အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း
ယခင်သက်တမ်းအဟောင်းမှအများပြည်သူများနှင့် တိုင်ပင်ဆွေးနွေးမှု
ရတနာပြည့်ဖြိုးအောင်သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် ဒေသအတွင်းရှိ မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်လည်းကောင်း၊ အမှတ်(၂) သတ္တုတွင်းဦးစီး ဌာနရုံးခွဲ၊ သစ်တောဦးစီးဌာနရုံးခွဲများနှင့်လည်းကောင်း၊ ဆက်သွယ်၍ ဒေသဖွံ့ဖြိုးရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စများအား လစဉ်ဆွေးနွေးတိုင်ပင် ဆောင်ရွက်လျှက်ရှိပါသည်။ ဒေသခံ ပြည်သူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်လည်းမပြတ် တွေ့ဆုံ၍ ပတ်ဝန်းကျင်တွင်လုပ်ငန်းအတူ ဆောင်ရွက်လျှက်ရှိကြသော မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းလျှက် ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါသည်။
(၂.၃.၂၀၁၇)ရက်နေ့ နေ့လည်(၁)နာရီမှ (၃)နာရီအထိ ကုမ္ပဏီအစည်းအဝေးခန်းမတွင် ကျည်တောက်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းနောင်၊ ဆယ်အိမ်မှူး ဦးသန်းထွန်းနှင့် ကျေးရွာရှိ ရပ်မိ/ ရပ်ဖများနှင့် ကုမ္ပဏီရှိ လုပ်ကွက်တာဝန်ခံ ဦးကျော်သူ၊ EMP အစီရင်ခံစာ ရေးသားသူ ဦးခင်မောင်အေး၊ မန်နေဂျာ ဦးစောလှမြင့်နှင့် တာဝန်ရှိ၀န်ထမ်းများနှင့် တွေ့ဆုံဆွေး နွေးပွဲ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပိတောက်ချပ်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးရွာတွင်လမ်းပန်း ဆက် သွယ်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ကိုယ်ထူကိုယ်ထ လမ်းဖောက်လုပ်လျက်ရှိရာ ကုမ္ပဏီအနေမှ တစ်တပ်တစ်အား ပါ၀င်ကူညီဆောင်ရွက်ပေးရန်ပြောကြားရာ လမ်းဖောက် ရာတွင်လိုအပ်သော ကျောက်၊ သဲများသယ်ယူရန်ကားများ၊ လူအင်အား အကူအညီများဖြင့် ကူညီ ဆောင်ရွက်ခဲ့ပါသည်။
ထပ်မံ၍ ပိတောက်ချပ်ကျေးရွာတွင် လူမှုကူညီရေးအသင်း အဖွဲ့အစည်းအား အသင်းရန်ပုံ ငွေအတွက် ကုမ္ပဏီမှ ငွေကျပ် (၃၀)သိန်းကို လှူဒါန်းခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ကုမ္ပဏီသည် ကျေးရွာအပေါ်တွင် အစစအရာရာ အတတ်နိုင်ဆုံးပ့ံပိုး ပေးသည့်အတွက် အထူးပင် ၀မ်းမြောက်ကြောင်းကျေးရွာဘက်မှ ဆွေးနွေးပြောကြားခဲ့ပါသည်။
(၁၁.၄.၂၀၁၇)ရက်နေ့တွင် နံနက် (၉:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ ကုမ္ပဏီအစည်းအဝေး ခန််းမတွင် ပိတောက်ချပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ဆယ်အိမ်မှူး သိန်းထိုက်ဝင်းနှင့် ကျေးရွာရှိ ရပ်မိ/ရပ်ဖများနှင့် ကုမ္ပဏီရှိ လုပ်ကွက်တာဝန်ခံ ဦးကျော်သူ၊ အစီရင်ခံစာရေးသားသူ ဦးနေမျိုး၊ မန်နေဂျာ ဦးစောလှမြင့်နှင့် တာဝန်ရှိဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ကျေးရွာဘက်မှ ယခုအချိန်မှာ ခြောက်သွေ့ရာသီဘက်သို့ ကူးပြောင်းလာပြီဖြစ် သည့်အတွက် ကျေးရွာသောက်သုံးရေ လိုအပ်ချက်များရှိကြောင်း ဆွေးနွေးတင်ပြပါသည်။ ၎င်းတင်ပြချက်အပေါ်တွင် ကုမ္ပဏီဘက်မှလည်း သောက်သုံးရေအတွက် စက်ရေတွင်းများတူးဖော်ပေးရန် အစီ အစဉ်ရှိကြောင််းနှင့် ရေသန့်ဗူးများကိုလည်း အခါအားလျော်စွာလှူဒါန်းရန် အစီအစဉ်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
ထပ်မံ၍ကျေးရွာဘက်မှ အလုပ်အကိုင်အခွင့်အလမ်းအတွက် ထပ်မံဆွေးနွေးရာ ကုမ္ပဏီမှ လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သည့်နေရာများတွင် ထပ်မံခန့်အပ်သွားမည်ကို ဆွေးနွေးခဲ့ကြပါသည်။
နောက်ဆုံးတွင်ကျေးရွာမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကုမ္ပဏီအနေဖြင့် တတ်နိုင်သမျှ တစ်တတ်တစ်အား ပါ၀င်ကူညီကြရန် ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
၉.၃ (၄.၅.၂၀၁၇)ရက်နေ့တွင် နံနက်(၉)နာရီမှ (၁၁)နာရီအထိ ကုမ္ပဏီအစည်းအဝေးခန််းမတွင် ပိတောက်ချပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ဆယ်အိမ်မှူး ဦးသိန်းထိုက်ဝင်းနှင့် ကျေးရွာရှိ ရပ်မိ/ရပ်ဖများနှင့် ကုမ္ပဏီရှိ လုပ်ကွက်တာဝန်ခံ ဦးကျော်သူ၊ မန်နေဂျာ ဦးစောလှမြင့်နှင့် တာဝန်ရှိ ၀န်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင်် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ယခုအခါတွင် ကန်တောင်၊ ကျည်တောက်ပေါက် တောင်တက်ကားလမ်း(၃)မိုင်ခန့်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကွန်ကရစ်လမ်းခင်းရာ ကုမ္ပဏီမှတတ် အားသမျှပါ၀င်ရန် ပြောကြား၍ ကုမ္ပဏီ၏တာဝန်ရှိသူ ဦးကျော်သူမှ ကွန်ကရစ်လမ်းခင်းရန်အတွက်ငွေ ကျပ်သိန်း(၅၀)လှူဒါန်းပြီး လမ်းခင်းရန်အတွက် လိုအပ်သည့် ကျောက်စရစ်များကို သယ်ဆောင်ရန်ကား များ စီစဉ်ပေးခဲ့ပါသည်။
ထပ်မံ၍ကျေးရွာမှ ခြောက်သွေ့ရာသီရောက်နေပြီဖြစ်သဖြင့် ကုမ္ပဏီအားမီးဘေးအန္တရာယ် ဂရုစိုက် ရန်အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လျှပ်စစ်မီးများ စနစ်တကျသုံးစွဲရန် တောမီးအန္တရာယ်အတွက် မီး တားလမ်းများပြုလုပ်ရန်၊ လောင်စာဆီများ စနစ်တကျသုံးစွဲရန် အကြံပေးဆွေးနွေးခဲ့ကြပါသည်။
နောက်ဆုံးတွင် အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရန်အတွက် ကျေးရွာမှအရန်မီးသတ် တပ်ဖွဲ့များနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ကြရန်် ဆွေးနွေးပြောကြားခဲ့ပါ သည်။
(၆.၆.၂၀၁၇)ရက်နေ့တွင် နံနက်(၉)နာရီမှ (၁၁)နာရီအထိ ကုမ္ပဏီအစည်းအဝေးခန််းမတွင် ပိတောက်ချပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ဆယ်အိမ်မှူး သိန်းထိုက်ဝင်းနှင့် ကျေးရွာရှိ ရပ်မိ/ရပ်ဖများနှင့် ကုမ္ပဏီရှိ လုပ်ကွက်တာဝန်ခံ ဦးကျော်သူ၊ မန်နေဂျာ ဦးစောလှမြင့်နှင့် တာဝန်ရှိ ၀န်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ ပိတောက်ချပ်ကျးရွာ၊ အ.ထ.က ကျောင်း ခွဲတွင် ဆရာ/ဆရာမများကို ကုမ္ပဏီမှ နေ့စားခန့်အပ်ပေးထားသည့်အတွက် သင်ကြားရေးတွင် မနှောင့် နှေးစေဘဲ ကျောင်းသား/ကျောင်းသူများကို ကောင်းမွန်စွာ ပညာသင်ကြားနိုင်သည့်အတွက် ရွာသူရွာ သားများအနေဖြင့် အထူးပင်ဝမ်းသာကျေနပ်နေကြောင်း ဒေသခံ/ရွာခံများအား အလုပ်အကိုင်များ ခန့်အပ်ပေးထားသည့်အတွက် အလုပ်အကိုင်ရရှိပြီး စားဝတ်နေရေးအတွက် အဆင်ပြေကြောင်းနှင့် လူမှုကူညီ ရေးအသင်းအတွက်လည်း ကားများလှူဒါန်းထားသည့်အတွက် ကျန််းမာရေးအတွက် အထောက်အကူဖြစ်စေကြောင်းပြောကြားခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ကုမ္ပဏီမှလူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေးကိစ္စများကို ကျေးရွာ နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း တွေ့ဆုံပြောကြားခဲ့ပါသည်။
စဉ်ကူးမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် တိုင်ပင်ဆွေးနွေးခြင်း
ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီသည်လုပ်ငန်းဆောင်ရွက်ရန်နှင့် ပတ်သက် ပြီးမြေစာရင်းပုံစံ(၁၀၅)ရေးကူးခွင့်နှင့် သဘောထားမှတ်ချက်ပြန်ကြားပေးရန် အမှတ်(၂)သတ္တု တွင်း လုပ်ငန်းမှ ညှိနှိုင်းအကြောင်းကြားချက်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမောင်မောင်ညွှန့်၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းမြို့နယ်တာဝန်ခံ ဦးဉာဏ်လင်းထွန်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဗိုလ်တင်လင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးဇော်လွင်ဦး တို့ပါ၀င်သော အဖွဲ့ဖြင့် (၅.၄.၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး ကွင်းဆင်းစစ်ဆေးရေး အဖွဲ့၏ မှတ်ချက်နှင့်အတူ ကွင်းဆင်းအစီရင်ခံစာအား တင်ပြထားခဲ့ပါသည်။ သဘောထား မှတ်ချက်မိတ္တူအား နောက်ဆက် တွဲ(ဃ-၁)ဖြင့် တင်ပြထားပါသည်။ ကွင်းဆင်းစစ်ဆေးခြင်း ခရီးစဉ်တွင် ဌာနဆို်င်ရာတာဝန်ရှိသူ များနှင့်ကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး မေးမြန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်
- ကွင်းဆင်းအဖွဲ့မှမေး။ မြေအောက်တူးဖော်မှုနည်းစနစ် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရ သဖြင့် မည်သည့်ပုံစံဖြင့် တူးဖော်မည်နည်း။
ကုမ္ပဏီမှဖြေ။ ဘဲစိုက်တွင်းတူးဖော်နည်း (Vertical Shift)နည်းကို အသုံးပြုတူးဖော် သွားပါ မည်။ - ကွင်းဆင်းအဖွဲ့မှမေး။ ထွက်ရှိလာသော ရွှေပါဖြုန်းမြေများအား ကြိတ်ခွဲသန့်စင်ခြင်းအား ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် မည်သို့စီမံဆောင်ရွက်မည်နည်း။ကုမ္ပဏီမှဖြေ။ ထွက်ရှိလာသော ရွှေပါဖြုန်းမြေများ ကြိတ်ခွဲသန့်စင် ထုတ်လုပ် ခြင်းအား အဆိုပြု စီမံကိန်းဧရိယာတွင် ဆောင်ရွက်ခြင်းမပြုဘဲ မိတ်ဘက်ကုမ္ပဏီဖြစ်သော အောင်ထွန်းလင်းရှိန်ဝင်း ကုမ္ပဏီ၏ (SGU–208)ဧရိယာရှိ ရွှေသန့်စင်စက်ရုံတွင် ဆောင်ရွက် ပါမည်။ လုပ်ကွက်ဧရိယာ နယ်နိမိတ်ဆက်စပ် မှုရှိပြီး အကွာအဝေးမှာ (၄) ဖာလုံခန့်သာ ကွာဝေးပါသည်။ မြို့ရွာအတွင်း ဖြတ်သန်း သယ်ဆောင်ရန် မလိုအပ်ပါ။
- ကွင်းဆင်းအဖွဲ့မှမေး။ စီမံကိန်းလုပ်ကွက် ဧရိယာသည် လူနေရပ်ကွက် ကျေးရွာနှင့် နီးကပ် မှုရှိသောကြောင့် အန္တရာယ်ရှိစေသော ပေါက်ကွဲရေးပစ္စည်းများ သိုလှောင်ထားရှိမည့် အစီ အမံကို သိလိုပါသည်။
ကုမ္ပဏီမှဖြေ။ သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာအနီးရှိ အမှတ်(၂) စစ်အခြေခံလေ့ကျင့် ရေးတပ်ဧရိယာအတွင်းတန်(၂၀)ဆံ့ အခိုင်အမာစုပေါင်းယမ်းတိုက်ဆောက်လုပ်၍ မိတ်ဘက် ကုမ္ပဏီထက်ရည်လင်း၊ ထွန်းရွှေစင် ကုမ္ပဏီများနှင့် စုပေါင်းထားသို သွားရန်စီမံသွားပါမည်။ - တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆို်င်ရာအဖွဲ့အစည်းများ ရွှေသတ္တု လုပ်ကွက်များ သို့ကွင်းဆင်းစစ်ဆေးချိန်များတွင်လည်း မီဒီယာအဖွဲ့များ၊ (CSO)များပါ၀င်ပြီး ၎င်းတို့၏ အကြံ ပြုချက်များ၊ လိုလားတောင်ဆိုချက်များကို မှတ်တမ်းတင်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ယခုသက်တမ်းအသစ်အတွက် အများပြည်သူများနှင့် တိုင်ပင်ဆွေးနွေးမှု
ရတနာပြည့်ဖြိုးအောင်သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် လွန်ခဲ့သော(၇)နှစ်ကာလကလုပ် ကိုင်ခွင့် ရယူဆောင်ရွက်ခဲ့သော ရွှေအသေးစားလုပ်ကွက်အမှတ် (SGU-168)သည် ခွင့််ပြု သက်တမ်း(၇)နှစ် ပြည့်သွားသောကြောင့် သက်တမ်းအသစ် ခွင့်ပြုချက်ရရှိရေး ပြန်လည် လျှောက်ထားသည့် အခြေအနေအား ဒေသခံပြည်သူလူထုမှ သိရှိစေရေး၊ လိုအပ်သော အကြံပြု တောင်းဆိုချက်များ ပေးနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင် ရွက်ခဲ့ပါသည်။
(၆.၁.၂၀၁၈)နေ့တွင် စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကျည်တောက်ပေါက်ရွာ၊ ပိတောက်ချပ်ရွာ၊ ငါးပြားပေးရွာ၊ ကန်တောင်ရွာများမှ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမင်းနောင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံကျေးရွာသူကျေးရွာသားများ(၁၅)ဦးခန့် တက်ရောက်ပြီး ကုမ္ပဏီဘက်မှမန်နေဂျာ ဦးစောလှမြင့်၊ လုပ်ငန်းတာဝန်ခံ ဦးကျော်သူနှင့် ၀န်ထမ်း(၅)ဦး တက် ရောက်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကုမ္ပဏီမန်နေဂျာ ဦးစောလှမြင့်မှ ယခုရတနာ ပြည့်ဖြိုးအောင်ကုမ္ပဏီ ပြန်လည်လျှောက်ထားသော လုပ်ကွက်သည် ယခင်(၇)နှစ်ကပင် မိမိကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရယူထားခဲ့ပြီးသော လုပ်ကွက်ဖြစ်ကြောင်း၊ ယခုလုပ်ကွက်အသစ် အနေ ဖြင့်လည်း(၆)ပေစိုက်ကျင်း၊ မြေအောက်လှိုဏ်ခေါင်း Level အဆင့်(၃)Vertical Shaft ဖြင့်တူး ဖော်ပြီး လုပ်ငန်းစတင် လုပ်ကိုင်မှာဖြစ်ကြောင်း လုပ်ကွက်ဧရိယာတွင် အစီအမံများ စီစဉ်ထားရှိ မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သောကြောင့် လိုအပ်ချက်နှင့် အခက်အခဲများရှိပါကလည်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကန်တောင်ရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဦးမှ ဆွေးနွေးရာတွင် ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆက်လက်၍ ဆောင်ရွက်သွားမည်ကို သိရှိရပါ ကြောင်း၊ ကုမ္ပဏီအနေဖြင့် ယခင်ကနယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက် များစွာ ကူညီထောက်ပံံ့ပေးခဲ့ သောမှတ်တမ်းကောင်းများ ရှိခဲ့ပါကြောင်း၊ နယ်မြေဒေသအတွင်း ကုမ္ပဏီလုပ်ကွက်၊ ပုဂ္ဂလိကလုပ်ကွက်များ လာရောက်လုပ်ကိုင်မှုများပြားလျှက်ရှိရာ ဥပဒေစိုးမိုးရေး၊ ဒုစရိုက်နှိမ်နှင်းရေး ကိစ္စ များမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ထိန်းချုပ်ရန် အခက်အခဲရှိကြောင်း၊ သို့ဖြစ်၍ ကုမ္ပဏီ များအနေဖြင့်လည်း မိမိ၀န်ထမ်း၊ လုပ်သားများကို စည်းကမ်းသေဝပ်ရေး ကိစ္စများကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုဆွေးနွေးပါသည်။
ပိတောက်ချပ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းမှ ဆွေးနွေးအကြံပြုရာတွင် မိမိ အနေဖြင့် ကျည်တောက်ပေါက်ဒေသတွင် အခြေချနေထိုင်လာသည်မှာ (၂၅)နှစ်ခန့်ရှိပြီဖြစ်ပါ ကြောင်း၊ ကုမ္ပဏီများ၏ ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်း၊ ပုဂ္ဂလိကရွှေတူးဖော် ရေးလုပ်ငန်းများ ကြောင့်ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ကန်တောင်ဒေသများစည်ကား ဖွံ့ဖြိုးတိုးတက်ကာလူမှု စီးပွားအဆင့်များ များစွာမြင့်မားလာခဲ့သည်မှာအမှန်ပင်ဖြစ်ပါကြောင်း၊ ရတနာပြည့်ဖြိုးအောင် ကုမ္ပဏီ၏ ဒေသဖွံ့ဖြိုးရေးအတွက် ပါ၀င်ကူညီဆောင်ရွက်ခံမှုများကိုလည်း အသိအမှတ်ပြုပါ ကြောင်း၊ ကုမ္ပဏီလုပ်ကွက် အများစုရှိရာ ကန်တောင်ဒေသတောင်ကုန်းသည် ရွာများနှင့်နီး၍ အမြင့်ပိုင်းမှာတည်ရှိကြောင်း၊ ကျည်တောက်ပေါက်၊ ပိတောက်ချပ်၊ ငါးပြားပေးရွာများမှာတောင် ကုန်း၏အခြေအနိမ့်ပိုင်းတွင် တည်ရှိမှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ သဘာဝ ဘေးဒဏ် များနှင့် ဆည်ရေကန်များ ကျိုးပေါက်မှုဖြစ်ပါကဆုံးရှုံးမှုဒဏ်ကို ခံနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် အစီအမံများ ကြိုတင်စဉ်းစား၍ အလေးထား ဆောင်ရွက်စေလိုပါကြောင်း အကြံပြုဆွေးနွေးပါသည်။
ကန်တောင်ရွာမှ ရွာသားဦးလှဌေးမှ အကြံပြုဆွေးနွေးရာတွင် ယခုတင်ပြဆွေးနွေးသော စီမံကိန်းလုပ်ကွက် (SGU-168)သည် မိမိတို့ကျေးရွာနှင့် (၁)မိုင်ခန့်ဝေးကွာပြီး ကြားတွင်အခြား ရွှေလုပ်ကွက်များ ရှိသည်ကိုသိရှိရပါကြောင်း၊ ယခင်သက်တမ်း(၇)နှစ်တွင် တူးဖော်ဆောင်ရွက် ခြင်း၊ ထိုသို့အသုံးပြု ဆောင်ရွက်ချိန်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများ မရှိစေရေးအလေး ထားဆောင်ရွက် စေလိုကြောင်း၊ ကျေးရွာတွင်ရှိသော အချို့သောအင်းလုပ်သားများအား ကုမ္ပဏီ တွင်သင့်လျှော်သော အလုပ်အကိုင်များ လုပ်ကိုင်ခွင့်ရရှိရေး စီစဉ်ပေးစေလိုကြောင်း ဆွေးနွေးပါ သည်။
ကုမ္ပဏီမန်နေဂျာ ဦးစောလှမြင့်မှ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ကုမ္ပဏီများအနေဖြင့် ယခင်က အလားတူစီမံကိန်းများ ဆောင်ရွက်ခဲ့သော်လည်း ပတ်ဝန်းကျင်ထိခိုက်မှု သက်ရောက်မှု များကို အလေးထားစဉ်းစားခဲ့ခြင်းမရှိပါကြောင်း၊ ယခု(၂၀၁၆)ခုနှစ်နောက်ပိုင်း ကာလများတွင် နိုင်ငံတော် အစိုးရ၏မူဝါဒအရ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်များကို အလေးထား၍ လိုက်နာဆောင်ရွက် ရပါကြောင်း၊ တစ်ဖက်မှ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဘဏ္ဍာ တိုးမြှင့်ရရှိရေးကို ဆောင်ရွက်ခြင်းနှင့်အတူ စီမံကိန်းကြောင့်ထိခိုက်နိုင်မည့်၊ သက်ရောက်နိုင်မည့် အခြေအနေများကို အကောင်းဘက်ရော၊ အဆိုးဘက်ပါတွက်ချက် စဉ်းစား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆိုးကျိုးသက်ရောက်မှုများကိုလည်း အလေးထားလျှော့ချဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒေသခံရွာသားများအလုပ်အကိုင် အခွင့်အလမ်းများကို လည်းအခြေအနေပေးပါက ဦးစားပေးစဉ်းစား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပါ သည်။
လုပ်ကွက်တာဝန်ခံ ဦးကျော်သူမှ ကုမ္ပဏီ၏လုပ်ကွက်ဧရိယာအား ယခင်သက်တမ်း ကာလ မှာပင်တိုင်းတာသတ်မှတ်ထားပြီး ဧရိယာမှတ်တိုင်များကိုလည်း စိုက်ထူထားရှိပါကြောင်း၊ ဧရိယာ ပြောင်းလဲခြင်းမရှိသလို ဒေသခံများလည်း အားလုံးသိရှိပြီး ဖြစ်ပါသဖြင့် ကျူးကျော်ဝင်ရောက် အခြေချနေထိုင်ခြင်းများမရှိစေရေး ၀ိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း ဆွေးနွေးပြောကြားပါ သည်။
အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းကို လုပ်ငန်းအကောင်အထည် မဖော်မီနှင့် အကောင် အထည်ဖော်ဆောင်ရွက်စဉ်ကာလများအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် (၃)လတစ်ကြိမ် လျာထားဆောင်ရွက်မည်ဖြစ်ပြီး ဒေသလိုအပ်ချက်များ၊ ထူးခြားဖြစ် စဉ်များ၊ အရေးပေါ်ကိစ္စများ ရှိပါက ကြားဖြတ်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ပါမည်။
အများပြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းမှ အမေး၊ အဖြေများ
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၏ အကြံပြုချက်များ
- မြေအောက်ရွှေသတ္တုတူးဖော်ရာမှ ထွက်ရှိသောရေများအား ပိုလျှံရေအဖြစ် စွန့် ထုတ်ပစ်မည့်အစား နွေရာသီတွင်ကျေးရွာသူ၊ ကျေးရွာသားများ သောက်သုံးရေ ရှားပါးချိန်အတွက် ဖြန့်ဝေပေးစေလိုပါသည်။
- ကုမ္ပဏီများ၏ ရွှေသတ္တုလုပ်ကွက်များသည် ကန်တောင်ကျေးရွာ တောင်ကုန်း ပေါ်တွင်တည်ရှိနေပြီး ကျည်တောက်ပေါက်ရွာ၊ ငါးပြားပေးရွာများသည် မြေနိမ့်ပိုင်း မှာတည်ရှိသောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများရှိလာပါက ထိခိုက်ခံစား၊ သက် ရောက်မှုများ ရှိလာနိုင်သောကြောင့် စွန့်ပစ်ပစ္စည်း၊ ရေနှင့်အနံ့ အသက်များကို အလေးထား၍ ထိန်းသိမ်းကာကွယ် စွန့်ပစ်ခြင်းကို ဆောင်ရွက်စေလိုပါသည်။
- စုပေါင်း ရွှေသတ္တုသန့်စင် စက်ရုံရှိရာ အောင်ထွန်းလင်းရှိန်ဝင်း ကုမ္ပဏီ၏ (SGU–208)မှ စွန့်ပစ်ရေကန်အားလက်ရှိထက် လုံခြုံစိတ်ချရသော အခြေ အနေဖြစ်စေရန် စီမံဆောင်ရွက်ခြင်း(သို့မဟုတ်) နေရာရွှေ့ပြောင်း စွန့်ပစ်ခြင်းကို ဆောင်ရွက်သင့် ကြောင်း အကြံပြုပါသည်။
ပြည်သူလူထုမှ မေးမြန်းခြင်းနှင့် ဖြေဆိုချက်များ
- ကျေးရွာမှမေး။ မြေအောက်တူးဖော်ခြင်း လုပ်ငန်းအတွက် မိုင်းဖောက်ခွဲခြင်း များပြုလုပ်ပါက တုန်ခါမှုနှင့်အသံများကြောင့် ပြည်သူလူထု အနှောက်အယှက် ဖြစ်နိုင်/မဖြစ်နိုင် သိလိုပါသည်။
ကုမ္ပဏီမှဖြေ။ မြေအောက်တွင် ကျောက်ဖောက်စက်များမှာ (၁”)အချင်း၊ အရှည်(၅) ပေရှိ လက်ကိုင်ကျောက်ဖောက်စက်များကိုသာ အသုံးပြုပြီး အသေးစားဖောက်ခွဲမှု များကိုသာ အသုံးပြုမည်ဖြစ်သဖြင့် သက်ရောက်မှု မရှိနိုင်ပါ။ ယခင် သက်တမ်းရှိ သော SGU(1-A) SGU(1-B)တို့ ကဲ့သို့သာ ဆောင်ရွက်မည်ဖြစ်၍ သက်ရောက် မှုမရှိနိုင်ပါ။ တုန်ခါမှုနှင့် ဆူညံသံများဖြစ်ပေါ်လာပါက လည်းချက်ခြင်းပြောဆို ကန့်ကွက်နိုင်ပါကြောင်း ဖြေကြားပါသည်။ - ကျေးရွာမှမေး။ စီမံကန်းလုပ်ငန်းတွင် ဒေသခံအလုပ်သမားများအား ခန့်ထားပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုပါသည်။ကုမ္ပဏီမှဖြေ။ ကုမ္ပဏီအနေဖြင့် အတွေ့အကြံုရှိသော လုပ်သားများလိုအပ်လျှက် ရှိရာ ဒေသခံများကိုလည်း ဦးစားပေးခန့်ထားရန် လိုအပ်ပါသည်။ ကုမ္ပဏီ၏ စည်း မျဉ်းစည်းကမ်းများနှင့်အညီ သစ္စာရှိစွာလုပ်ငန်းဆောင်ရွက် လိုသူများအား အလုပ် တာဝန်များအား အလုပ်တာဝန်များ ခန့်ထားပေးရန် အစီအစဉ်ရှိကြောင်း ဖြေကြားပါ သည်။
- ကျေးရွာမှမေး။ ဒေသအတွင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းမှ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ၊ မရှိ သိလိုပါသည်။
ကုမ္ပဏီမှဖြေ။ ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီအနေဖြင့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာတွင် ဒေသအတွင်း ဖွ့ံဖြိုးရေးအတွက် လိုအပ်သောအခန်း ကဏ္ဍ များတွင် ဒေသခံပြည်သူလူထု၏ လိုလားချက်များကို တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ယခုစီမံကိန်းကာလတွင်လည်း အခြားကုမ္ပဏီများနည်း တူပူးပေါင်းပါ၀င် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ - ကျေးရွာမှမေး။ စီမံကိန်းလုပ်ငန်း၏ ခန့်မှန်းလျာထားသက်တမ်းကို သိလိုပါသည်။
ကုမ္ပဏီမှဖြေ။ စီမံကိန်းအား သက်တမ်း(၇) နှစ်ခန့်တိုးမြှင့် ဆောင်ရွက်သွားရန်ရည် မှန်းထားပါသည်။ မြေအောက်လုပ်ငန်းများဖြစ်၍ အချိန်ယူဆောင်ရွက်ရခြင်း၊ ရွှေ သတ္တုကြောတွေ့ရှိမှုနှင့် အရှုံး/အမြတ် အခြေအနေပေါ်မူတည်၍ သက်တမ်းကာလ အတိုးအလျှော့ရှိနိုင်ပါသည်။ - ကျေးရွာမှမေး။ ဒေသတွင်း ရွှေသတ္တုတူးဖော်ရေး တစ်နိုင်တစ်ပိုင် လုပ်ငန်းများအား ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ။
ကုမ္ပဏီမှဖြေ။ ကုမ္ပဏီလုပ်ကွက်သည် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် အကျိုးတူ ဆောင်ရွက်ရခြင်းကြောင့် လုပ်ကွက်ဧရိယာ အတွင်းတစ်ပိုင်တစ်နိုင် လုပ်ငန်းများ တူးဖော်ခွင့်၊ ပေးနိုင်ခြင်း မရှိပါကြောင်းဖြေကြားခဲ့ပါသည်။ - ကျေးရွာမှမေး။ စီမံကိန်းပိတ်သိမ်းပြီးနောက် ဒေသအတွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအစီအစဉ်အား သိရှိလိုပါသည်။
ကုမ္ပဏီမှဖြေ။ စီမံကိန်းကာလပြီးဆုံးပြီးနောက် မိုင်းပိတ်သိမ်းခြင်း အစီအစဉ်နှင့် ပြန် လည်တည်ဆောက်ခြင်း အစီအစဉ်များအား ကြိုတင်ရေးဆွဲထားပြီး စီမံကိန်းကာလ အတွင်းမှာပင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားပါမည်။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီ အစဉ်တွင်လည်း ထည့်သွင်းရေးဆွဲတင်ပြထားပါသည်။
အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းမှ ရလာဒ်များ
ရတနာပြည့်ဖြိုးအောင်သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် အများပြည်သူနှင့် လည်းကောင်း၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့်လည်းကောင်း အစဉ်အမြဲထိတွေ့ဆက်ဆံ ဆွေးနွေးမှုများကြောင့် ဒေသခံကျေးရွာပြည်သူလူထု၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီသိရှိပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ စီမံကိန်းကာလ(၇)နှစ် အတွင်းတွင် လည်းကုမ္ပဏီအနေဖြင့် အများပြည်သူနှင့် ပြဿနာများဖြစ်ပွားခဲ့ခြင်းမရှိဘဲ အဆင်ပြေစွာဆက် ဆံဆောင်ရွက်နိုင်ခဲ့ပါသည်။
ရတနာပြည့်ဖြိုးအောင်သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် စီမံကိန်းဆက်လက်ဆောင်ရွက် ရန်အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီရင်ခံစာအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို စီမံကိန်း မန်နေဂျာ ဦးခင်မောင်အေး ဦးစီးသောအဖွဲ့ဖြင့် (၈.၃.၂၀၁၇)မှ(၁၂.၃.၂၀၁၇)ရက်အထိ ဆောင် ရွက်ခဲ့ရာလိုအပ် သောမေးမြန်းချက်၊ ပြောကြားချက်များအား ဒေသခံပြည်သူများအနေဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
ရွှေအသေးစား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ကာလအတွင်း အနီးပတ်ဝန်း ကျင်ကျေးရွာများရှိ ရပ်မိ/ရပ်ဖများ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် တူး ဖော်ခြင်းလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုလျော့နည်းပပျောက်ရေး ဆောင်ရွက် မည့်အစီအမံများ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှုများ စောင့်ကြပ်ကြည့်ရှု စစ်ဆေးမည့် အစီအစဉ်များအတွက် ဒေသခံပြည်သူများနှင့် စဉ် ဆက်မပြတ် တွေ့ဆုံဆွေးနွေးအကြံပြုခြင်း၊ တင်ပြချက်နှင့် လိုအပ်ချက်များ တိုင်ပင်ဆွေးနွေးမှုကို (၁)လတစ်ကြိမ် လုပ်ဆောင်လျှက်ရှိပါသည်။ ယင်းသို့တွေ့ဆုံ ဆွေးနွေးရာ၌ ဒေသခံပြည်သူများ၏ အများဆုံးတင်ပြဆွေးနွေးမှုမှာ အလုပ်အကိုင် အခွင့်အလမ်း များကူညီရန်၊ ရပ်ရွာ၏လိုအပ်သော ဘာသာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မိမိတို့ကုမ္ပဏီအနေဖြင့် တတ်နိုင်သမျှ တစ်တတ်တစ်အား ပူးပေါင်းကူညီဆောင်ရွက်ပေးရန် အကြံပြုဆွေးနွေးကြပါသည်။ ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးမှုမှတ်တမ်းဓါတ်ပုံများအား နောက်ဆက်တွဲ (ဃ-၂) ဖြင့်ဖော်ပြထားပါသည်။
ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီ အသေးစားရွှေလုပ်ကွက်အမှတ်(SGU-168)စီမံကိန်း လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ အကျိုးအတွက်လည်းကောင်း၊ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းခြင်းဆိုင်ရာများအတွက် တွေ့ဆုံဆွေးနွေးပွဲများဆောင်ရွက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ဝေထားသော ပညာပေးလက်ကမ်း စာစောင်များဖြစ် သည့် “ကမ္ဘာကြီးပူနွေးလာမှုအား ရပ်တန့်နိုင်ရန် သင်ကူညီဆောင်ရွက်လိုပါသလား ” “ စွမ်းအင်ချွေတာသုံးစွဲ၍ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် လိုပါသလား”တို့ကို ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ ပြည်သူလူထု၏ တွေ့ကြံုနေရသောဆန္ဒနှင့် အခက်အခဲများ သိရှိခွင့်ရရှိသဖြင့် (CSR)လုပ်ငန်းများ ပိုမိုဆောင်ရွက်ခွင့်ရရှိခြင်း၊ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများရှင်း လင်းပြောဆိုနိုင်ခြင်းစ သည့်အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။
ဒေသခံများ၏ မကျေလည်မှုများကို ဖြေရှင်းပေးမည့်အစီအစဉ်
စီမံကိန်းဆောင်ရွက်ရာ လုပ်ကွက်အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံများ၊ အခြား ဒေသမှ လက်လုပ်လက်စား လာရောက်နေထိုင်လုပ်ကိုင်သူများ စီမံကိန်းသက်ရောက်မှုများ ကြောင့်နစ်နာမှုများရှိလာပါက ပါ၀င်ပတ်သက်သော အဖွဲ့အစည်းများမှ အရေးပါသူများ၊ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ ကိုယ်စားလှယ်များပါ၀င်သော မကျေလည်မှုများကိုဖြေရှင်း ပေးမည့်ကော်မတီမှတစ်ဆင့် ၎င်းတို့ခံစားနေရသော မကျေနပ်မှုများကို တိုင်ကြားနိုင်ကြောင်း အသိပေးထားပါမည်။ သေးငယ်သောပြဿနာများကို ကော်မတီမှဖြေရှင်းပေးနိုင်ပြီး အခြားမကျေ နပ်သည့်ပြဿနာများကို သက်ဆိုင်သော ထိန်းကျောင်းကြပ်မတ်ပေးနိုင်သည့် အဖွဲ့အစည်းများမှ အကြီးအကဲများ၏ ဆုံးဖြတ်မှုကိုနာခံစေပါမည်။ ၎င်းအတိုင်း ကျေနပ်မှုမရှိပါက ဥပဒေကြောင်းအရ တရားရုံး၏ အဆုံးအဖြတ်ကို ရယူရန်ဖြစ်ပါသည်။ အောက်ဖော်ပြပါပုံအရ ရတနာပြည့်ဖြိုးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ မကျေလည်မှုများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြထားပါသည်။