၆)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ(၂၀၁၂) အခန်း(၄)ပုဒ်မ(၇)၊ အခန်း(၆)ပုဒ်မ(၁၀)နှင့် (၁၂) ၊ အခန်း(၇) ပုဒ်မ(၁၃)၊ အခန်း(၈) ပုဒ်မ(၁၇)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေ (၂၀၀၆)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးနည်း ဥပဒေ(၂၀၁၃)၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ(၂၀၁၃)၊ အခန်း(၁၄၊၁၅၊၁၆)၊ ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးနည်း ဥပဒေ(၂၀၁၆)၊ အခန်း (၁၄၊၁၅၊၁၆)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်း ဥပဒေ(၂၀၁၄)၊ အခန်း(၉) ပုဒ်မ(၄၁)၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(၂၀၁၅)၊ မြန်မာ့သတ္တုတွင်း ဥပဒေကို  ပြင်ဆင်သည့် ဥပဒေ(၂၀၁၅) အခန်း(၂) ပုဒ်မ(၃)ပါ ဥပဒေရည်မှန်းချက်များ၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်(၂၀၁၅)၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေ(၂၀၁၅)၊ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများဆိုင်ရာ ဥပဒေ(၂၀၁၈)၊ အမျိုးသားမြေ အသုံးချမှု ဆိုင်ရာမူဝါဒ ဥပဒေ(၂၀၁၆)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ(၂၀၁၂)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ(၂၀၁၃)၊ လူမှုဖူလုံရေးအက်ဥပဒေ(၁၉၅၄)၊ လူမှုဖူလုံရေးဥပဒေ(၂၀၁၂)၊ မြေ အောက်ရေ အက်ဥပဒေ(၁၉၃၀)၊ The Emergency Provision Act (1950)၊ The Explosives Substances Act (1908)၊ အနည်းဆုံးအခကြေးငွေ ဥပဒေ(၂၀၁၃)၊ ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ(၂၀၁၈)၊ အမျိုးသားပတ်ဝန်း ကျင်ရေးရာမူဝါဒ (၁၉၉၄)၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ(၁၉၁၄)၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွ့ံဖြိုးတိုးတက်ရေး ဥပဒေ(၂၀၁၃)၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ(၂၀၁၇)၊ (၁၉၅၁)ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၆)၊ သစ်တောဥပဒေ(၂၀၁၈)၊ အနည်းဆုံးအခကြေးငွေ ဥပဒေ(၂၀၁၈)၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၇၊၂၀၁၆)၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၁၈၊၂၀၁၆) အစရှိသော ဥပဒေ၊ နည်းဥပဒေများနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး(ထုတ်လွွှတ်မှု) လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ အစီရင်ခံစာကို ရေးသား ထားပါသည်။

စီမံကိန်းဧရိယာ၏ လက်ရှိပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်နှင့် အခြေအနေလေ့လာမှုများ ဖြစ်သည့် မြေမျက်နှာသွင်ပြင်ဆန်းစစ်ခြင်း၊ ရာသီဥတုအခြေအနေတိုင်းတာခြင်း၊ မြေအောက်ရေနှင့် စွန့်ပစ်ရေ အရည်အသွေးတိုင်းတာခြင်းအား အမှတ်(၁၈၇၊၃၂လမ်း၊၇၉-၈၀လမ်းကြား၊ ချမ်းအေးသာ စံမြို့နယ်၊ မန္တလေးမြို့ရှိ(Future National Laboratory)သို့ ပေးပို့ဓာတ်ခွဲစမ်းသပ်ခဲ့ပါသည်။ စစ်ဆေး စမ်းသပ်ပြီး ရလဒ်များကို နောက်ဆက်တွဲ(ဂ-၄)တွင်ဖော်ပြထားပါသည်။ မြေထုအရည်အသွေး၊ လေ ထုအရည်အသွေးနှင့် ဆူညံသံတုန်ခါမှု၊ အမှုန်အမွှားတိုင်းတာခြင်းများကို HAZ SCANNERTM model-EPASစက်ဖြင့် ကွင်းဆင်းတိုင်းတာခဲ့ပါသည်။ ထို့အပြင် စီမံကိန်းပတ်ဝန်းကျင်ရှိရွာများမှ လူမှုဘဝ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများမှ တရားဝင်ပြဌာန်းထားသောအချက်အလက်များမှ စုဆောင်းထားပါသည်။ စီမံကိန်းပတ်ဝန်းကျင်တွင် ကျက်စားလျှက်ရှိသော ဇီဝသက်ရှိများ၊ တောရို်င်းတိရစ္ဆာန်များ၊ သစ်တောနှင့် သဘာဝပေါက်ပင်များ၏ အချက်အလက်များကို သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနရုံး ချုပ်နှင့် ဦးဟုတ်လင်း(ညွှန်/မှူး-ငြိမ်း) သစ်တောဦးစီးဌာန၏ မြန်မာ့ငှက်များ၏ အလေ့အထများနှင့် ထူးခြားသည့် လက္ခဏာများစာအုပ်မှကိုးကား၍ တင်ပြထားပါသည်။

ဤပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီရင်ခံစာတွင် အဆိုပြုသတ္တုတူးဖော်ရေး စီမံကိန်း၏ လုပ်ဆောင် မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုများကို ကွင်းဆင်းလေ့လာ၍ ထိခိုက်နိုင်မှုများကို ဖြေလျှော့မည့်နည်းလမ်းများဖြင့် ရှောင်လွှဲရန် နည်းလမ်းများကို ဖော်ပြထားပါသည်။ ဖြစ်နို်င်ခြေရှိသော ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်များအရ အဆိုပါစီမံကိန်းကြောင့် သက်ရောက် ထိခိုက်မှု အလယ်အလတ်အဆင့်ရှိသော ရုပ်ပိုင်းဆိုင်ရာဝန်းကျင်အပေါ် ထိခိုက်နိုင်မှု(၈)ခု၊ ဇီဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှု(၇)ခု၊ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှု(၈)ခုရှိသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် ထိခိုက်နိုင်မှုလျော့ပါးစေရေး အစီအစဉ်များ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ရုပ်ပိုင်း ဆိုင်ရာပတ်ဝန်းကျင် ထိခိုက်မှုလျော့ပါးစေရန်အတွက် မြေယာပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင် ရွက်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ လေထုညစ်ညမ်းမှုမရှိစေရန် ဖြုန်းကျောက်စာ သယ်ယာဉ်များကို လုံလောက်သော အဖုံးအကာဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဖုန်မှုန့်များပျံ့လွင့်မှု မရှိ စေရန် လုပ်ကွက်အတွင်းလမ်းများကို ရေဖြန်းခြင်း၊ ရေညစ်ညမ်းမှုမရှိစေရန် စွန့်ပစ်ပစ္စည်းများကို စနစ် တကျစွန့်ပစ်ခြင်း၊ ဇီဝပတ်ဝန်းကျင် ထိခိုက်မှုလျော့ပါးစေရန်အတွက် သစ်ပင်များပြန်လည် စိုက်ပျိုးခြင်း၊ သစ်တောများရှင်းလင်းခြင်းကို လျှော့ချဆောင်ရွက်ခြင်း၊ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကို စနစ် တကျစွန့်ပစ်ခြင်း၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးစေရန်အတွက် စီမံကိန်းကြောင့် ဒေသခံများ၏ အကျိုးစီးပွားနစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်းစသည်တို့ကို လုပ်ဆောင်သွားပါမည်။

ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်မှုတွင် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်တတ် သောအမှုန်များပျံ့လွင့် တည်ရှိမှု၊ အခိုးအငွေ့များနှင့် အဆိပ်ပါဓာတ်ငွေ့များ၊ ဆူညံသံများကြောင့် ထိခိုက်မှုများ၊ လုပ်ငန်းခွင်အတွင်းအသုံးပြုသော စက်ပစ္စည်းများကြောင့် တုန်ခါခြင်းနှင့်ပတ်သက်၍ ထိခိုက်နိုင်မှုများအား အပူဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် ယမကာများ၊ ထိခိုက်ဒဏ်ရာ ဖြစ်ပွားမှုများ အတွက် ရှေးဦးသူနာပြုစုခြင်းနည်းစနစ်များနှင့် အသုံးချအစီအစဉ်များ၊ သတ္တုတူးဖော်ရာတွင် မတော် တဆထိခိုက်မှုများအား ကြိုတင်ကာကွယ်နည်းများအပြင် မြေသားတည်ငြိမ်မှု လျော့နည်းသည့် အခြေ အနေများမှ အမိုးနှင့် နံရံများပြိုကျမည့်အကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်နည်းများ၊ မြေအောက် လုပ်ကွက်အတွင်း လေပြတ်ခြင်း၊ လေမလုံလောက်ခြင်းနှင့် ဓါတ်ငွေ့များ ရှူမိခြင်းအတွက် ဖြစ်ပေါ်ရ သောအကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်နည်းများ၊ အရေးပေါ်အခြေအနေအတွက် စီမံထားရှိမှုနှင့် ကြိုတင်လုပ်ဆောင်ရန််များ စသည်တို့ကို ဖော်ပြထားပါသည်။

စီမံကိန်း၏ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အများပြည်သူသဘောထား ရယူခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာ အုပ်စု၊ ကန်တောင်ဒေသတွင်(၆.၁.၂၀၁၈)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ရတနာပြည့်ဖြိုးအောင် သတ္တု တူးဖော်ရေး ကုမ္ပဏီမှကုမ္ပဏီတာဝန်ခံ ဦးစောလှမြင့်မှ ကုမ္ပဏီ၏လုပ်ငန်းစဉ်များ၊ အနာဂတ် အစီ အစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်အစီရင်ခံစာရေးသားသူ ဦးခင်မောင်အေးမှ ပတ်ဝန်း ကျင်စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် မှုနှင့် ဖြေလျော့မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ လူမှုစီးပွားတာဝန်ယူမှု အစီအစဉ်(CSR)၊ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုမှု အစီအစဉ်များပါ၀င်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP)များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒေသခံပြည်သူများမှလည်း ကုမ္ပဏီ၏အစီအစဉ်များကို လက်ခံအားပေးခဲ့ပြီး သတ္တုတူးဖော်ရေး လုပ်ငန်းသည် နိုင်ငံတော်အတွက် အကျိုးစီးပွားကို တစ်ဘက် တစ်လမ်းမှ ဆောင်ရွက်ပေးရုံသာမက ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများတိုး တက်စေကြောင်း ပြောကြားခဲ့ပါသည်။ ဒေသခံများ၏ မပြေလည်မှုများ ပေါ်ပေါက်လာပါကညှိနှိုင်း ဖြေရှင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဖော်ထုတ်တင်ပြ ထားပါသည်။

ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP) ကို စီမံကိန်း လည်ပတ်သည့်ကာလနှင့် စီမံကိန်းပိတ်သိမ်းခြင်းကာလများတွင် တွေ့ရှိလာသောဖြစ်နိုင် ခြေရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များဖြစ်သည့် လေထုအရည်အသွေး၊ ဆူညံသံအခြေ အနေ၊ ရေအရည်အသွေး၊ စွန့်ပစ်ပစ္စည်းများ စသည်တို့၏ ရလဒ်များကို အသုံးပြုခြင်း၊ စီမံကိန်းပတ်ဝန်း ကျင်၏ လက်ရှိအခြေအနေနှင့် စီမံကိန်းတည်နေရာသို့ ကွင်းဆင်းလေ့လာခြင်းအားဖြင့် ရေးသားခဲ့ပါ သည်။ စီမံကိန်းပိတ်သိမ်းခြင်း အစီအစဉ်တွင် မြေအောက်လှိုဏ်ခေါင်း အဆင့်ဆင့်အား အလွှာလိုက် မြေစာဖြည့်စွက်ခြင်း၊ မြေအောက်လှိုဏ်အတွင်းရှိ လုပ်ငန်းသုံးပစ္စည်းများကို ပြန်လည်သိမ်းဆည်းခြင်း၊ စီမံကိန်း အဆောက်အဦများ ဖျက်သိမ်းခြင်းလုပ်ငန်းများ ပါ၀င်ပါသည်။ ထို့အပြင် အဆိုပါစီမံကိန်း၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အား ရေရှည်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်သော ပတ်ဝန်းကျင်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု လျော့နည်း စေရန်သင့်တော်သော ဖြေလျော့ရေး နည်းလမ်းများကို လုပ်ဆောင်ခြင်းအားဖြင့် စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်းကို အကျိုးရလဒ်ဖြစ်ထွန်းစေပါသည်။ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် တွင်အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ် ဆိုင်းခြင်း၊မိုင်းပိတ်သိမ်းခြင်းစသည့် လုပ်ငန်းအဆင့်လိုက်ဆောင်ရွက်မည့်အစီအမံနှင့် ဘေးအန္တရာယ် ကာကွယ်ရေးအစီအမံများကို ဖော်ပြထားပါသည်။

စောင့်ကြပ်ကြည့်ရှုခြင်းအစီအစဉ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုဖြေလျော့ရေးအစီအစဉ်၊ စီမံကိန်း ၏ သက်ရောက်မှုများအား ပြန်လည်ကုစားခြင်းအစီအစဉ်၊ ပတ်ဝန်းကျင် အရည်အသွေး စောင့်ကြပ် ကြည့်ရှုမှု အစီအစဉ်၊ အရေးပေါ်ကိစ္စများအတွက် စီမံချက်တို့ပါ၀င်ပါသည်။ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် လူမှုစီးပွား တာဝန်ယူမှု အစီအစဉ်များကို မြန်မာ့သတ္တုတွင်းနည်းဥပဒေ (၂၀၁၈) ၊ အခန်း(၃၀)၊ ပုဒ်မ (၁၅၈)ပါ ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားပါမည်။ စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ် အတွက် သတင်းပို့တင်ပြခြင်း၊ သဘာဝဆိုင်ရာ လေ့ကျင့်မှုများပါ၀င်ပါသည်။ စီမံကိန်း ဆောင်ရွက်မှု ကြောင့်ပတ်ဝန်းကျင်သက်ရောက်မှုများ လျှော့ချရေးလုပ်ငန်းစဉ်များ အတွက်လည်းကောင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအတွက် တစ်နှစ်လျှင် ရန်ပုံငွေကျပ်သိန်း(၇၀)၊ လူမှုစီးပွားရေး တာဝန်ယူမှု လုပ်ငန်းများအတွက် တစ်နှစ်လျှင် ရန်ပုံငွေကျပ်သိန်း(၇၀)လျာထား ဆောင်ရွက်မည်ဖြစ်ပါ သည်။

မိုင်းပိတ်သိမ်းခြင်းအစီအစဉ်တွင် တိုက်စားခြင်းနှင့် အနည်ကျခြင်း ထိန်းချုပ်မှုအစီအစဉ်၊ မြေအောက်လှိုဏ်များနှင့် စွန့်ပစ်ကျောက်စာပုံများ စီမံခန့်ခွဲမှုအစီအစဉ်၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ စီမံခန့်ခွဲမှုအစီအစဉ်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုအစီအစဉ်၊ ရပ်ရွာလူထုအထောက်အကူပြု စီမံဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်တည်ထောင်ခြင်း အစီအစဉ်များ ပါ၀င်ပါသည်။ လုပ်ငန်းလည်ပတ်စဉ် မိုင်းပိတ်သိမ်းခြင်းအကြိုလုပ်ငန်းအဆင့်များ၊ Underground Mining Methodကိုအသုံးပြုဆောင်ရွက်ခြင်းဖြစ်သဖြင့် ကျန်ရစ်သည့် လှိုဏ်များ၊ မိုင်းတွင်းများအား ပိတ်သိမ်းသည့် အဆင့်နှင့် ပိတ်သိမ်းပြီးနောက် အဆင့်များတွင် စီမံဆောင်ရွက်မည့် သစ်ပင်စိုက်ပျိုး မည့်အစီအစဉ်များအား ထည့်သွင်းဖော်ပြထားပါသည်။ မိုင်းပိတ်သိမ်းခြင်းနှင့် စောင့်ကြပ်ကြည့်ရှု စစ်ဆေးမည့် အစီအစဉ်အား စီမံကိန်းအထွေထွေမန်နေဂျာ၊ လုပ်ကွက်တာဝန်ခံ၊ကြီးကြပ်ရေးမှူး၊ သတ္တုတွင်းအင်ဂျင်နီယာတို့မှ တာဝန်ယူဆောင်ရွက်သွားပါမည်။

အချုပ်အားဖြင့် ဤပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီရင်ခံစာသည် ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်း အတွက် ပတ်ဝန်းကျင် အနေအထားများ၊ စီမံကိန်းကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက် နိုင်မှုများကို ရှာဖွေဖော်ထုတ်ပြီး ထိခိုက်မှုလျော့ပါးစေရေး အစီအစဉ်များကို လက်တွေ့အကောင် အထည်ဖော် လုပ်ဆောင်မှုများအား သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။ ရတနာပြည့်ဖြိုးအောင် သတ္တု တူးဖော်ရေးကုမ္ပဏီသည် ဤအစီရင်ခံစာပါ အစီအစဉ်များကို ကတိကဝတ်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်၍ စီမံကိန်းအား ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုအနည်းဆုံးနှင့် လည်ပတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။